fbpx

This is digital planet.

Mytel

လူတိုင်းကြိုက်နှစ်သက်ခဲ့သည့် Mytel ၏ Shake အစီအစဉ်မှ Shake More အစီအစဉ်ဖြင့် တစ်ဖန်ပြန်လည်ရောက်ရှိလာ

 မြန်မာနိုင်ငံ၏ ခေတ်မီအဆန်းသစ်ဆုံး နှင့် ဂရုအစိုက်ဆုံးအော်ပရေတာ Mytel ၏ Shake More ဂိမ်း သည် ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း နှင့် MyID Application အတွင်းတွင် ဆော့ကစားနိုင်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ သုံးစွဲသူများအနေဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်လက်ဆောင်များဖြစ်သည့် Suzuki GLX ကားများ၊ VSmart ဖုန်းများ၊ နေ့စဉ် သိန်း (၃၀) အထိ ကံစမ်းနိုင်မည့် MytelPay E-money များ နှင့် အခြား ဒေတာနှင့်ဖုန်းခေါ်ဆိုမှု အပိုဆုများကို ၎င်းတို့၏ ဖုန်းကို shake လှုပ်လိုက်ရုံ လှုပ်ခါလိုက်ရုံနှင့် ရယူနိုင်မည်ဖြစ်သည်။ ထိုဂိမ်းကို MyID App ပေါ်တွင် ဆော့ကစားနိုင်မည်ဖြစ်ပြီး MyID App ကို Apple Store နှင့် Google Play Store တွင် device မျိုးစုံအတွက် ရယူနိုင်မည်ဖြစ်သည်။

ဤပရိုမိုရှင်းအစီအစဉ်သည် ၂၀၁၉၊ အောက်တိုဘာလ ၁ ရက်နေ့ မှ ၂၀၁၉၊ နိုဝင်ဘာလ ၃၀ ရက်နေ့ အထိဖြစ်ပါသည်။ သုံးစွဲသူများမှ ဂိမ်းအတွင်း စိတ်လှုပ်ရှားဖွယ်ဆုများကို နေ့စဉ်ကံစမ်းနိုင်ရန် တစ်နေ့လျှင် ၅ ကြိမ်အထိ ဖုန်းကို shake လုပ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် ဂိမ်းမှ သတ်မှတ်ထားသည့် လုပ်ဆောင်ချက်(Mission) များဖြစ်သည့် Facebook တွင် ဝေမျှခြင်း၊ မိတ်ဆွေများကို ဖိတ်ခေါ်ခြင်း စသည့်တို့ကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါက shake လုပ်ခွင့်များကို ထပ်မံရရှိမည်ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများအနေဖြင့် Shake More တွင် shake လုပ်ရင်း ရမှတ်များကို ရရှိနိုင်မည်ဖြစ်ပြီး သုံးစွဲသူများအားလုံး၏ ရမှတ်များအားလုံးကို စုပေါင်းကာ BIG POINT သို့ ပေါင်းထည့်သွားမည်ဖြစ်သည်။ ထိုရမှတ်စုစုပေါင်းမှ သတ်မှတ်ထားသည့်အမှတ်တစ်ခု သို့ အတိအကျရောက်ရှိသွားသည့် အချိန်အခိုက်အတန့်တွင် ကံထူးမည့်သူတစ်ဦးမှ ဖုန်းအား shake လုပ်ခဲ့ပါက ထိုရမှတ်စုစုပေါင်းနှင့် ညီမျှသော E-money ကို ရရှိကံထူးနိုင်မည်ဖြစ်သည်။ (ဥပမာ – သတ်မှတ်ထားသည့်အမှတ်မှာ ၁၀,၀၀၀ ဖြစ်ခဲ့ပါက ကံထူးမည့်သူမှ ထိုအမှတ် ၁၀,၀၀၀ အရောက်တွင်  shake လုပ်ခဲ့ပါက ထိုကံထူးသူမှ ၁၀,၀၀၀ ကျပ်ကို ၎င်းတို့၏ MytelPay အကောင့်မှတစ်ဆင့် ရရှိမည်ဖြစ်သည်။)

