fbpx

This is digital planet.

AppleTech News

မကြာခင် ထွက်ရှိတော့မဲ့ iPhone XXX အသစ်

မနှစ်က မိတ်ဆက်ခဲ့တဲ့ iPhone XS နဲ့ XR တို့ ထင်သလောက် ရောင်းအားမကောင်းတာကြောင့် Apple အနေနဲ့ နောက်ထပ် မျိုးဆက်သစ် စမတ်ဖုန်းတစ်ခုကိုထုတ်လုပ်ဖို့ကြံစည်နေတာပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ အဆိုပါ စမတ်ဖုန်းရဲ့ အကြောင်းအရာတစ်ချို့ဟာ Leak ဖြစ်လို့လာခဲ့ပါတယ်။ Apple အနေနဲ့ သူတို့ရဲ့ iPhone တွေဟာ တရုတ်ဖုန်းတွေကြောင့် ထင်သလောက်ရောင်းအားမရှိခဲ့တဲ့အတွက် ဒေဝါလီခံရမဲ့အရေးနဲ့ရင်ဆိုင်နေတာဖြစ်တာပဲဖြစ်ပါတယ်။

ဒါကြောင့် Apple ဟာ ဒေဝါလီခံရမဲ့အရေးမှာ လွတ်မြောက်ဖို့အတွက် သူတို့မှာရှိသမျှ စွမ်းအင်အကုန်သုံးပြီး နောက်ဆုံးမျိုးဆက် iPhone ကိုထုတ်လုပ်တော့မှာပဲဖြစ်ပါတယ်။ အဆိုပါ iPhone ရဲ့နာမည်ကိုတော့ iPhone XXX လို့အမည်ပေးထားပြီး နာမည်ကြီး Vin Diesel ရဲ့ XXX ရုပ်ရှင်မှာ Prototype အလုံးကို ထည့်သွင်းအသုံးပြုဖူးပါတယ်။ ယနေ့ Geekbench ပေါ်ရောက်ရှိခဲ့တဲ့ အဆိုပါ iPhone XXX ရဲ့ Spec တွေတော့ ဖော်ပြပေးလိုက်ရပါတယ်။

Image result for vin diesel iphone

Apple ရဲ့ iPhone XXX မှာတော့ 6.5-inch Infinity glass display ကိုသုံးထားပြီး 8K Ultra HD 7680 x 4320 resolution နဲ့ထောက်ပံ့ပေးထားပါတယ်။ အလွန်လွန် ကြည်လင်တဲ့ အဆိုပါ 8K Display ကိုဒီတိုင်းအသုံးပြုမိပါက မျက်စိထိခိုက်နိုင်ခြေရှိတဲ့ အတွက် Google နဲ့ပူးပေါင်းပြီး Google Glass ကိုလည်း box အတွင်းမှာထည့်သွင်းပေးထားမှာဖြစ်ပါတယ်။ အဆိုပါ display ရဲ့ထူးခြားချက်ကတော့ ဖုန်းတစ်လုံးအပြင် မှန်တချက်လို့ပါ အသုံးပြုနိုင်မယ်လို့သိရပါရပြီး သင်အနေနဲ့ရုပ်ဆိုးသူတဉ်ီးဖြစ်နေပါက မှန်အတွင်းမှာတော့ လုံးဝ ချောမောတဲ့မော်ဒယ်တယောက်ဖြစ်အောင်ပြသပေးပြီး Motivation ပေးသွားမှာလည်းဖြစ်ပါတယ်။ processor ပိုင်းအနေနဲ့ Qualcomm ရဲ့ Snapdragon 9999 နဲ့အတူ Bionic A9990 ကိုပေါင်းစပ်အသုံးပြုထားမှာဖြစ်ပြီး RAM အနေနဲ့ DDR80 89GB + 1240TB ကို Standard version တစ်ခုအနေနဲ့ထွက်ရှိမှာဖြစ်ပါတယ်။

