This is digital planet.

realmeTech News

အသစ်ထွက်ရှိလာတော့မယ့် Realme XT ရဲ့ Full Specifications ပေါ်ထွက်လာ

Realme ဟာ Realme XT ရဲ့  Full Specifications ကို‌‌ Special Event တစ်ခုမှာ Show Case လုပ်သွားခဲ့ပါတယ်။ 64-megapixel quad camera setup ကိုသုံးလာမယ့် Realme XT ရဲ့ ထွက်ရှိမယ့်ရက်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။ Redmi ရဲ့ 64-megapixel quad camera phone မထွက်ခင်မှာ Realme XT ဟာ Aug. 29 မှာထွက်ရှိလာတော့မယ့် Redmi Note 8 Pro ရဲ့ ပြိုင်ဘက်အနေနဲ့ထွက်ရှိလာနိုင်ပါတယ်။

Realme XT မှာ Drewdro notchdisplay ကိုသုံးပေးထားပြီး ဖုန်းရဲ့ နောက်ဘက်မှာ မျဉ်းမတ်ပုံ quad camera setup ကို ဘယ်ဘက်ထောင့်မှာ တပ်ပေးထားပါတယ်။ ဖုန်းကတော့ 3D curved glass နဲ့ပြုလုပ်ပေးထားပါတယ်။ Event မှာ ပြထားတဲ့ပုံအရဆို Snow White နဲ့ Blue Color (နှစ်ရောင်‌ပြေး) ကိုရရှိနိုင်မှာပါ။ Design နဲ့ Specifications မှာတော့ မကြာသေးခင်ကမိတ်ဆက်ထားတဲ့ Realme 5 Pro နဲ့တူနေပါတယ်။ Realme XT ဟာ ရဲ့ Realme 5 Pro ရဲ့ advanced edition ဖြစ်တဲ့အတွက် မကြာခင်မှာ Realme XT Lite ကို ဈေးကွက်မှာမြင်ရဖို့ရှိနေပါတယ်။

Realme XT Specifications

Realme XT မှာ 6.4-inch AMOLED display ကိုသုံးပေးထားပြီး in-screen fingerprint reader ကိုထည့်ပေးထားပါတယ်။ Display က full HD+ resolution ထိရပါတယ်။ Realme 5 Pro လိုပဲ Snapdragon 712 chipset ကိုသုံးပေးထားပါတယ်။ အဲ့ SOC ကို 8 GB RAM ၊ 128 GB of UFS 2.1 storage နဲ့တွဲပေးထားပါတယ်။

Quad camera setup မှာတော့ 64-megapixel Samsung GW1 primary lens၊ 8-megapixel ultrawide lens၊ 2-megapixel dedicated macro lens နဲ့ 2-megapixel depth sensor ကိုထည့်ပေးထားပါတယ်။ Realme XT ရဲ့ 16-megapixel selfie camera ကိုတော့ Notch ထဲမှာထည့်ပေးထားပါတယ်။ Battery မှာတော့ 4,000mAh battery ကို VOOC 3.0 rapid charging support လာမှာပါ။ Android 9 အ‌‌‌ခြေခံ ColorOS 6.0 ကို ဖုန်းမှာ Run ပေးထားပြီး Smooth ဖြစ်တဲ့ Performance ရဖို့ HyperBoost 2.0 support ကိုသုံးပေးထားပါတယ်။

Image result for realme xt

Realme XT ဟာ ပြည်ပဈေးကွက်မှာ September လအတွင်း ရောင်းချဖို့ရှိနေပြီး Chinese Firm ကတော့ တရုတ်မှာ Realme 5 Pro ကို တံဆိပ်ပြောင်းထားတဲ့ Realme XT  မိတ်ဆက်လာမယ့် ပွဲကို Sept. 4 မှာကျင်းပမယ်လို့ မျှော်လင့်ထားပါတယ်။‌ ဈေးနှုန်းကတော့ ထွက်ရှိထားခြင်းမရှိသေးပါဘူး။

Ref: Gizmochina