“အားလုံးပဲ အကြိုက်တွေ့ကြတဲ့ Shake အစီအစဉ်က ဆုကောင်းကောင်း ၊ ဆုကြီးကြီး တွေနဲ့ ပြန်လာပြီဖြစ်ကြောင်း ကြေငြာခွင့်ရလို့ ကျွန်တော်အရမ်းပဲ စိတ်လှုပ်ရှားမိပါတယ်။ ဒါ့အပြင် Mytel ရဲ့ Shake More အစီအစဉ်ကနေ စိတ်ဝင်စားစရာကောင်းပြီး လွယ်လွယ်ကူကူနဲ့  ဆုတွေကို ချက်ချင်းရယူနိင်မှာဖြစ်ပါတယ်။ အခုလို သီတင်းကျွတ်ရာသီမှာ ကျွန်တော်တို့ရဲ့ Mytel ဝန်ဆောင်မှုတွေကို သုံးနေတဲ့ သုံးစွဲသူတွေကို ဒီလို အထူးခံစားခွင့်တွေ ပြန်ပေးပြီး ကျေးဇူးတုံ့ပြန့်တာပဲဖြစ်ပါတယ်။ ဒီဂိမ်းလေးကို တီထွင်ခဲ့တဲ့အချိန်မှာ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ရသလို အားလုံးလဲ နှစ်သက်ကျမယ်လို့ ထင်ပါတယ်။” ဟု Mytel ၏ ပြင်ပဆက်ဆံရေးအရာရှိချုပ် ဦးဇော်မင်းဦး မှ ပြောကြားခဲ့သည်။

ယခုအခါတွင် Shake More ဂိမ်း သည် ပြီးပြည့်စုံပြီး အဆင့်မြင့်သည့် Application ၏ အတွေ့အကြုံများခံစားနိုင်မည့် MyID app တွင် ရရှိနေနိုင်ပြီဖြစ်သည့်အပြင် Apple Store နှင့် Google Play Store တို့တွင်လည်း ရနိုင်ပြီဖြစ်ပါသည်။ ယခုကဲ့သို့ အများနှင့်မတူ တမူထူးခြားသော MyID နှင့် Shake More စသည့် တီထွင်မှုများနှင့်တကွ Mytel သည် အသုံးပြုသူများစိတ်ကျေနပ်မှုရရှိစေရန် ခေတ်ရှေ့ပြေးသောနည်းပညာများ နှင့် တီထွင်ဆန်းသစ်မှုများကို ဈေးကွက်ထဲသို့ ဆက်လက်၍ ယူဆောင်လာပေးနိုင်ရန် ကြိုးစားသွားမည်ဖြစ်ပါသည်။ ထို့အပြင် Mytel သည် 5G ကို မြန်မာနိုင်ငံသို့ စတင်ယူဆောင်လာသည့် ပထမဦးဆုံး အော်ပရေတာလည်းဖြစ်လာခဲ့ပါသည်။ ယခုကဲ့သို့ နည်းပညာသစ်ကြီးအား Mytel မှ မြန်မာနိုင်ငံ သို့ ယူဆောင်လာပေးနိုင်ခဲ့သလို နောင်အနာဂတ်များတွင်လည်း Mytel မှ ဆန်းသစ်သော နည်းပညာများ နှင့် ထူးခြားကောင်းမွန်သော တိုးတက်မှုများကို ဆောင်ကျဉ်းပေးနိုင်ရန် အစဉ် ကြိုးစားလျက်ရှိပြီး ခေတ်မီအဆန်းသစ်ဆုံး တီထွင်မှုများကို သက်သာသောနှုန်းထားများဖြင့် ဖြန့်ဖြူးပေးသွားမည်ဖြစ်ပါသည်။ ဆက်လက်၍လည်း Mytel မှ ဒီဂျစ်တယ်ပြောင်းလဲမှုများကို မြန်မာနိုင်ငံသို့ ဆက်လက်ယူဆောင်လာပေးမည်ဖြစ်ပြီး သုံးစွဲသူများထံသို့ အကြီးမားဆုံး နှင့် ခေတ်ရှေ့ပြေးသော ဆက်သွယ်ရေးနည်းပညာ အဆောက်အအုံများ ၊ ဝန်ဆောင်မှုများ နှင့်လည်း ထောက်ပံ့ပေးသွားမည်ဖြစ်သည်။