fbpx

This is digital planet.

OPPOTech News

မြန်မာပြည်ကို ၀င်ရောက်မည့် OPPO Reno2 နှင့် Reno2 F တို့ရဲ့ First Impression

OPPO ဖုန်းတွေမှာ ချီးကျူးခံရတာ တစ်ခုရှိတယ် အဲ့ဒါက အလှအပအပိုင်းပါ။ Fancy ဆန်တဲ့ Design ပိုင်းတွေ သေသပ်မှုတွေ ထူးထူးခြားခြား မဟုတ်တဲ့ပုံစံနဲ့ Hardware အထားအသိုတွေက OPPO ရဲ့ Signature လို့ပြောရမှာပါ။ ဒီနှစ် မိတ်ဆက်ခဲ့တဲ့ OPPO Reno Model အသစ်ဆိုရင်လည်း Reviewer တွေကြားမှာ အလှအပဆိုင်ရာ နာမည်ကောင်းရခဲ့တာတွေရှိပါတယ်။ “Price is factor” လို့ နားလည်သွားတဲ့ Tim Cook လို ဆရာကြီးတောင် Strategy အသစ်နဲ့ iPhone 11 ကိုပွဲထုတ်ခဲ့သလို OPPO ကလည်း နောက်ပိုင်း သူရဲ့ Brand Position တွေ နည်းနည်းလေးရွေ့လာပါတယ်။

ဘယ်လို ရွေ့လာတာလဲဆိုရင် Realme လို Brand အခွဲလုပ်ပြီး P2P နေရာတစ်ခုအတွက် ဖြန့်ကျက်နေသလို OPPO လို Brand မှာလဲ အရင် Fancy ဆန်တဲ့ ထုတ်လုပ်မှုထက် ပို Improve ဖြစ်တဲ့ဘက်ကို ထုတ်လုပ်လာပါတယ်။ ‌အဲ့အပြင် ကြော်ငြာတွေမှာလည်း လှပကြောင်း ဘာညာထက် Performance ဘက်ကို ဦးစားပေးလာပါတယ်။ အရိုးသားဆုံးပြောရင်တော့ စာဖတ်သူတို့ မျှော်လင့်နေတဲ့ P2P ကို အများဆုံး ထုတ်လုပ်တဲ့ Brand တစ်ခုအဆင့်ထိတော့ မရောက်သေးပါဘူး။

ဒီနေ့မှာဆိုရင် Brand Position ကို တစ်ဖြည်းဖြည်း ရွေ့လာတဲ့ OPPO က ၎င်းတို့ရဲ့ Reno Series အသစ်ဖြစ်တဲ့ Reno2, Reno2 F နဲ့ Reno2 Z တို့ကို UK မှာ မိတ်ဆက်လိုက်ပါပြီ။ မိတ်မဆက်ခင် သီတင်းကျွတ် ကာလမတိုင်ခင်ကတည်းက OPPO Reno2 နဲ့ Reno2 F တို့ကို ခဏစမ်းသုံးခွင့်ရတဲ့ အတွက် Hands-on First Impression လေး လုပ်ပေးထားပါတယ်။

Design & Build Quality

First Generation ဖြစ်တဲ့ Reno မှာ ဒီဇိုင်းပိုင်းအရ Symmetrical အချိုး လှပမှုတွေကို Reno2 Series မှာလည်း ဆက်လက်ထိန်းသိမ်းထားတယ်လို့ ပြောရမှာပါ။ Design ပိုင်းမှာဆိုရင် အရင် Reno နဲ့လည်း အတော်လေး ဆင်တယ်လို့ ပြောလို့ရတယ်။ အဝေးကနေကျောဘက် Camera တွေကို မရေတွက်ကြည့်ပဲ ကြည့်မယ်ဆိုရင် Design ပိုင်းဆိုင်ရာမှာ ရောကောင်းရောနိုင်ပါတယ်။ Build Quality ပိုင်းမှာဆိုရင်လည်း Reno2 က ပိုကောင်းတဲ့ Quality ကို သုံးထားပါတယ်။ ကျောဘက် Gorilla Glass 5 နဲ့ ရှေ့ဘက် Gorilla Glass 6 တို့ကို Aluminum Frame နဲ့ ညက်ပြီးသုံးထားတာပါ။ Reno2 F ကတော့ ရှေ့ကော နောက်ပါ Gorilla Glass 5 ကို သုံးထားတာပါ။ အလေးချိန်ပိုင်းမှာဆိုရင် Reno2 F က နည်းနည်းလေး ပိုလေးတယ်လို့ ပြောရမယ်။ မြန်မာပြည်ကို သွင်းတဲ့ အရောင်တွေကတော့ Reno2 က Ocean Blue နဲ့ Luminous Black ၂ ရောင် ရွေးချယ်ခွင့်ရှိပြီး Reno2 F မှာတော့ Sky White နဲ့ Lake Green တို့ဆိုပြီး ၂ ရောင် ရွေးချယ်နိုင်ပါတယ်။

