fbpx

This is digital planet.

GlobalizationSocial NetworkTech News

အမုန်းစကားတွေကို ခြေရာခံနိုင်မယ့် Human-Level AI ကို ဖန်တီးနေပြီဖြစ်တဲ့ Facebook

Facebook က အမုန်းစကားတွေ၊နှောင့်ယှက်မှုတွေနဲ့ နိုင်ထက်စီးနင်းပြုမှုတွေအတွက် ထင်ထားတာထက်ပိုပြီး အလေးထားဖြေရှင်းနေတာကိုတွေ့ရပါတယ်။ Facebook ဟာအဆိုပါ ကိစ္စရပ်တွေကို ဖြေရှင်းနိုင်ဖို့ရန်အတွက် မသင့်လျော်တဲ့ Content တွေကို flag ပြဖို့ရန် လူတွေကို ထပ်ငှားနေရမယ့်အစား လူသားတွေရဲ့ ဥာဏ်ရည်နီးပါးရှိမယ့် AI ကို ဖန်တီးဖို့ရန် စီစဉ်နေပြီဖြစ်ပါတယ်။

Facebook ရဲ့ CTO ဖြစ်သူ Mike Schroepfer က ကိုယ်တိုင်ကြီးကြပ်လေ့လာခြင်းလို့ခေါ်နိုင်မယ့် AI ကို ဖန်တီးနေတဲ့ အကြောင်းနဲ့ ပတ်သတ်ပြီး ပြောခဲ့ပါတယ်။ “ဒီမှာရှိနေတဲ့ အနာဂတ်ကတော့ စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” လို့ Schroepfer က company ရဲ့ နှစ်ပတ်လည် developer conference မှာ ပြောခဲ့ပါတယ်။ “ကိုယ်တိုင်ကြီးကြပ်လေ့လာခြင်းနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်တွေကို ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက ရှာတွေ့ခဲ့ပြီးပါပြီ” လို့ သူက ပြောခဲ့ပါတယ်။

အခုလောလောဆယ်မှာတော့ Facebook ရဲ့ အသုံးပြုသူတွေ report မပြုလုပ်ခင် မှာ အမုန်းစကားတွေကို သိနိုင်တဲ့ အရေအတွက်ဟာ အမှန်တကယ် အမုန်းစကား ဖြန့်နေတဲ့ အရေအတွက်ရဲ့ တဝက်လောက်သာ ရှိနေပါသေးတယ်။ အမုန်းစကားတွေကနေ အနှောင့်အယှက်ပေးတဲ့ အဆင့် နိုင့်ထက်စီးနင်းအပြုအမူတွေဖြစ်လာတဲ့ အဆင့်ကိုရောက်လာရင်တော့ ရှာဖွေတွေ့ရှိနှုန်းက 15 ရာခိုင်နှုန်းအထိကို ကျသွားပါတယ်။

ဘာကြောင့် အခုလို ဖြစ်ရသလဲဆိုတဲ့ အကြီိးမားဆုံး အကြောင်းပြချက်ကတော့ facebook ပေါ်က content တွေဟာ များသောအားဖြင့် Computer တစ်လုံးအတွက် နားလည်လွယ်တဲ့ ဘာသာစကားတွေကို အသုံးပြုပြီး ရေးထားကြတာ မဟုတ်လို့ပါပဲ။ Hate speech တွေဟာ ဘာသာစကားမျိုးစုံနဲ့ ဖြစ်လာပြီး အဓိပ္ပါယ်မျိုးစုံ ကွဲပြားနိုင်ပါတယ်လို့ Facebook analytics director ဖြစ်သူ Veronika Belokhvostova က ပြောခဲ့ပါတယ်။

Facebook ရဲ့ လက်ရှိ AI system တွေဟာဆိုရင် Spam, Nudity နဲ့ အကြမ်းဖက်အပြုအမူစတဲ့ ပြဿနာ ဖြစ်စေမယ့် Content တွေရဲ့ တခြားသောပုံသဏ္ဍာန်တွေကို ခြေရာခံနိုင်နေပြီဖြစ်ပါတယ်။ အဆိုပါ system မှာ မရှိမဖြစ်အနေနဲ့ကတော့ Video တွေဓာတ်ပုံတွေစတဲ့ data တွေအများကြီးကို AI အနေနဲ့ မှတ်မိအောင် သင်ပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။ လူသား Programmer တစ်ယောက်က AI ကို သင်ပေးမယ့် data တွေအားလုံးကို အညွှန်းတပ်ပေးရမှာဖြစ်ပါတယ်။ ဒါကြောင့်လဲ “ဖြေးဖြေးချင်း သာ ဖြစ်လာမှာ ဖြစ်ပါတယ်” လို့ Facebook ရဲ့ CTO က ပြောခဲ့ပါတယ်။ “ကိစ္စတစ်ခုလုံး ပြီးစီးဖို့ဆိုရင်တော့ ရက်တွေလတွေအများကြီးကို ဖြတ်သန်းရဦးမှာဖြစ်ပါတယ်” လို့ပြောခဲ့တာပဲဖြစ်ပါတယ်။

ဒါပေမယ့် ကိုယ်တိုင်ကြီးကြပ်လေ့လာခြင်း system မှာတော့ လူသား Programmer တစ်ယောက်က အညွှန်းတပ်ပေးစရာမလိုတော့ပဲ ဘာတွေ ပါနိုင်လဲဆိုတာကို ကြိုတင် ခန့်မှန်းမှာဖြစ်ပါတယ်။ ရလဒ်ကတော့ အညွှန်းတပ်ဖို့ကြာချိန်အနေနဲ့ Programmer တစ်ယောက်အတွက် နာရီ ၈၀ စာလောက်ပဲလိုတော့မှာဖြစ်ပါတယ်။ (အခုတောင် ပုံတွေထဲက စာတွေအထိ detect လုပ်နိုင်နေတာ နောက်ဆို ပိုပြီး လန့်စရာကောင်းလာတော့မှာပဲ)

AI တွေက company ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်ဆိုလိုက်တာကြောင့် လူတွေရဲ့  အတွေးအမြင်တွေကိုလည်း Facebook ရဲ့ CTO ဖြစ်သူက သတိထားမိခဲ့ပါတယ်။ ရိုးရှင်းတဲ့ အဖြေမဟုတ်တာကြောင့် လုပ်စရာတွေအများကြီးတော့ရှိနေမှာပါ။ ဖြေရှင်းနည်းတွေက ဘယ်တော့မှ ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိပေမယ့် ကျွန်တော်တို့ကတော့ ကြိုးစားနေရဦးမှာပါပဲလို့ သူကပြောခဲ့ပါတယ်။

Ref: PCMag and CNet