fbpx

This is digital planet.

AppleTech News

အသစ်ထွက်ရှိလာသော iPhone 11 များ

Apple မှ အသစ်မိတ်ဆက်လိုက်တဲ့ iPhone 11 Model တွေက All round ပြည့်စုံသွားတဲ့ ဖုန်းတွေလို့ ပြောရင် မမှားပါဘူး။ ဒါပေမဲ့ ဒီစကားက Apple fan တွေအတွက်ပဲ ဖြစ်မှာပါ။ အခြား Android Flagship ကိုင်တဲ့သူတွေအတွက် ဘာမှထူးထူးခြားခြား ဖြစ်မသွားပါဘူး။ သို့သော် iPhone User တွေအတွက်တော့ All Round ပြည့်စုံသွားတဲ့ ဖုန်းတွေဆိုရင်မှန်ပါတယ်။ ၁၇ သိန်း ကျော်ပေး၀ယ်ထားတဲ့ iPhone မှာ အခြားဖုန်းတွေလို ညဘက်လင်းလင်းထင်းထင်းရိုက်နိုင်ဖို့ Night mode မပါသလို သူများတွေ Ultra-wide နဲ့ လန်းနေချိန်မှာ မျက်နှာငယ်ရပါတယ်။

အခု အသစ်ထွက်တဲ့ iPhone 11 ကို စာဖတ်သူ၀ယ်ယူမယ်ဆိုရင်တော့ ဒါတွေနဲ့ပက်သက်ရင် မျက်နှာငယ်ရမှာမဟုတ်တော့ပါဘူး။ ဘယ်လိုမျိုးဖြစ်လာသလဲဆိုရင် iPhone က iPhone မဟုတ်တော့ပဲ Android ပိုဆန်လာတယ်လို့ပဲ ပြောရမှပါ။ Android မှာ ရပြီးသား အရာတွေ ကို iPhone မှာလိုချင်တယ်ဆိုရင် Generation အနည်းငယ်သာ စောင့်လိုက်ပါ ရလာပါလိမ့်မယ်လို့ ပြောရမလိုဖြစ်နေပြီ။ ဆိုတော့ အသစ်ထွက်လာတဲ့ iPhone 11 နဲ့ပက်သက်ပြီး ဘာတွေတိုးတတ်ပြောင်းလဲလာလည်းဆိုတာ ဆက်ဖတ်ကြည့်ရအောင်…

Design

iPhone 11, 11 Pro & 11 Pro Max တို့ရဲ့ ရှေ့ဘက် Design က အရင် Generation တွေနဲ့ယှဥ်ရင် ဘာမှ မထူးခြား မပြောင်းလဲတဲ့ Design လို့ပြောလို့ရပါတယ်။ ဒါမဲ့ သိသာ ပြောင်းလဲသွားတာကတော့ ကျောဘက် Design ပါ။ Camera bump မှာ အရင် Model တွေလို သေးသေးသွယ်သွယ်မျိုး မဟုတ်တော့ပဲ Square ဆန်တဲ့ ပုံစံမျိုးနဲ့ သုံးပေးထားပါတယ်။ iPhone 11 Pro နဲ့ 11 Pro Max တို့အတွက်တော့ Camera Lens ၃ ခုပါ၀င်ပြီး ရိုးရိုး iPhone 11 မှာတော့ ၂ ခုပဲပါ၀င်ပါတယ်။

နောက်တစ်ခု Apple ရဲ့အချိန်အတော်ကြာ ခေါင်းမာစွာနဲ့ ကျောဘက် အပေါ်ဘက်ခြမ်းမှာထားရှိတဲ့ Apple ရဲ့ Logo ကို ဖုန်းကျောပြင် တစ်ခုလုံးရဲ့ အလယ်တည့်တည့်သို့ ရွေ့လိုက်ပါတယ်။ အရောင်တွေအနေနဲ့ ပိုပြီး စုံလာသလို အများထင်သလို စပ်စလူးအရောင် တွေသုံးထားတာလည်း မပါ၀င်ပါဘူး။ အရောင်တွေအနေနဲ့ iPhone 11 မှာတော့ Purple, White, Yellow, Green, Black and Product Red တို့ဖြစ်ပြီး 11 Pro နဲ့ Pro Max တို့မှာတော့ Midnight Green, Space Grey, Silver/White and Gold တို့ပဲ ဖြစ်ပါတယ်။

