This is digital planet.

HonorHuaweiTech News


Zawgyi





Source

Unicode

အလွန်တောက်ပတဲ့ အနီရောင် နဲ့ ထွက်ရှိလာတဲ့ Honor 8X Red Edition ကို အိန္ဒိယမှာစတင်ရရှိနိုင်မည်

ပြီးခဲ့တဲ့လက Huawei ရဲ့ Sub-brand တစ်ခုဖြစ်တဲ့ Honor မှ Honor 8X ဆိုတဲ့ စမတ်ဖုန်းကိုစတင်မိတ်ဆက်ပေးခဲ့ပြီး အရောင် အနေနဲ့ Black နဲ့ Blue ဆိုပြီးထွက်ရှိလာခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Honor အနေနဲ့ Honor 8X အတွက် Red Color Edition တစ်ခုကိုလည်း အိန္ဒိယ မှာစတင်ရရှိနိုင်ပြီးဖြစ်ပါတယ်။

Honor 8X Red Edition ကတော့ ဖုန်းရဲ့အရောင် ၁ မျိုးထဲသာပြောင်းလဲသွားတာဖြစ်ပြီး ကျန်တဲ့ Specs ကတော့ အရင်ဖုန်းတွေနဲ့အတူတူပါပဲ။ လက်ရှိမှာတော့ Honor 8X Red Edition ကိုတော့ အိန္ဒိယ Amazon တခုထဲမှာပဲ Exclusive ဝယ်ယူနိုင်မှာတော့ဖြစ်ပါတယ်။

Honor 8X မှာတော့ 6.5-inch Full HD+ Notch ပါဝင်တဲ့ Display ရှိပြီး Screen-to-body ratio အနေနဲ့ 91 percent အထိရှိပါတယ်၊ Processor ကိုတော့ Huawei ရဲ့ကိုယ်ပိုင် Kirin 710 octa-core processor ကိုအသုံးပြုထားပြီး 4GB RAM + 64GB internal storage နဲ့ 6GB RAM + 64GB/128GB internal storage ပါဝင်ပါကာ ထပ်မံတိုးချဲဖို့အတွက် MicroSD slot ကိုလည်း တပ်ဆင်ပေးထားပါသေးတယ်။

ကင်မရာကိုတော့ 20MP primary sensor နဲ့ 2MP secondary sensor တို့ကိုကျောဘက်မှာတပ်ဆင်ထားပြီး LED flash နဲ့ Al-base Scene Recognition စတာတွေကိုလည်းထောက်ပံ့ပေးထားပါသေးတယ်။ ရှေ့ဘက်မှာတော့ 16MP ရှိတဲ့ selfie snapper ကိုတပ်ဆင်ထားပြီး Al beautify features တွေလည်းထောက်ပံ့ပေးထားပါတယ်။ Fingerprint sensor ကိုတော့ ကျောဘက်မှာတပ်ဆင်ထားပါတယ်။ Andriod 8.1 Oreo ကို EMUI 8.2 နဲ့ အုပ်ပြီး ဘက်ထရီ 3750 mAh လည်းပါဝင်ပါတယ်။

Source