နောက်တစ်ခုက Selfie Camera Setup ပါ Reno2 က အရင် Reno တွေလို ပြိုင်ကားအထာ တံခါးပွင့်သလို ပုံစံမျိုး နဲ့ တစ်ဖက်စောင်းလေး ထွက်လာတာမျိုးပါ။ Reno2 F ကတော့ ရိုးရိုး Pop-up အထာမျိုးပဲ ဖြစ်ပါတယ်။ Pop-up Design တွေနဲ့အတူပြောင်း Flash ထားတဲ့နေရာလည်း ပြောင်းသွားပါတယ်။ အထူးသဖြင့် Reno2 မှာ အရင် Reno တွေလို Pop-up Camera bump နဲ့အတူ body အောက်မှာ မြှပ်ထားတာမျိုးမဟုတ်ပဲ ကျောဘက်မှာ Vertical camera setup နဲ့အတူ ဘေးမှာထားပေးထားတာ ဖြစ်ပါတယ်။ ကိုင်ရတဲ့ Feeling ကတော့ Upper Mid-range ထဲမှာ ကိုင်လို့ကောင်းတဲ့ ဖုန်းလို့ပြောရမှာပါ။ ရှေ့ဘက်မျက်နှာပြင်ကို ကျောဘက် Body က ကွေးသွားတဲ့အတွက် လက်ထဲကိုင်ရတာ ခုံးနေတဲ့အနေအထားလေးကို ခံစားရပါတယ်။

Display

Panel ကို AMOLED အမျိုးအစားကိုသုံးပေးထားပြီး Display အကျယ်ကတော့ ဖုန်း ၂ ခုစလုံး 6.5 inches ပဲဖြစ်ပါတယ်။ Resolution ကတော့ Full HD resolution ပဲဖြစ်ပါတယ်။ အခုလောလောဆယ် ကြည့်ရသလောက် Reno 2 ရဲ့ Color Boosting ပိုင်းမှာတော့ နည်းနည်းပိုသာတာကို တွေ့ရပါတယ်။ Display နဲ့ ပက်သက်တဲ့ Feature တွေဖြစ်တဲ့ AOD လို feature တွေတော့ ပါ၀င်လာခြင်းမရှိပါဘူး။

Camera

Lens Setup ပိုင်းမှာ နည်းနည်း Reno2 နဲ့ 2 F မှာ ကွာခြားတယ်။ အလွယ်လေးပြောရရင် Reno2 F က ၀ိတ်လျော့ထားတဲ့ ဖုန်းပေါ့ဗျာ။ Main Lens ကို 48MP f/1.7 (Sony Sensor) ကိုသုံးထားပြီး Reno2 အတွက် OIS ပါ၀င်ပါတယ် Reno2 F အတွက်တော့ EIS နဲ့ပဲ အလုပ်လုပ်မှာပါ။ Ultrawide အတွက် 8MP f/2.2 ကို အသုံးပြုပေးထားပါတယ်။ ပြီးတော့ 2MP B/W (Monochrome) Sensor ထည့်ပေးထားပါတယ်။ ဒီနေရာမှာ Reno2 နဲ့ Reno2 F ဆင်တူမှုက ကုန်ပါပြီ။ ပြီးတော့ Telephoto Lens က Reno2 မှာပဲ ပါ၀င်လာပါတယ်။ Reno2 F မှာတော့ 2MP Depth Sensor ပဲပါ၀င်ပါတော့တယ်။ အရှင်းဆုံးပြောရရင် ဖုန်း ၂ လုံးစလုံး Camera ၄ လုံးစီပါ၀င်တယ်။ Reno2 မှာက Main Lens, Ultra Wide, Tele နဲ့ Mono Lens ဆိုပြီး တပ်ဆင်ထားတယ်။ Reno2 F မှာတော့ Main Lens, Ultra Wide, Mono နဲ့ Depth Sensor ဆိုပြီး တပ်ဆင်ထားတာဖြစ်ပါတယ်။

