fbpx

This is digital planet.

Apple

လိုအပ်ရင် iDevices တွေကို တရုတ်ပြင်ပ မှာ ပြောင်းရွေ့ထုတ်လုပ်ဖို့ အသင့်ဖြစ်နေပြီးဖြစ်တဲ့ Foxconn

အမေရိကန်ပြည်တောင်စု နဲ့ တရုတ်နိုင်ငံ အကြားဖြစ်ပွားနေတဲ့ ကုန်သွယ်ရေးစစ်ပွဲမှာ အမေရိကန်အစိုးရဘက်က ဒေါ်လာသန်း ၃၀၀ ဘီလီယံနီးပါးတန်ကြေးရှိတဲ့ Foxconn ထုတ် iPhones နဲ့ iPads တွေအပါအဝင် တရုတ်ကုန်ပစ္စည်းအတော်များများကို အခွန်တိုးမြင့်ဖို့ ဘေဂျင်းဘက် ကို ချိန်းခြောက်နေတာကြောင့် Apple အတွက် အထိနာနေတယ်လို့ ဆိုရမှာပါ။

US အစိုးရ အနေနဲ့ Apple ရဲ့ ကုန်ပစ္စည်းအချို့ကို အကောင့်ခွန် တိုးမြင့်နေတာ အရင်ကတည်းကဖြစ်ပြီး အောက်ခြေထုတ်လုပ်မှုပိုင်းမှာ အထိအခိုက်တော့ရှိနေခဲ့ပါတယ်။ ဒါကြောင့် iPhone ရဲ့ ဇာတ်လမ်းတစ်ခုလုံးလည်း ကွဲပြားနေပြီး အဆိုပါ အခွန်တိုးမြင့်ကောက်ခံမှုတွေကြောင့် အသုံးပြုသူတွေ နဲ့ Apple ရဲ့ အမြတ်အစွန်းပိုင်းမှာ သိသိသာသာကို ဆူးငြောင့်ခလုတ်တွေဖြစ်စေပါတယ်။ ဒါဟာ US ကုမ္ပဏီတစ်ခုဖြစ်ပေးမဲ့ တရုတ်မှာ iDevices တွေထုတ်ပြီး ပြည်တွင်း US ဈေးကွက်ကို ပြန်သွင်းရမှာ US အစိုးရ ရဲ့ အခွန်တိုးမြင့် ကောက်ခံမှုကြောင့် တိုင်ပတ်နေတဲ့ Apple ရဲ့ဖြစ်ရပ်ပါ။

ထိုင်ဝမ်အခြေစိုက် ထုတ်လုပ်သူ Foxconn အနေနဲ့ သူရဲ့ iDevices ထုတ်လုပ်ရေးကို US ဈေးကွက်အတွက် အကယ်၍ လိုအပ်လာရင် တရုတ်ပြင်ပ မှာ ထုတ်လုပ်ဖို့ အဆင်သင့်ုဖစ်နေပြီးလို့ ပြောဆိုခဲ့ပါတယ်။

Hon Hai လိုခေါ်တဲ့ Foxconn လို့ လူသိများတဲ့ ကုမ္ပဏီဟာ Apple ရဲ့ အဓိကထုတ်ကုန်တွေကို ထုတ်လုပ်ပေးတဲ့ ပါတနာဖြစ်ပြီး Foxconn က Semiconductor Division Chief ဖြစ်သူ Young Liu က လက်ရှိအချိန်မှာတော့ ထုတ်လုပ်မှုတွေရဲ့ 25% ကို တရုတ်ရဲ့ ပြင်ပ မှာ နေရာချထားပြီးဖြစ်ပြီး US ဈေးကွက်အတွက် လိုအပ်တဲ့ ပမာဏကို ထုတ်လုပ်ဖို့အတွက် အကူအညီပေးဖို့ အသင့်ပဲလို့ သိရပါတယ်။

Cupertino အခြေစိုက် Apple ဘက်က ပြောင်းရွေ့ဖို့ ညွန်ကြားချက် မရှိသေးပေးမဲ့ Foxconn အနေနဲ့ အလျင်အမြန် နဲ့ ထုတ်လုပ်ရေးကို ပြောင်းရွေ့နိုင်တယ်ဆိုတာကို ပြသခဲ့တာဖြစ်တယ်လို့ Liu က ထပ်တိုးပြောကြားခဲ့ပါတယ်။ Foxconn အနေနဲ့ US အစိုးရ နဲ့ အမေရိကန်နိုင်ငံ Wisconsin ပြည်နယ်မှာ အလုပ်အကိုင်သစ် ၂၀၀၀ ဖန်တီးပေးနိုင်မယ် စက်ရုံသစ် တည်ဆောက်ဖို့အတွက် လက်မှတ်ရေးထိုးခဲ့ပါတယ်။

Foxconn အနေနဲ့ အိန္ဒိယနိုင်ငံ Chennai မှာလည်း စက်ရုံ ပိုင်ဆိုင်ထားပြီး အရင်က ထုတ်လုပ်မှုတွေ မရှိပဲ Tests တွေကိုသာ ပြုလုပ်နေတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အိန္ဒိယမှာ အသုံးပြုနေတဲ့ Models တွေဟာ iPhone 6s ထက်နိမ့်တဲ့ Models အများစုတွေသာဖြစ်ပါတယ်။

Ref:GSMARENA

Photo:INTERNET