fbpx

This is digital planet.

OPPOTech News

မကြာခင်ထွက်ရှိလာတော့မဲ့ OPPO A7

ပြီးခဲ့တဲ့ စက်တင်ဘာ လ တုန်းက OPPO အနေနဲ့ Helio P60 chipset အသုံးပြုထားတဲ့ OPPO A7X ကိုတရုတ်မှာမိတ်ဆက်ပေးခဲ့ပြီး ယခုအချိန်မှာတော့ Snapdragon 450 chipset ကိုအသုံးပြုထားတဲ့ OPPO A7 စမတ်ဖုန်း ထွက်ရှိလာတော့မှာဖြစ်ပါတယ်.အဆိုပါ OPPO A7 မှာတော့ water-drop notch display နဲ့ ကြီးမားတဲ့ ဘက်ထရီ တို့ကိုလည်းထည့်သွင်းပေးထားပါတယ်.

OPPO A7 Specifications and Features

OPPO A7 ရဲ့ကျောဘက်ကတော့ တောင်ပြောင်တဲ့ချောမွတ်တဲ့အသွင်အပြင်ရှိပြီး တိုင်းတာချက်အရ 155.9 x 75.4 x 8.1 mm ရှိကာ အလေးချိန် 168 g ရှိပါတယ်.OPPO A7 မှာတော့ 6.2-inch IPS LCD notch screen ပါဝင်ကာ screen space ကို 88.3% အထိနေရာယူထားပါတယ်.အဆိုပါ ကြီးမားတဲ့ မျက်နာပြင်ကို အလင်းရောင်ပြန်ကာကွယ်ဖို့ နဲ့ Corning Gorilla Glass နဲ့လည်း ကာကွယ်ပေးထားပါတယ်.

Processor ပိုင်းကိုတော့ 1.8 GHz ရှိတဲ့ Snapdragon 450 SoC ကိုအသုံးပြုထားပြီး ဒီ mid-range စမတ်ဖုန်းတွေကြားမှာတော့ အနည်းငယ်နိမ့်တယ်လို့တော့ပြောလို့ရပါတယ်.RAM 4GB ပါဝင်ပြီး storage 64GB ပါဝင်ကာ microSD card ကိုလည်းထောက်ပံ့ပေးထားပါသေးတယ်.ဒီ OPPO A7 ကိုတော့ အခြား အမျိုးအစားအဖြစ် 3GB RAM + 32 GB storage လည်းထွက်ရှိမှာဖြစ်ပါတယ်.

ကင်မရာပိုင်းကိုတော့ OPPO A7 ရဲ့ကျောဘက်မှာ 13-megapixel + 2-megapixel dual camera setup ပါဝင်ပြီး AI beauty techology ပါဝင်တာကြောင့် bokeh effect နဲ့အတူ studio-quality ရှိတဲ့ portrait shots တွေကိုလည်းရိုက်ကူးနိုင်ပါတယ်.multi-frame image stabilization technology ကိုလည်းထောက်ပံ့ပေးထားကာ HDR mode ပါဝင်တဲ့ 16-megapixel ရှေ့ကင်မရာကိုလည်း ဖုန်းရဲ့အရှေ့ဘက် water-drop notch ထဲမှာထည့်သွင်းပေးထားပြီး AR stickers တွေကိုလည်း ထောက်ပံ့ပေးထားပါတယ်.

OPPO ဖုန်းတွေအတိုင်း ColorOS ကိုအသုံးပြုထားပြီး Andriod 8.1 Oreo ကိုအခြေပြုထားတဲ့ ColorOS 5.2 ကိုဖုန်းမှာ အသုံးပြုထားပါတယ်.ဖုန်းရဲ့ အားသာချက်တစ်ခုဖြစ်တဲ့ ကြီးမားတဲ့ ဘက်ထရီ ပမာဏ 4230 mAh ပါဝင်ပြီး Al battery management ပါဝင်တဲ့အတွက် ဖုန်းရဲ့ဘက်ထရီ စွမ်းဆောင်ရည်ကိုကောင်းမွန်အောင်လည်းပြုလုပ်ပေးထားပါတယ်.အခြားလုပ်ဆောင်ချက်တွေအနေနဲ့ OPPO A7 မှာ 4G VoLTE , dual SIM cards support , Bluetooth 4.2 , Wi-Fi 802.11 b/g/n , USB OTG , microUSB 2.0 , GPS နဲ့ 3.5mm နားကြပ်ပေါက် စတာတွေလည်းပါဝင်ပါတယ်.

Oppo A7 Price and Release Date

OPPO A7 ရဲ့ဈေးနှုန်းကိုတော့ မြန်မာငွေ ၂၉၉၉၀၀ နဲ့မကြာခင်မှာစတင်ရောင်းချတော့မှာဖြစ်ပါတယ်.ရွေးချယ်နိုင်စရာအရောင်တွေအနေနဲ့ Glaze Blue နဲ့ Glaring Gold အရောင်ဒီဇိုင်းတွေနဲ့ရရှိနိုင်မယ်လို့လည်းသိရပါတယ်.

 

Photos from OPPO.

“Observe Here. Trust Yourself”