ပြောမယ့်ပြောသာ Reno2 F မှာတပ်ဆင်ထားတဲ့ Camera Setup က အရင် Reno ထက်တော့ သာပါသေးတယ်။ Hands-on Impression ဖြစ်တဲ့အတွက် Camera Quality တွေတော့ မစမ်းသပ်ရသေးပါဘူး။ Camera features ပိုင်းမှာတော့ Reno2 မှာ 5x Hybrid Zoom နဲ့ 20x Digital Zoom ဆိုပြီးပါ၀င်ပါတယ်။ Zooming အလုပ်လုပ်ပုံက Reno 10x လိုတော့ Periscope Lens နဲ့မဟုတ်ပါဘူး တပ်ဆင်ထားတဲ့ Lens တွေကို Software အကူညီနဲ့ အလုပ်လုပ်တာဖြစ်ပါတယ်။ Selfie ပိုင်းမှာ Motorized Pop-up နဲ့ 16MP စီထည့်သွင်းပေးထားပါတယ်။

Hardware

Reno2 မှာ SoC ကို Snapdragon 730G (Upper Mid-range) အမျိုးအစားကို သုံးပေးထားပြီး Reno2 F မှာတော့ MTK ရဲ့ Helio P70 အမျိုးအစားကို တပ်ဆင်ပေးထားပါတယ်။ RAM အနေနဲ့ကတော့  8GB အနည်းဆုံးပါ၀င်ပြီး Storage ပိုင်းမှာတော့ Reno2 မှာက ရွေးချယ်စရာ ၂ မျိုးရှိပါတယ်။ 128GB နဲ့ 256GB တို့ပဲ ဖြစ်ပါတယ်။ Reno2 F မှာတော့ 128GB တစ်မျိုးပဲရရှိမှာပါ။

Performance ကိုတော့ကို SD 730G ထက် Helio P70 ကို ပိုပြီးစမ်းသပ်ချင်မိတယ်။ အချိန်မရတာနဲ့မို သေချာမလုပ်ဖြစ်ခဲ့ဘူး။ Demo အလုံးဖြစ်နေတာမို့ Final Pass အလုံးရတဲ့အခါ သေချာစမ်းကြည့်ပါ့မယ်။ Mid-Range ဖုန်း အမျိုးအစားတွေ ဖြစ်တဲ့အတွက် Mid-Range Specs ကတော့ ပြည့်စုံစွာပါနေပါတယ်။ Reno 10x လိုတော့ flagship SoC တပ်ဆင်ထားတဲ့ Model မျိုးတော့ Reno2 Series မှာ မပါ၀င်လာပါဘူး။

Battery

Battery ပိုင်းမှာတော့ Reno2 ကော Reno2 F ကော 4000mAh စီပါတပ်ဆင်ထားပြီး 20W COOC flash charge 3.0 လည်းပါ၀င်ပါသေးတယ်။

Software

Software ပိုင်းမှာတော့ Android 9 ကို ColorOS 6.1 နဲ့မောင်းနှင်ပေးထားပါတယ်။ Android 10 ကို Upgrade လုပ်လို့ရမရကတော့ ပြောလို့မရသေးပါဘူး။

လောလောဆယ်ကျွန်တော်တို့ အသုံးပြုခဲ့တဲ့ အလုံးတွေက Testing Unit တွေဖြစ်လို အတိအကျကြီးတော့ လိုက်ထောက်လို့ မရသေးဘူး။ ဒီလ ၂၄ မှာတော့ ရန်ကုန်မှာ မိတ်ဆက်ဖို့ရှိတယ်။ အဲ့နောက်ပိုင်း Final Unit တွေထွက်တော့မှ Review လုပ်ဖို့အဆင်ပြေမှာဖြစ်ပါတယ်။