အခုပြောမယ့်အကြောင်းကတော့ Smartphone History မှာ Company တွေဘက်က လုံးဝအမိုက်စားဆိုပြီးထုတ်လိုက်ပေမယ့် Customer အကြိုက်နဲ့မကိုက်လို့ Cancel လိုက်ရတဲ့ ဖုန်းတစ်ချို့ အကြောင်းပါ။ ဒါမဲ့ အချို့ ဖုန်းတွေကတော့ Fail ဖြစ်သွားလို့ ဆက်မထုတ်တော့တာတွေဖြစ်ပါတယ်။
Nokia N-Gage (2003)
iPod တွေခေတ်စားတဲ့၊ Nintendo Gameboy တွေအရှိန်အဝါကြီးခဲ့တဲ့ 2003 ခုနှစ်ကာလ (Nokia ရွှေထီးဆောင်းချိန်) မှာ အဲဒီ Function နှစ်မျိုးစလုံး တစ်နေရာထဲမှာပါဝင်မယ့် Nokia N-Gage ဆိုတဲ့ဖုန်းတစ်လုံး ပေါ်ထွက်ခဲ့ဖူးတယ်။ ဒါပေမယ့် သူ့ရဲ့ Console Style Design က ဖုန်းတစ်လုံးအနေနဲ့သုံးရအဆင်မပြေသလို Music App ကလည်း Function မစုံလင်တာကြောင့် Taco Phone (Mexico အစာသွပ်မုန့်နဲ့တူလို့) ဆိုတဲ့ နာမည်ပြောင်တစ်ခုအဖြစ်နဲ့ ကျန်ရစ်ခဲ့ရတဲ့ ဖုန်းတစ်လုံးပေါ့။ ဒါတောင် Nokia N-Gage QD ဆိုပြီးထပ်ထုတ်ပါသေးတယ်။
Motorola Rokr (2005)
Moto ရဲ့ရွှေခေတ်၊ Apple ကလည်း iPod နဲ့တစ်ရှိန်ထိုးအောင်မြင်ချိန်မှာ ပူးပေါင်းထုတ်ခဲ့ကြတဲ့ ပထမဆုံးသော iTunes Support တဲ့ဖုန်းပေါ့။ သီချင်း အပုဒ် ၁၀၀ ပဲထည့်ခွင့်ပေးတာ၊ Software Error များတာစတာတွေဟာ Fan တွေအတွက်ရော Apple အတွက်ပါ စိတ်ပျက်စရာဖြစ်ခဲ့ရတယ်။ အကောင်းဘက်ကကြည့်ရင်တော့ Rokr မအောင်မြင်တာကြောင့် Touch Screen နဲ့ iPhone တွေပေါ်ထွက်လာခဲ့တာဆိုလည်း မမှားဘူးပေါ့။
Blackberry Storm (2008)
Blackberry တစ်ပေါက် လျှမ်းလျှမ်းတောက်ခဲ့စဉ်က သူ့ရဲ့ Physical Keyboard ပါတဲ့ဖုန်းတွေဟာ Fan တွေအရမ်းနှစ်သက်တဲ့ Symbol တစ်ခုဖြစ်ခဲ့တယ် (Touch Screen နဲ့ iPhone တွေမပေါ်ခင်အထိပေါ့) iPhone Killer ဆိုပြီးရည်ရွယ်ချက်နဲ့ထုတ်ခဲ့တဲ့ဒီဖုန်းကို Touch Screen ပေါ်မှာစာရိုက်ရင် Physical Keyboard ဆန်တဲ့ Feeling မျိုးရအောင်ရိုးရာမပျက်ဖန်တီးခဲ့ကြတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ Hardware နဲ့အပြန်အလှန်ချိတ်ဆက်ဖို့ ကောင်းမွန်တဲ့ Software လိုအပ်တယ်ဆိုတာ အဲဒီဖုန်းကသက်သေပြသွားခဲ့တယ်။ (Blackberry တို့ ကိုယ့်မုန်တိုင်းကိုယ်ပြန်မိတယ်ဆိုရမှာပဲ)
