fbpx

This is digital planet.

MeizuTech News

လာမဲ့ ၂၃ ရက္ေန႕မွာ Meizu 16s နဲ႕အတူ Meizu 16T Gaming phone ကိုပါမိတ္ဆက္ေပးဖြယ္ရွိ

(Zawgyi)

လာမဲ့ ၂၃ ရက္ေန႕မွာေတာ့ Meizu အေနနဲ႔ Meizu 16s အျပင္ Meizu 16s Plus နဲ႕ Meizu 16T တို႕ကို မိတ္ဆက္ေပးမယ္လို႕စီစဥ္ထားတာျဖစ္ပါတယ္။ သို႕ေသာ္လည္း အေၾကာင္းအမ်ဳိးမ်ဴိးေၾကာင့္ Meizu 16s Plus ကိုမ္ိတ္ဆက္မွာမဟုတ္ေတာ့ဘူးလို႕လည္းသိရပါတယ္။ ဒါအျပင္ Meizu 16T ကိုမိတ္ဆက္မလားဆိုတာကိုလည္း ေသခ်ာမသိရေသးပါဘူး။ သို႕ေသာ္လည္း မိတ္ဆက္မယ္ဆိုတာ မေသခ်ာေသးေပးမဲ့ Meizu 16T ရဲ႕ပံုစံ ပံုရိပ္မ်ားထြက္ေပၚလာလ်က္ရွိပါတယ္။

Meizu 16T

Meizu 16s မွာေတာ့ ေက်ာဘက္ ကင္မရာ ၂ လံုးအျပင္ extra sensor တစ္ခုကိုပါထည့္သြင္းေပးထားတဲ့အတြက္ Triple design setup နဲ႕ပြဲထြက္လာတာျဖစ္ပါတယ္။ ပံုမွာျမင္ရခ်က္အရ ပံုမွန္ LED flash ပါဝင္လာျခင္းမရွိတဲ့အတြက္ Camera ရဲ႕အတြင္းပိုင္းမွာ Flash ကိုထည့္သြင္းေပးထားမယ္လို႕ထင္ရပါတယ္။

ဒါအျပင္ေက်ာဘက္မွာလည္း Fingerprint scanner မပါၿင္လာတဲ့ပံုေထာက္ရင္ In-display fingerprint scanner ကိုသံုးထားတာပါ။ ပံုရဲ႕အေရွ႕ကိုၾကည့္ရသေလာက္ကေတာ့ Meizu 16s မွာရွိတဲ့ ပါးလႊာတဲ့ေဘာင္မ်ဳိးေတြရွိၿပီး၊ Notch လည္းမပါဝင္ပါဘူး။

Meizu 16T

Meizu 16T ဟာ Gaming phone တစ္ခုလို႕သာသိရၿပီး ပါဝင္တဲ့ spec ေတြကိုမသိရေသးပါဘူး။ ဖုန္းရဲ႕ဒီဇိုင္းဟာ အျခား Gaming phone ေတြနဲ႔ယွဥ္ရင္ အလြန္႐ိုးရွင္းတဲ့ ဒီဇိုင္းပံုစံ နဲ႕ပါ သို႕ေသာ္လည္း ဒီဖုန္းမွာေတာ့ Gaming နဲ႔ပက္သက္တဲ့ Feature ဒါမွမဟုတ္ Controller တို႕လို႕ Accessories တခ်ိဳ႕ကိုလည္းထည့္သြင္းေပးထားဖြယ္ရွိေနပါတယ္။

Meizu 16T ကိုေတာ့ Snapdragon 855 processor အျပင္ AMOLED display နဲ႕ Andriod 9 Pie ကိုသံုးထားမွာျဖစ္တယ္လို႕သိရပါတယ္။ ႀကီးမားတဲ့ ပမာဏရွိတဲ့ ဘက္ထရီလည္းပါဝင္လာမယ္လို႕သိရၿပီး Meizu အေနနဲ႕ လာမဲ့ April 23 ရက္ေန႕မွာ Meizu 16s နဲ႕အတူ Meizu 16T ပါတစ္ခါတည္းမိတ္ဆက္ေပးမယ္လို႕ေမွ်ာ္လင့္ရပါတယ္။

