Matrix လို့ပြောလိုက်တာနဲ့ လူအများစုစိတ်ထဲမှာ ကျည်ဆံတွေကို Slow-motion နဲ့ ရှောင်ပြတဲ့ Neo (aka) Keanu Reeves ရယ်၊ မျက်မှန်နက်တွေနဲ့ Agent Smith ဆိုတဲ့ ပုံစံတူ Villain တွေ၊ အနက်ရောင်နောက်ခံပေါ်မှာ ဒေါင်လိုက်ကျလာတဲ့ အစိမ်းရောင် Computer Code တွေကို ကောင်းကောင်းကြီး မှတ်မိနေကြပါလိမ့်မယ်။ ဒါပေမယ့် “Digital Rain” လို့ တင်စားထားတဲ့ ဒီ Code တွေဟာ ဟင်းချက်နည်းစာအုပ်ထဲက စာသားတွေဖြစ်နေလိမ့်မယ်လို့ ဘယ်သူတွေကများ တွေးမိကြလိမ့်မလဲဗျာ။

Neo (aka) Keanu Reeves
ဒီ Code တွေမှာ ဘာအဓိပ္ပါယ်တွေပါနေမလဲဆိုတာဟာ Matrix Fan တွေကြားမှာ စိတ်ဝင်စားစရာ Topic တစ်ခုဖြစ်ခဲ့တယ်။ 2017 မှာတော့ CNET ကနေ ဒီ Code တွေဟာ Sushi လုပ်နည်းစာအုပ်ထဲက စကားလုံးတွေဆိုပြီး ပြောခဲ့ဖူးပေမယ့် အခုချိန်မှာတော့ ဒီ Code တွေကိုဖန်တီးခဲ့တဲ့ Designer Simon Whiteley ကနေ Matrix Code တွေနောက်ကွယ်က အမှန်တရားကို ဖွင့်ဟလာခဲ့ပါတယ်။

Designer Simon Whiteley
သူ့ရဲ့ပြောကြားချက်အရ Matrix ရဲ့ Director တွေဖြစ်တဲ့ Lana နဲ့ Lilly Wachowski တို့နှစ်ယောက်က Code တွေရဲ့ Design ကို မြင်နေကျပုံစံမဟုတ်ပဲ Japanese Manga ဆန်ဆန် Design နဲ့ လိုချင်တယ်လို့ အမိန့်ပေးလာခဲ့တယ်။ သူ့ရဲ့ ဇနီးကိုယ်တိုင်ကလည်း ဂျပန်လူမျိုးဖြစ်နေတာကြောင့် Code တွေမှာသုံးရမယ့် စကားလုံးတွေရွေးတဲ့နေရာမှာ အထောက်အကူဖြစ်လိမ့်မယ်ဆိုပြီး အမိန့်ပေးလာတယ် လို့ဆိုပါတယ်။

Lana နဲ႔ Lilly Wachowski
ဒါနဲ့ Whiteley လည်း သူ့ဇနီးရဲ့ ဂျပန်ဟင်းချက်နည်းစာအုပ်တွေကို ဝင်မွှေရင်း သဘောကျမိတဲ့ ဟင်းချက်နည်းစာအုပ်တစ်အုပ်ထဲက စကားလုံးတွေကို Coding Design ရဲ့ လိုအပ်တဲ့ Character တွေနေရာမှာ ထည့်သုံးဖြစ်သွားတာပါတဲ့။ Whitney ဟာ အဲဒီဂျပန်စာလုံးတွေကို လက်ရေးနဲ့ ကူးယူရေးဆွဲပြီး Visual Effects ဆိုင်ရာ ကျွမ်းကျင်သူ Justin Marshall ဆီ ပေးပို့ခဲ့ပါတယ်။

Digital Rain
အစပိုင်း Animation တွေမှာ Coding တွေဟာ ဘယ်၊ညာ သွားနေတာဟာ သမရိုးကျဆန်လွန်းနေတာကြောင့် Whiteley အနေနဲ့ စာလုံးတွေကို ဟင်းချက်စာအုပ်ပေါ်က ဂျပန်စာရေးနည်းအတိုင်း ညာဘက်ကစပြီး အပေါ်ကနေ အောက်ကို ဒေါင်လိုက်ရေးတဲ့ပုံစံမျိုးပြောင်းကြည့်ဖို့ အကြံပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒီ “Digital Rain” Design ဟာ သူလုပ်ခဲ့ဖူးသမျှ Movie Design တွေထဲမှာ အပြောင်မြောက်ဆုံးနဲ့ အောင်မြင်မှုအရှည်ကြာဆုံး Design ပါတဲ့။ ဘယ်ဟင်းချက်နည်းစာအုပ်လဲလို့ နာမည်မေးတဲ့အခါမှာတော့ Whiteley က ပြောပြဖို့ငြင်းဆန်ခဲ့ပါတယ်။

Movie Scenes
ကိုယ့်ငယ်ဘဝကတည်းက ခုချိန်ထိ အထင်ကြီးခဲ့ရတဲ့ဇာတ်ကားက Code တွေဟာ ဟင်းချက်နည်းတွေပါလို့သိလိုက်ရတော့ အောင့်သက်သက်နိုင်တာတော့ အမှန်ပါ။ ဒါပေမယ့် Matrix ဆိုတဲ့ဟင်းအိုးထဲက Digital Rain ဆိုတဲ့ ဒီဂျင်းလေးဟာ မွှေးပြီးစားကောင်းခဲ့ပါတယ်။ (၃ ပန်းကန်တောင် ဆွဲခဲ့ကြတာဆိုတော့လည်း) Matrix နဲ့ပတ်သက်တဲ့ အမှတ်တရလေးတွေပြန်မြင်တိုင်း ဒီ “Digital Rain” Scene လေးကို ပြန်အမှတ်ရမိနေဦးမှာပါ။
Ref: WIRED
Photos: Matrix Movies & Internet.