fbpx

This is digital planet.

AsusTech News

အမိုက်စား Display ၂ ခုနဲ့ ASUS ZenBook Pro Duo Laptop ကို မိတ်ဆက်

ဒီနေ့မှာတော့ ASUS က Press Event မှာ သူရဲ့ Product အသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ မိတ်ဆက်ပေးခဲ့တဲ့အထဲမှာ Wifi 6 Router တွေ၊ Gaming Monitor တွေ၊ Potable Monitor တွေ၊ ZenBook နဲ့ VivoBook အသစ်တွေ စသဖြင့် အများကြီးပါဝင်ပါတယ်။ အရင်ဦးဆုံးအနေနဲ့ ဒီ Press Event ကိုတတ်ရောက်ဖို့ ဖိတ်ခေါ်ခဲ့တဲ့ ASUS ကိုကျေးဇူးတင်ပါတယ်။

ကျွန်တော်တို့တွေက Laptop တို့ Smartphone တို့နဲ့ ပက်သက်ရင် Performance, Design နဲ့ User Experience စသဖြင့် အဖက်ဖက်ကပြည့်စုံမှုကို လိုချင်ကြပါတယ်။ Company တွေဘက်ကလည်း User တွေရဲ့လိုအပ်ချက်ကိုကြည့်ပြီး တစ်နှစ်နဲ့တစ်နှစ် ပိုဆန်းသစ်တဲ့နည်းပညာတွေနဲ့ Product တွေကို ထုတ်လာကြပါတယ်။ ဒီနှစ် 2019 မှာတော့ ASUS အနေနဲ့ အနာဂတ် Laptop တွေ အတွက် ခြေလှမ်းအစလို့ပြောလို့ရတဲ့ ASUS ZenBook Pro Duo and ZenBook Duo တို့မိတ်ဆက်ပေးလိုက်ပါပြီ။

ဒီ Zenbook Pro Duo နဲ့ Zenbook Pro တို့ကို Pro User တွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဘာထူးခြားလဲဆိုရင် သူမှာ Screen ၂ ပါဝင်တဲ့ Laptop ပါ။ မနှစ် ASUS အနေနဲ့ Trackpad နေရာမှာ Screen အစားထိုး Zenbook Pro ကို မိတ်ဆက်ခဲ့ပေမဲ့ ဒီနှစ်မှာတော့ Second Gen လို့ပြောလို့ရတဲ့ ZenBook Pro Duo နဲ့ ZenBook Duo ဆိုပြီး Screen ၂ ခုပါတဲ့ Laptop နှစ်ခုကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ ZenBook Pro Duo နဲ့ ZenBook Duo ရဲ့ ပြောင်းလဲမှုက Trackpad နေရာမှာ Screen အစားထိုးတာ မဟုတ်ပဲ Keyboard နေရာမှာ Screen တစ်ခုအစားထိုးပြီး Keyboard ကိုအောက်ဘက်နေရာမှာ Trackpad နဲ့အတူထားပေးထားပါတယ်။

ZenBook Pro Duo မှာ Main Display ကို 3840×2160 4K UHD OLED ကို တပ်ဆင်ပေးထားပြီး Secondary Display ကိုတော့ 3840×1100 4K IPS LCD ကိုတပ်ဆင်ပေးထားပါတယ်။ ZenBook Duo မှာတော့ 14″ FHD LCD နဲ့ 12.6″ FHD LCD Display ကိုတပ်ဆင်ထားပါတယ်။ ASUS ကတော့ Secondary ScreenPlus Display လို့ နာမည်ပေးထားပါတယ်။ ZenBook Pro မှာ ပထမဦးဆုံးပါလာခဲ့တဲ့ Secondary Display ကို ပိုကြီးမားမားနဲ့ ပိုအသုံးဝင်တဲ့ Feature အသစ်တွေနဲ့ Layout ပြောင်းပြီး ထုတ်လုပ်ခဲ့တာပါ။ Secondary Display ရဲ့ ရည်ရွယ်ချက်ကတော့ Creator တွေ၊ Gamer တွေ၊ Programmer တွေ၊ Planer သမားတွေအတွက်ပါ။ Secondary Display ပါလာတဲ့အတွက် Multi-tasking တွေ Productivity တွေ Creativity တွေ Game-streaming တွေမှာ ပိုအဆင်ပြေစွာ အသုံးချနိုင်မှာပါ။

ZenBook Pro Duo အနေတဲ့ intel Core i9 နဲ့ RTX 2060 နဲ့ပါဝင်ပြီး ZenBook Duo အနေနဲ့ intel Core i7 နဲ့ GeForce MX250 တို့ထည့်သွင်းပေးထားပါတယ်။ Laptop Model ၂ မျိုးမှာ Wifi 6 လည်းပါဝင်ပါသေးတယ်။ Laptop ၂ ခုလုံးမှာ Maximum Performance ကို ရနိုင်မဲ့ Turbo Key ကိုလည်းထည့်သွင်းပေးထားပါတယ်။ ဈေးနှုန်းအနေနဲ့ မသိရသေးပေမဲ့ မြန်မာနိုင်ငံကို ကျိန်းသေဝင်ရောက်ဖို့ရှိပါတယ်။ ဒီ Laptop နဲ့ပက်သက်တဲ့ Admin အမြင် Article လေးလဲလာဖို့ရှိပါသေးတယ်။