fbpx

This is digital planet.

Tech NewsXiaomi

လာမဲ့ April မှာ Black Shark 2 ကိုမြင်တွေ့နိုင်ဖွယ်ရှိ

ပြီးခဲ့တဲ့အပတ်က Xiaomi ရဲ့ Gaming Phone ဖြစ်တဲ့ Black Shark 2 ကတော့ 3C Authority ရဲ့ထောက်ခံချက်ကိုရရှိခဲ့ပါတယ်။ ဒါအပြင် Black Shark CEO Wu Shinmin အနေနဲ့အခုအပတ်အစောပိုင်းမှာ Liquid Cool 3.0 technology ပါဝင်တဲ့ Black Shark 2 ကိုမကြာခင်မိတ်ဆက်ပေးတော့မယ်လို့အတည်ပြုပေးခဲ့ပါတယ်။ Geekbench မှာတော့ Black Shark AAA ဆိုတဲ့ဖုန်းတွေကိုတွေ့ရပြီး အဓိက Spec တွေကိုလည်းဖော်ပြထားပါတယ်။

Geekbench မှာဖော်ပြထားတဲ့ Black Shark 2 မှာတော့ Qualcomm ရဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး Snapdragon 855 ကိုသုံးလာမယ်လို့သိရပြီး RAM 12GB လဲတွဲဖက်ပါဝင်မယ်လို့သိရပါတယ်။ Andriod 9 Pie ကိုထည့်သွင်းထားပြီး Geekbench ရဲ့ Benchmarking tests မှာတော့ Single Core scoresအနေနဲ့ 3516 points ရရှိခဲ့ပြီး Multi-core scores အနေနဲ့ 11413 scores ရရှိခဲ့ပါတယ်။

Black Shark 2 Geekbench

Xiaomi Black Shark 2 အနေနဲ့ 8GB RAM နဲ့ 12GB RAM ဆိုပြီး ၂ မျိုးထွက်ရှိလာနိုင်ပြီး Storage ပိုင်းကိုတော့ 128GB နဲ့ 256GB ဆိုပြီးလည်းထွက်ရှိလာနိုင်ချေရှိပါတယ်။ ဒါအပြင် ကြီးမားတဲ့ Cooling pipe ပါဝင်တဲ့ Liquid Cooling 3.0 technology ကိုလည်းထည့်သွင်းပေးထားမှာဖြစ်ပါတယ်။

မကြာခင်က မိတ်ဆက်ပေးခဲ့တဲ့ Xiaomi Mi 9 မှာပါဝင်တဲ့ 27W fast charging ကိုလည်း Black Shark 2 မှာပါဝင်လာမယ်လို့သိရပြီး Leak ဖြစ်ခဲ့တဲ့ Hands-on ပုံတွေမှာတော့ အရင် မော်ဒယ် နဲ့ဒီဇိုင်းပိုင်းအရ ချွတ်စွပ်နီးပါးတူညီနေတာကိုမြင်တွေ့ခဲ့ရပါတယ်။ သို့သော်လည်း ကျောဘက် Dual Camera setup ကိုတော့ အရင် Black Shark Helo ဖုန်းမှာတော့ ဖုန်းရဲ့အလည်နားလောက်မှာတပ်ဆင်ပေးထားပေးမဲ့နောက်လာမဲ့ Black Shark 2 မှာတော့ ဖုန်းရဲ့ ဘယ်ဘက် အပေါ်ထောင့်နားလောက်မှာ ဒေါင့်လိုက်တပ်ဆင်ထားကိုမြင်တွေ့ခဲ့ရပါတယ်။


Xiaomi အနေနဲ့ Black Shark 2 ကိုဘယ်နေ့မှာမိတ်ဆက်ပေးမယ်လို့တော့မကြေညာသေးပါဘူး။ အရင်မျိုးဆက် Black Shark ကိုတော့ ပြီးခဲ့တဲ့နှစ် April မှာမိတ်ဆက်ပေးခဲ့တဲ့အတွက် Black Shark 2 အနေနဲ့ April လောက်မှာပဲတရားဝင်ထွက်ရှိလာဖို့ရှိနေပါတယ်။

Ref: Gizmochina