fbpx

This is digital planet.

GoogleTech News

လွန်ခဲ့တဲ့ ၃ နှစ်လောက်က Chipset နဲ့ Google Pixel 3 XL Lite ကိုရောင်းတော့မှာလား

ဘယ်သူထင်မှာလဲ လွန်ခဲ့တဲ့ ၃ နှစ်လောက်က Chipset နဲ့ Midrange ဖုန်းကို ဈေးကြီးနဲ့ ထုတ်ရောင်းလိမ့်မယ်လို့။ ဒီနှစ် 2019 မှာ စိတ်ဝင်စားဖို့ကောင်းတဲ့ ဖုန်းတွေထဲမှာ Google ရဲ့ Midrange ဖုန်းဖြစ်လာနိုင်မဲ့ Pixel 3 Lite XL ကပါဝင်နေပါတယ်။ ထွက်လိမ့်မယ်လို့ ပေါက်ကြားတဲ့ သတင်းတွေ ခန့်မှန်းမှုတွေရှိပေမဲ့ Google အနေနဲ့ တရားဝင်ကြော်ငြာတာမျိုးတွေမတွေ့ရပါသေးပါဘူး။
Geekbench Browser တွေမှာတော့ Google Pixel 3 Lite XL ကို စမ်းသပ်ထားတဲ့ Result တွေကတော့ ထွက်ပေါ်လာလေ့ရှိပါတယ်။ 2019 January လတုန်းက Google Pixel 3 Lite XL ကို စမ်းသပ်ထားတဲ့ Result တွေအရ Mid Range ဖုန်းအပေါ် အထင်ကြီးမှုတွေ အားရ ကျေနပ်မှုတွေရှိခဲ့ပေမဲ့ ယခု March လမှထွက်ပေါ်လာတဲ့ သတင်းတွေအရ ပိုပြီး ၀မ်းနည်းမှုတွေဖြစ်စေခဲ့တယ်။
January လတုန်းက Model code name မှာ Foxconn Pixel 3 XL လို့နာမည်ပေးထားပြီး Mid-Range Chipset ဖြစ်တဲ့ Snapdragon 710 ကို အသုံးပြုထားပါတယ်။ Flagship တွေ ဖြစ်တဲ့ Pixel 3 and Pixel 3 XL မှာ RAM 4GB ကို သုံးထားပေးသော်လည်း Mid-Range Lite version ကို RAM 6GB ထိတိုစမ်းသပ်ခဲ့တာကိုတွေ့ရပါတယ်။ ဒါက Mid Range Specs အနေနဲ့ အားရကျေနပ်ဖွယ်ဖြစ်သော်လည်း ဒီနေ့ထွက်လာတဲ့ သတင်းအရ ပြောင်းလဲမှုတွေဖြစ်ခဲ့ပါတယ်။ ထိုလမှာပဲ နောက် Google Pixel 3a XL code name နဲ့ စမ်းသပ်ချက်တွေထွက်လာပါသေးတယ်။
March လမှာတော့ Model code ကို Google Pixel 3 XL Lite လို့ တရားဝင် သုံးထားပြီး MSM8953 နာမည်နဲ့ Chipset ကို အသုံးပြုစမ်းသပ်ထားတာပါ။ ဒီ MSM8953 က လွန်ခဲ့တဲ့ ၃ နှစ်လောက်က ထွက်ခဲ့တဲ့ Snapdragon 625 ရဲ့ Technical Code ဖြစ်ပါတယ်။ အဲ့အပြင် RAM 6GB မှ 4GB, 4GB မှ 3GB ထိ လျော့ချစမ်းခဲ့ထားတာကိုတွေ့ရပါတယ်။ အကယ်လို့များ ဒီပုံစံအတိုင်းထွက်လာခဲ့ရင် သင့်အနေနဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က Chipset နဲ့ Mid-range (ဈေး) ဖုန်းကို ကိုင်ချင်ပါ့မလား။ မျှော်လင့်ချက်တွေကြွေရပါပြီ။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဒီ Google Pixel 3 XL Lite မှာ 12MP Google HDR+ Camera, 6 inch Display, 3.5mm Jack, ကျော်ဘက် Fingerprint နဲ့ FCC အတည်ပြုချက်အရ Payment အတွက် NFC ပါဝင်လာမယ်လို့သိရပါတယ်။

Ref: GSMArena