fbpx

This is digital planet.

MeizuTech News

မြန်မာငွေ ၆သိန်း ၀န်းကျင်မှာ Snapdragon 855+ အသုံးပြုထားသော Meizu 16s Pro ကိုစတင်မိတ်ဆက်

Meizu အနေနဲ့ သူတို့ရဲ့ Flagship phone အသစ် Meizu 16s Pro ကို စတင်မိတ်ဆက်လိုက်ပါတယ်။ ပုံစံအရ May လတုန်းက ထွက်ရှိခဲ့တဲ့ Meizu 16s နဲ့ဆင်တူတယ်လို့ပြောရမှာပါ။ ဒါပေမယ့် Pro ဆိုတဲ့အတိုင်း အရင် Model ထက် specifications တွေမှာ သိသိသာသာကောင်းလာပါတယ်။ ပြီးတော့ အဲ့ဖုန်းဟာ Meizu မှာ ပထမဆုံး Triple rear cameras ကိုသုံးလာတဲ့ Flagship ဖုန်းဖြစ်ပါတယ်။

Meizu 16s Pro Green

Meizu 16s Pro Specifications and Features

Meizu 16s Pro ရဲ့ Side နှစ်ခုစလုံးမှာ Glass panels အသုံးပြုထားပြီ Body frame ကိုတော့ Metallic အမျိုးအစားကိုအသုံးပြုပေးထားပါတယ်။ Body အနေနဲ့ 7.65mm ထူပြီး အလေးချိန်ကတော့ 166 grams သာလေးပါတယ်။ Display ပိုင်းမှာတော့ 6.2-inch Super AMOLED display ကိုသုံးပေးထားပြီး ဘာ Notch မှမပါ၀င်လာဘဲ အပေါ်နဲ့အောက် bezels တွေက တော်‌တော်လေးပါးပေးထားပါတယ်။ အဲ့အတွက် Screen space ဟာ အံဩဖို့ကောင်းတဲ့ 91.53 percent အထိရှိလာပါတယ်။ Personal အရ Notch တွေ Hole တွေမုန်းတဲ့သူဆိုရင် Meizu 16s က ရွေးချယ်စရာဖြစ်နေမှာပါ။ Resolution ပိုင်းမှာတော့ 2232 x 1080 pixels ရှိတဲ့ HD+ resolution ကိုရရှိလာမှာပါ။ Display ရဲကအောက်မှာ Super mTouch in-screen fingerprint scanner ကိုထည့်ပေးထားပြီး Meizu 16s ထက် 25 percent responsive ပို‌ကောင်းလာမယ်လို့သိရပါတယ်။ အဲ့အပြင် Meizu 16s Pro ရဲ့ Display မှာ 96.1 percent DCI-P3 color gamut ၊ 103 percent NTSC color gamut ၊ 430nits brightness၊ 160Hz sampling rate နဲ့ DC dimming စတဲ့ Features တွေပါ၀င်ထားပါတယ်။

Performance အတွက် SoC ကို Snapdragon 855+ Chipset ကိုသုံးပေးထားပြီး 6 GB and 8 GB of LPDDR4X RAM နဲ့ 256 GB UFS 3.0 storage ကို Support လာမှာပါ။ Battery ပိုင်းမှာတော့ 3,600mAh battery ပါဝင်ထားပြီး 24W rapid charging ကို Support ထားပါတယ်။ Battery ပိုင်းမှာ အခြား Flagship တွေနဲ့ယှဥ်ရင်နည်းတယ်လို့ဆိုရမှာပါ။

Meizu 16s Pro ရဲ့ Triple camera setup မှာ Sony IMX586 48-megapixel primary lens with f/1.7 aperture and OIS ၊ Sony IMX350 20-megapixel telephoto lens with f/2.4 aperture နဲ့ 117-degree Sony IMX481 16-megapixel ultrawide lens with f/2.2 aperture ကိုသုံးပေးထားပါတယ်။ အကုန် Sony Sensor ကိုအသုံးပြုထားတာပါ။ ဒီဖုန်းမှာထူးခြားချက်က LED Flash ကို အခြားဖုန်းတွေမှာလို ကင်မရာ ပတ်၀န်းကျင်မှာ ထည့်ပေးတာမျိုးမဟုတ်ပဲ တတိယမြောက် Camera မှာ Ring ပုံစံ Frame နဲ့ထည့်ပေးထားတာပါ။ အမှတ်တမဲ့ကြည့်လိုက်ရင် LED Flash မပါသလိုမျိုးဖြစ်နေပြီး အမြင်အရ တစ်မျိုးဆန်းကျယ်နေပါတယ်။ Rear Cameras features တွေကတော့ Smart night scene ၊ Portrait mode ၊ Scene recognition ၊ HDR ၊ 4K Video shooting at 60fps နဲ့ 480p Slow-motion video shooting စတဲ့ Features တွေပါ၀င်ထားပါတယ်။ ဖုန်းရဲ့အပေါ်ဘက်သေးငယ်တဲ့ Bezel ထဲမှာ ပါ၀င်တဲ့ 20-megapixel selfie camera ကတော့ AI Beauty ကို Support ပေးထားပါတယ်။ Face recognition လည်းပါ၀င်ထားပါတယ်။

Meizu 16s Pro မှာ Android 9 Pie OS ကို run ပေးထားပြီး Users တွေအနေနဲ့ မကြာခင်မှာ Flyme 8 UI ကို ရရှိလာတော့မှာပါ။ ဖုန်းမှာ 2nd generation Dual super linear speaker နဲ့ mEngine 3.0 linear motor တို့ပါ၀င်ထားပါတယ်။ နောက်ထပ် Features တွေအနေနဲ့ Dual-SIM support ၊ 4G VoLTE ၊ Wi-Fi 802.11a ၊ Bluetooth 5.0 ၊ Dual-frequency GPS ၊ NFC တို့ပါ၀င်ထားပါတယ်။ Meizu 16s Pro ရဲ့ ဈေးနှုန်းကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

6 GB RAM + 128 GB storage – 2,699 Yuan (~$376) (မြန်မာငွေ ၆ သိန်း၀န်းကျင်)
8 GB RAM + 128 GB storage – 2,999 Yuan (~$418) (မြန်မာငွေ ၆ သိန်းခွဲ ၀န်းကျင်)
8 GB RAM + 256 GB storage – 3,299 Yuan (~$460) (မြန်မာငွေ ၇ သိန်း၀န်းကျင်)

အခု တရုတ်မှာ Pre Order တင်လို့ရနေပြီး အရောင်အနေနဲ့ကတော့ White, Mirror Black, Twilight Forest (Green) နဲ့ Dreamy Unicorn စတဲ့ အရောင်တွေကိုရရှိနိုင်မှာပါ။Aug 31 မှာ စပြီးဝယ်ယူလို့ရနိုင်ပြီး နိုင်ငံတကာမှရဖို့ကတော့ ဘာမှပြောထားခြင်းမရှိပါဘူး။

Ref: Gizmochina