Microsoft Kin (2010)
Kin ကို Microsoft ရဲ့ Mobile Platform မှာ ကပ်ဘေးတစ်ခုအဖြစ်တင်စားခဲ့ကြတယ်။ တကယ်တော့ Kin ဟာ Smartphone တစ်လုံး မဟုတ်ခဲ့ပါဘူး။ Facebook, Twitter, MySpace နဲ့ Microsoft Network ကလွဲရင် တခြား ဘာ App မှသုံးမရတဲ့ Social Media Phone တစ်လုံးပေါ့။ အစကတော့ လူငယ်တွေအတွက်အဓိကရည်ရွယ်တဲ့ဖုန်းတစ်လုံးအနေနဲ့ ဈေးသက်သာဖို့မျှော်လင့်ခဲ့ကြပေမယ့် မြင့်မားတဲ့ဖုန်းဈေးနဲ့ Data Plan ကြောင့် အလုံး 500 ပဲရောင်းခဲ့ရပြီး ထွက်ပြီး 6 weeks အကြာမှာ ရပ်ဆိုင်းလိုက်ရတဲ့အထိပါပဲ။
HTC First aka Facebook Phone (2013)
Facebook က ဖုန်းထုတ်မယ်ဘာညာ သတင်းကြားလိုက်ကြမယ်ထင်ရဲ့။ 2013 မှာ Facebook ဟာ HTC နဲ့ပေါင်းပြီး Android ပေါ်မှာ Facebook HOME ဆိုတဲ့ Launcher အုပ်ထားတဲ့ HTC First ကိုထုတ်လုပ်ခဲ့တယ်။ တကယ်တော့ Fb ခဏခဏဝင်ကြည့်ရတာပျော်စရာဆိုပေမယ့် Newfeed ကြီး ကိုယ့်ဖုန်း Screen မှာတစ်ချိန်လုံးမြင်နေရရင်တော့ ပျင်းဖို့ကောင်းမှာပါ။ အဲဒီနောက်ပိုင်းမှာ ဇူကာဘတ်လည်း Fb ပိုပြီးကောင်းမွန်ဖို့ကိုပဲ ပြန်အာရုံစိုက်သွားပါတော့တယ်။
Amazon Firephone (2014)
Smartphone တွေကို လှည့်မကြည့်ချင်လောက်အောင် စိတ်နာသွားတဲ့အထဲ Amazon လည်းပါလောက်မယ်ထင်တယ်။ Kindle, Fire Tablet, Fire TV စတာတွေနဲ့ နာမည်ကောင်းရထားတဲ့ Amazon ဟာ 2014 မှာ High End Smartphone တစ်လုံးကိုထုတ်လုပ်ခဲ့တယ်။ Amazon Fire လို့ခေါ်တဲ့ဒီဖုန်းမှာ Camera 4 လုံးနဲ့ User Face အနေအထားကိုဖမ်းယူပြီး Display မှာ 3D ပုံရိပ်တွေဖန်တီးပေးတဲ့ Feature အပါအဝင် အဲဒီခေတ်က ကောင်းပေ့ဆိုတဲ့ Specification တွေပါဝင်ခဲ့ပေမယ့် သူ့ရဲ့အကြီးမားဆုံးအားနည်းချက်က Playstore အပါအဝင် Google Apps တွေသုံးခွင့်မရတာပါ။ ဒါကြောင့် 2015 အရောက်မှာ သန်း ၁၇၀ တန်ရင်းနှီးမှုကြီး တစ်ခန်းရပ်ခဲ့ပြီး Smartphone လောကကို ဘယ်တော့မှပြန်အခြေမချတော့ဘူးလို့ ကြေငြာသွားခဲ့ပါတယ်။
Samsung
Samsung ရဲ့ Failure လို့ပြောလိုက်တိုင်း Note 7 ကိုပြေးမမြင်လိုက်ပါနဲ့ (Battery Fault ကြောင့်သာမဟုတ်ရင် Phone of the Year ဖြစ်ခဲ့မယ့်ဖုန်းမို့လို့ပါ)
