fbpx

This is digital planet.

AppleTech News

အလုံးရေ 35 သန်းရောင်းချခဲ့ရတဲ့ Apple ရဲ့ AirPods

Counterpoint Research ရဲ့ Report တွေအရ Apple အနေနဲ့ Airpods အလုံးရ စုစုပေါင်း ၃၅ သန်းရောင်းရခဲ့တယ်လို့သိရပါတယ်။ အေဂျင်စီရဲ့ထုတ်ပြန်ချက်အရ Airpods ဟာ ပေါ်ပြူလာအဖြစ်ဆုံး Hearable Device ဖြစ်တယ်လို့ဆိုပါတယ်။

US မှာရှိတဲ့ Media အများစုဟာ Wearable ဆိုတဲ့စကားလုံးကို Ear-wearing device ဒါမှမဟုတ် Audio Features နဲ့ Health tracking, AI assistant တို့ပါဝင်တဲ့ Smart wireless headset တို့မှာခွဲခြားသုံးလေ့ရှိပါတယ်။ ကောလာဟလတွေအရ Sec-generation AirPods wireless headset မှာ health tracking features တွေကိုပေါင်းစပ်ထည့်သွင်းပေးထားတယ်လို့သိရပါတယ်။

airpodsCounterpoint Research ရဲ့ပြောကြားချက်အရ လူအယောက် ၂၀၀ ကျော်ပါဝင်တဲ့ Online survey တစ်ခုပြုလုပ်ခဲ့ရာ ၁၉% က Apple ရဲ့ Brand ဖြစ်တာကြောင့်လို့တုံပြန့်ခဲ့ပါတယ်။ Survey Results တွေအရ AirPods ဝယ်ယူသူတော်တော်များများဟာ အသုံးပြုရလွယ်ကူပြီး သက်သောင့်သက်သာဖြစ်တာကြောင့် ဦးစားပေးရွေးချယ်ကြတယ်လို့သိရပါတယ်။ Sound quality ပိုင်းအနေနဲ့လည်း Counterpoint Research Survey မှာတော့ ၇၂% လောက်ဟာ AirPods ရဲ့ Sound quality အပေါ်မှုတည်၍ ရွေးချယ်ခဲ့တယ်လို့သိရပါတယ်။
Image result for airpodsApple အနေနဲ့ AirPods ရဲ့ရောင်းအားကိုတရားဝင်တော့ ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ဒါအပြင့် March 26 ရက်နေ့မှာပြုလုပ်မဲ့ ပြပွဲမှာတော့ Sec-generation AirPods Wireless headset ကိုထုတ်ပြန်မယ်လို့သိရပါတယ်။ လက်ရှိဈေးကွက်ထဲကကြားသိရတဲ့ ကောလာဟလ တွေအရ AirPods 2 ကို အမဲ နဲ့အဖြူ ကာလာတွေနဲ့ထွက်ရှိလာမယ်လို့သိရပါပြီး ဈေးနှုန်းအနေနဲ့ $199 လောက်ကျသင့်နိုင်တယ်လို့သိရပါတယ်။

တချိန်ထဲမှာပဲ AirPods 2 မှာတော့ Siri နဲ့နောက်ထပ် Health monitoring function တွေကိုလည်းထောက်ပံ့ပေးဖို့ကိုမျှော်လင့်ရပါတယ်။ Latest Bluetooth 5.0 ကို low energy standard တစ်ခုအနေနဲ့ပါဝင်လာနိုင်ပြီး Sound quality ပိုင်းကိုလည်း Qi Standard နဲ့ပိုမိုကောင်းမွန်အောင်ပြုလုပ်ပေးမယ်လို့မျှော်လင့်ပါတယ်။ AiPods အနေနဲ့ ၁၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ Feature လဲပါဝင်လာနိုင်ပါတယ်။

Ref: Gizchina