fbpx

This is digital planet.

OnePlusTech News

အနာဂတ် OnePlus ဖုန်းတွေမှာ Headphone Jack တွေဖြုတ်တော့မှာလား?

OnePlus ရဲ့ CEO Pete Lau ကတော့ Headphone Jack တွေဖြုတ်ပစ်တာဟာ Wireless Earbuds တွေရဲ့ တိုးတက်မှုကို ပိုပြီးမြန်ဆန်စေလိမ့်မယ်လို့ ယုံကြည်နေပါပြီ။ OnePlus အနေနဲ့ သူတို့ရဲ့ 6th Generation အထိထည့်သွင်းပေးခဲ့တဲ့ Headphone Jack တွေကို 6T အရောက်မှာ စတင်ဖယ်ရှားခဲ့တာ သတိထားမိကြမှာပါ။ အဲဒီအချိန်တုန်းက Company အနေနဲ့ ပိုပြီးကြီးမားတဲ့ Battery ရယ်၊ In-Display Fingerprint ထည့်သွင်းဖို့ရယ်ကြောင့် လိုအပ်တဲ့နေရာအတွက် ဖယ်ရှားခဲ့တယ်ဆိုပြီး ဖြေရှင်းချက်ပေးခဲ့ပါတယ်။

ဒါပေမယ့် Meizu 16th လို Compact Phone မျိုးမှာ Optic Fingerprint Scanner ကို Headphone Jack မဖျောက်ပဲ ထည့်သွင်းနိုင်ခဲ့သလို Samsung ရဲ့ Galaxy S10 Series မှာလည်း 3.5mm Headphone Jack ကို ဆက်လက်ထည့်သွင်းထားခဲ့ပါတယ်။ ဒါ့အပြင် Water Resistance ကို အကြောင်းပြဖို့ကလည်း ခုချိန်ထိ Official IP Rating ကို OnePlus မှာ မထည့်သွင်းပေးသေးတာ အားလုံးသိထားပြီးဖြစ်မှာပါ။ ဒါဆိုရင် ခုလို Headphone Jack ဖျောက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်က ဘာဖြစ်မလဲ?

3.5mm

ဖြစ်နိုင်ခြေအများဆုံးကတော့ 6T နဲ့အတူ OnePlus ကနေထွက်ရှိထားတဲ့ Bullet Wireless Earphone ကို Promote လုပ်ချင်တာကြောင့်လို့ ခန့်မှန်းကြပါတယ်။ ဒီ Earphone အနေနဲ့ Quality ကောင်းမွန်တဲ့အပြင် USB Type-C နဲ့ Fast Charging သွင်းနိုင်တာ၊ Google Assistance ကို Support လုပ်တာ စတဲ့အချက်တွေကြောင့် Positive Feedback Review တွေကို ရရှိထားတယ်။ ဒါကြောင့် Pete Lau က “Headphone Jack တွေဖယ်ထုတ်လိုက်တာဟာ Wireless Earphones Technology ကို Standard တစ်ခုအဖြစ် အစားထိုးသုံးလာနိုင်အောင် အလျင်အမြန်တိုးတက်စေနိုင်တယ်” ဆိုပြီး သူ့ရဲ့ Weibo Account ကနေ ပြောကြားခဲ့ပါတယ်။

Pete Lau ရဲ့စကားကြောင့် 2nd Generation Bullet Wireless Earphone ကို OnePlus 7 ဒါမှမဟုတ် 7T နဲ့အတူ မိတ်ဆက်လာနိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။ Qualcomm အနေနဲ့လည်း အရင် Wireless Audio Technology တွေဖြစ်တဲ့ aptX, aptX HD တို့ထက်ပိုမြင့်တဲ့ aptX Adaptive Wireless Audio ကို မနှစ်ကမိတ်ဆက်ထားတာကြောင့် OnePlus ရဲ့ Bullet Wireless အသစ်မှာလည်း ဒီနည်းပညာပါဝင်လာနိုင်ပါတယ်။

Qualcomm ရဲ့အဆိုအရ aptX Adaptive နည်းပညာဟာ Netflix လို Movie တွေကြည့်တဲ့အခါမှာ အကောင်းဆုံး Experience ရအောင် Audio Level ကို Auto ချိန်ညှိပေးနိုင်မယ်လို့ ဆိုထားတာကြောင့် အနာဂတ် Wireless Earphone တွေဟာ Music & Movie တွေရဲ့ Audio Experience ကို ဘယ်လောက်ထိ တိုးတက်ပြောင်းလဲစေမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

Ref: Gizchina