(Unicode)

လာမဲ့ ၂၃ ရက်နေ့မှာ Meizu 16s နဲ့အတူ Meizu 16T Gaming phone ကိုပါမိတ်ဆက်ပေးဖွယ်ရှိ

လာမဲ့ ၂၃ ရက်နေ့မှာတော့ Meizu အနေနဲ့ Meizu 16s အပြင် Meizu 16s Plus နဲ့ Meizu 16T တို့ကို မိတ်ဆက်ပေးမယ်လို့စီစဉ်ထားတာဖြစ်ပါတယ်။ သို့သော်လည်း အကြောင်းအမျိုးမျိူးကြောင့် Meizu 16s Plus ကိုမိတ်ဆက်မှာမဟုတ်တော့ဘူးလို့လည်းသိရပါတယ်။ ဒါအပြင် Meizu 16T ကိုမိတ်ဆက်မလားဆိုတာကိုလည်း သေချာမသိရသေးပါဘူး။ သို့သော်လည်း မိတ်ဆက်မယ်ဆိုတာ မသေချာသေးပေးမဲ့ Meizu 16T ရဲ့ပုံစံ ပုံရိပ်များထွက်ပေါ်လာလျက်ရှိပါတယ်။

Meizu 16T

Meizu 16s မှာတော့ ကျောဘက် ကင်မရာ ၂ လုံးအပြင် extra sensor တစ်ခုကိုပါထည့်သွင်းပေးထားတဲ့အတွက် Triple design setup နဲ့ပွဲထွက်လာတာဖြစ်ပါတယ်။ ပုံမှာမြင်ရချက်အရ ပုံမှန် LED flash ပါဝင်လာခြင်းမရှိတဲ့အတွက် Camera ရဲ့အတွင်းပိုင်းမှာ Flash ကိုထည့်သွင်းပေးထားမယ်လို့ထင်ရပါတယ်။

ဒါအပြင်ကျောဘက်မှာလည်း Fingerprint scanner မပါြင်လာတဲ့ပုံထောက်ရင် In-display fingerprint scanner ကိုသုံးထားတာပါ။ ပုံရဲ့အရှေ့ကိုကြည့်ရသလောက်ကတော့ Meizu 16s မှာရှိတဲ့ ပါးလွှာတဲ့ဘောင်မျိုးတွေရှိပြီး၊ Notch လည်းမပါဝင်ပါဘူး။

Meizu 16T

Meizu 16T ဟာ Gaming phone တစ်ခုလို့သာသိရပြီး ပါဝင်တဲ့ spec တွေကိုမသိရသေးပါဘူး။ ဖုန်းရဲ့ဒီဇိုင်းဟာ အခြား Gaming phone တွေနဲ့ယှဉ်ရင် အလွန်ရိုးရှင်းတဲ့ ဒီဇိုင်းပုံစံ နဲ့ပါ သို့သော်လည်း ဒီဖုန်းမှာတော့ Gaming နဲ့ပက်သက်တဲ့ Feature ဒါမှမဟုတ် Controller တို့လို့ Accessories တချို့ကိုလည်းထည့်သွင်းပေးထားဖွယ်ရှိနေပါတယ်။

Meizu 16T ကိုတော့ Snapdragon 855 processor အပြင် AMOLED display နဲ့ Andriod 9 Pie ကိုသုံးထားမှာဖြစ်တယ်လို့သိရပါတယ်။ ကြီးမားတဲ့ ပမာဏရှိတဲ့ ဘက်ထရီလည်းပါဝင်လာမယ်လို့သိရပြီး Meizu အနေနဲ့ လာမဲ့ April 23 ရက်နေ့မှာ Meizu 16s နဲ့အတူ Meizu 16T ပါတစ်ခါတည်းမိတ်ဆက်ပေးမယ်လို့မျှော်လင့်ရပါတယ်။

Ref: Gizmochina