Galaxy Beam (2012)
ဖုန်းတစ်လုံးမှာ Projector ကိုတွဲပြီးထုတ်တဲ့ Idea က မဆိုးလှပေမယ့် တကယ်တမ်းထွက်လာချိန်မှာ Galaxy Beam ဟာ မျှော်လင့်ချက်နဲ့အတော်လေးလွဲခဲ့တဲ့ဖုန်းတစ်လုံးပါ။ Projector ကထုတ်နိုင်တဲ့ Resolution ဟာအတော်နည်းတဲ့အပြင် ဘိုးတော်ဘုရားခေတ်က OS နဲ့ Spec တွေနဲ့ မြင့်မားတဲ့ဈေးကြောင့် အနုတ်လက္ခဏာပြခဲ့ရတယ်။ (ဒါတောင် 2014 အရောက်မှာ Samsung က Galaxy Beam မျိုးဆက်သစ်ကို ထပ်ထုတ်ခဲ့သေးလေရဲ့)
Projector ဖုန်းအကြောင်းပြောရင် Lenovo ရဲ့ Laser Projector Phone အကြောင်းလည်းမေ့ထားလို့မရပါဘူး။ Lenovo Phone ရဲ့အားသာချက်က သူ့ Projector ကို Touch Screen အနေနဲ့ပါသုံးနိုင်တာပါ။ စိတ်မကောင်းစွာနဲ့ပဲ အဲဒီဖုန်းဟာ ရုပ်လုံးပြရုံသက်သက်ကလွဲရင် တခြားဘာသတင်းမှ ထပ်ထွက်မလာခဲ့ပါဘူး။
Galaxy K Zoom (2014)
Camera Crazy တွေအတွက်ရည်ရွယ်ခဲ့ပေမယ့် တကယ့် Camera တွေလောက်လည်းအဆင်မပြေ၊ Phone တစ်လုံးအနေနဲ့လည်း Smart မကျတဲ့ K Zoom ဟာ Generation တစ်ခုနဲ့တင် ကွယ်ပျောက်ခဲ့ရတယ်။
Modular Smartphones
ဖုန်းတစ်လုံးရဲ့အစိတ်အပိုင်းတွေကို လိုသလိုအလွယ်တကူဖြုတ်နိုင်၊ တပ်နိုင်မယ့်ဒီနည်းပညာကို Fullview Display တွေထက် ပိုပြီးမျှော်လင့်ခဲ့တယ်။ ဒါပေမယ့် နည်းပညာလိုအပ်ချက်အပါအဝင် အခြားအကြောင်းကြောင်းကြောင့် လက်တွေ့သုံးခွင့်ရတဲ့အဆင့်ကိုရောက်မလာခဲ့။
Project ARA ဖျက်သိမ်းသွားတာဟာ Smartphone နယ်ပယ်မှာ နည်းပညာပိုင်းဆိုင်ရာဆုံးရှုံးမှုကြီးတစ်ခုပါပဲ။ နည်းပညာမပြည့်စုံမှုကြောင့် လက်လျှော့ခဲ့ရတဲ့ တခြား Semi-modular Phone တွေလဲရှိခဲ့ဖူးတယ်။ ဖုန်းကို 10″ Display နောက်ဘက်မှာတွဲဆက်ရုံနဲ့ Tablet တစ်လုံးလိုသုံးနိုင်တဲ့ Asus ရဲ့ Padfone Infinity Series, တခြား Accessory တွေတွဲတပ်နိုင်တဲ့ LG ရဲ့ G5 စတာတွေဟာ ထင်သလောက်မပေါက်ခဲ့တဲ့ Modular Phone ဥပမာတွေပါပဲ။
ဒီတော့ Motorola ရဲ့ Modular Phone တွေဖြစ်တဲ့ Z series ကရော ဈေးကွက်ထဲမှာဆက်ပြီးရပ်တည်နိုင်ပါ့မလား? အကယ်၍ Modular နည်းပညာတွေသာလက်လျှော့သွားခဲ့ရင် Smartphone တွေအတွက်ကြီးမားတဲ့နည်းပညာဆုံးရှုံးမှုဖြစ်စေမှာ အသေချာပါပဲ။