fbpx

This is digital planet.

Tech NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

Vivo ရဲ့ Product manager ဖြစ်တဲ့ Li Xiang ကတော့မိတ်မဆက်ရသေးတဲ့ vivo NEX 3 flagship smartphone ကို Tease လုပ်နေပါတယ်။ သေးလွန်းတဲ့ Bezels တွေနဲ့ အလွန်းခုံးတဲ့”waterfall screen” ကိုသုံးလာမယ်လို့ မကြာသေးခင်က Weibo မှာ ပုံတင်ပြီး အတည်ပြုခဲ့ပါသေးတယ်။ ပြီးတော့ ရိုးရာမပျက် အားလုံးကြိုက်ကြတဲ့ 3.5mm audio jack ကောပါဝင်လာမှာပါ။ ဖုန်းရဲ့ Design နဲ့ ပတ်သတ်တဲ့ ပုံကြမ်းတွေကော Shared ခဲ့ပါသေးတယ်။

အခု 5G ပါဝင်လာမယ့်အကြောင်းကို Screenshot ရိုက်ပြီး Shared ထားပါတယ်။ ဖုန်းအပေါ် ဘယ်ဘက်နဲ့ညာဘက်ထောင့်မှာ 5G က ထင်းနေတာကိုတွေ့ရမှာပါ။ Chipset မှာတော့ Snapdragon 855+ ကိုသုံးလာဖို့ရှိနေပါတယ်။ Nex 3 နဲ့ပက်သက်ပြီး တစ်ခုပြီးတစ်ခု ထုတ်ထုတ်ကြွားနေတဲ့ vivo ကတရားဝင်မိတ်ဆက်ဖို့အချိန်သိပ်မလိုတော့ဘူးထင်ပါတယ်။

Ref: GSMARENA