Image result for iphone xx

ကင်မရာပိုင်းကိုတော့ ကျောဘက်မှာ Sony ရဲ့ IMM 001 sensor အသစ်ကင်မရာ တစ်လုံးကိုပဲ Apple ရဲ့ကိုယ်ပိုင် camera 360 နဲ့ပေါင်းစပ်ထည့်သွင်းပေးထားမှာဖြစ်ပြီး Day Mode/Night Mode သာမက Morning Day Mode, Afternoon Day Mode, Evening Day Mode, Midnight Mode, Early Morning Mode တို့ကိုပါ စုံစုံလင်လင်ထည့်သွင်းပေးမှာဖြစ်ပါတယ်။ AI စနစ်လည်းပါဝင်မယ်လို့သိရပါတယ်။ ရှေ့ဘက်ကင်မရာကတော့ ကမ္ဘာမှာ ကိုရီးယားသွားပြီး ပလာစတစ်ဆာဂျရီ လုပ်စရာမလိုလောက်အောင်ကိုပြီးပြည်စုံအောင်ပြုလုပ်ပေးမဲ့ Effects တွေပါဝင်ပြီး ယောင်္ကျားလေးဆို David Beckham နဲ့တူအောင် မိန်းကလေးဆို Golden Ratio အတိရုပ်လေးဖြစ်တဲ့ Aquaman မင်းသမီး Ember လေးနဲ့တူအောင်ဖန်တီးပေးသွားမှာဖြစ်ပါတယ်။

Related image

Apple ရဲ့ နောက်ဆုံးထွက်ရှိမဲ့ iPhone XXX မှာတော့ Andriod Apple OS 999 ကိုအခြေပြု IOS 108 ကိုအသုံးပြုထားမှာဖြစ်ပြီး ဘက်ထရီအနေနဲ့ 100 lithium-ion ကို 1W fast-charging စနစ်နဲ့ထောက်ပံ့ပေးထားမှာဖြစ်ပြီး OPPO ရဲ့ဆောင်ပုဒ်အတိုင်း ၁ မိနစ်သုံး နှစ် ၁၀၀ အားသွင်းပဲဖြစ်ပါတယ်။ Connectivity Option အဖြစ် 20G ကွန်ရက်အသုံးပြုဖို့တဲ့ LEC+ ပါဝင်ပြီး Universe အတွင်းက ဘယ်ဂြိုလ်သားကိုမဆို ဆက်သွယ်နိုင်မှာပဲဖြစ်ပါတယ်။ ဒါအပြင် Galaxy အတွင်းမှာရှိတဲ့ ဆက်သွယ်ရေး Device ယာဉ်အားလုံး နဲ့ချိတ်ဆက်အသုံးပြုနိုင်တဲ့ WiFi စနစ်ကိုလည်းထည့်သွင်းပေးထားပါတယ်။ Special feature တွေအဖြစ် ဖုန်းထဲကတော့ ပါးလှန်ရိုက်လို့ ရတဲ့ feature အပြင် RS တွေအတွက် ဟိုတယ်သွားစရာမလို့ပဲ ဖုန်းထဲကနေ ကိစ္စပြီးနိုင်တဲ့ feature တွေပါ စုံစုံလင်လင်ထည့်သွင်းပေးထားပါတယ်။

Image result for apple apirl fool

ဈေးနှုန်းအနေနဲ့ ဘယ်သူမှ မဝယ်နိုင်တဲ့ မြန်မာငွေ ၁ ကျပ်နဲ့ရောင်းချမှာဖြစ်ပြီး မြန်မာပြည်ကိုလည်း ဝင်ရောက်ပြီးရောင်းချမယ်လို့သိရပါတယ်။ ယခုလ April 31 မှစတင်၍ Pre-order ပြုလုပ်နိုင်ပြီးဖြစ်ပါတယ်။ မြန်မာပြည်မှ အစောဆုံး Pre-order ပြုလုပ်သူတွေကို ပရီမီယံ နေခြည် Viber ကိုအခမဲ့ ထည့်သွင်းပေးသွားမှာဖြစ်ပြီး မိတ်ဆက်ပွဲကိုတော့ ဒါရိုက်တာဝိုင်းရဲ့ နေအိမ်မှာပြုလုပ်မှာဖြစ်ကာ အထူး ဧည်သည်တွေအဖြစ် ဖြူဖြူထွေး, ခြမ့်ကေကို (ဘနားနား) နဲ့ ကျော်ကျော်နဒ္ဒ, စည်သူပလက်ကျွတ် စတဲ့ နာမည်ကြီး Celebrity တွေနဲ့ကျင်းပသွားမှာဖြစ်ပါတယ်။