fbpx

This is digital planet.

HTCTech News

သင်ကြိုက်ခဲ့တဲ့ HTC ဖုန်းကို ယနေ့ခေတ်နည်းပညာတွေနဲ့ တွေ့ရနိုင်

Drew Bamford ဆိုသူ အခုလက်ရှိ HTC Creative Lab ရဲ့ ခေါင်းဆောင်ဖြစ်သူက ၎င်းရဲ့ Twitter မှာ ဒီအပတ်ထဲမှာ ပျော်ပျော်ပါးပါးနဲ့ မေးခွန်းလေးတွေထုတ်နေပါတယ်။ အကယ်လို့ HTC က ဖုန်းတွေကို ပြန်ဖန်တီးမယ်ဆိုရင် ထုတ်ပြီးသား ဖုန်းတွေကို ယနေ့ခေတ် မြင့်မားတဲ့ နည်းပညာတွေ Spec တွေနဲ့ ထုတ်လုပ်နိုင်ပါတယ်။ စာဖတ်သူကော HTC ဖန်ဆိုရင် ဘယ်ဖုန်းမျိုးကို ပြန်ထုတ်စေချင်လဲ?

Drew Bamford ရဲ့ မေးခွန်းအောက်မှာ တစ်ချို့က HTC ရဲ့ One(M7) or M8 ကို Vote လုပ်ကြပြီး တစ်ချို့က One X ကို Vote လုပ်ကြပါတယ်။ တစ်ချို့က ဖုန်းရဲ့ အရွယ်အစားမှမဟုတ်ပဲ ပိုကောင်းတဲ့ Hardware၊ ကြီးမားတဲ့ Screen၊ Specs အသစ် နဲ့ ပိုကောင်းတဲ့ Camera System တို့နဲ့သာ ပြန်လာခဲ့မယ်ဆိုရင် ၀ယ်ဖို့ ရင်ခုန်နေကြတဲ့ feedback တွေကိုလဲတွေ့ရပါတယ်။

စာဖတ်သူလည်း HTC နဲ့ပက်သက်ပြီးရင်ခုန်ခဲ့တာတွေ အဟောင်းတွေနဲ့ပက်သက်ပြီး ၂၀၁၉/၂၀၂၀ နည်းပညာတွေနဲ့ မြင်ချင်တယ်ဆိုရင် Drew Bamford ရဲ့ Tweet အောက်မှာ သွားရေးလို့ရပါတယ်။

Ref: drioidlife