Display

Screen size အနေနဲ့ iPhone 11 Pro နဲ့ Pro Max မှာက 5.8 inches နဲ့ 6.5 inches တို့ပဲဖြစ်ပါတယ်။ Panel အမျိုးအစားကတော့ OLED Display အမျိုးအစားပါ။ iPhone 11 မှာ တော့ 6.1 inches IPS LCD အမျိုးအစားပဲ ဖြစ်ပါတယ်။ Screen Protection အနေနဲ့ ပွန်းရာ စင်းရာ ခံနိုင်အောင် Scratch-resistant glass ကို oleophobic coating နဲ့အုပ်ထားပေးပါတယ်။ iPhone 11 Pro နဲ့ Pro Max တို့မှာ Dolby Vision နဲ့ HDR10 တို့ ပါ၀င်ပြီး iPhone 11 မှာတော့ True-tone Display ပဲပါ၀င်ပါတယ်။ Resolution အနေနဲ့ iPhone 11 Pro နဲ့ Pro Max တို့မှာ Full HD+ အမျိုးအစားတွေဖြစ်ပြီး ရိုးရိုး iPhone 11 မှာတော့ iPhone XR လို FHD မပြည့်တဲ့ Resolution ပါ။ Apple အနေနဲ့ iPhone 11 Pro နဲ့ Pro Max တို့ ရဲ့ Display ကို Super Retina XDR display လို့နာမည်ပေးထားပါတယ် အဲ့အပြင် Brightness အားဖြင့် 1,200 nits ထိ လင်းပြီး Power ပိုင်းမှာဆိုရင်လည်း 15% energy ခြွေတာနိုင်ပါတယ်။

Camera

Camera ပိုင်းမှာ Intro မှာပြောခဲ့သလို အခြား Platform မတူတဲ့ Flagship တွေနဲ့ယှဥ်ရင် မျက်နှာငယ်စရာမဟုတ်တော့ပါဘူး။ အရင်ဦးဆုံး iPhone 11 ကနေစပါမယ် iPhone 11 ဆိုတာ သေချာပေါက် iPhone XR ရဲ့ မျိုးဆက်သစ်ဖြစ်ပါတယ်။ iPhone 11 မှာ dual camera နဲ့ လာမယ်ဆိုတာသိပေမဲ့ အကယ်လို့ Camera setup ပိုင်းမှာ ထင်သလိုမဟုတ်ခဲ့ရင် အတော်စိတ်ပျက်မိမှာလို့ တွေးခဲ့ပေမဲ့ အတွေးနဲ့ လက်တွေ့ လွဲခဲ့တယ်လို့ ပြောရမလိုဖြစ်ခဲ့ပါတယ်။ Dual camera ဆိုပေမဲ့ ပုံစံအသစ်မျိုးမဟုတ်ပဲ အရင် iPhone တွေလို Tele ကို Secondary lens အနေနဲ့ ထည့်ပေးမယ်ဆိုရင် iPhone 11 ဘ၀က iPhone XS သို့ iPhone XR ကို tele တပ်ပေးထားသလိုဖြစ်နေမှာပါ။ အဲ့လို ဂျင်းဦးမလားလို့ စိုးရိမ်ခဲ့ပေမဲ့ ဒီတစ်ခါတော့ Apple လုပ်ရပ် မှန်သွားပြီလို့ မြင်မိတယ်။

Tele ထက် Ultra က ပိုအသုံးတတ်နေတဲ့ ခေတ်မှာ Tele lens မသုံးပဲ Ultra သုံးပေးထားတာက iPhone 11 ရောင်းအားကို iPhone XR ရောင်းအားထက်တောင် ကျော်လွန်သွားစေနိုင်ပါတယ်။ နောက်ထပ် iPhone XR နဲ့ယှဥ်မယ်ဆိုရင် ပိုကောင်းစေတဲ့ အချက်က Portrait Mode ပါ iPhone XR မှာ Portrait Mode ရပေမဲ့ လူ တစ်မျိုးပဲကို ရိုက်လို့ရပါတယ် အခြားသော ခွေး၊ ကြောင်၊ အရာ၀တ္တုတွေ ရိုက်လို့မရပါဘူး။ iPhone 11 မှာ Ultra-wide လည်းပါတဲ့ အပြင် Portrait Mode ပိုင်းမှာလည်း လူအပြင် အခြား ကိုယ်နှစ်သက်ရာကိုလည်း Blur effect နဲ့ ရိုက်ကူးနိုင်ပါတယ်။ Camera specs တွေကတော့ 12 MP, f/1.8, 26mm (wide) နဲ့ 12 MP, f/2.4, 13mm (ultrawide) တို့ပဲ ဖြစ်ပါတယ်။ Ultra-wide ရဲ့ field of view မှာတော့ 120′ အထိ wide ရပါတယ်။ အခြား features တွေအနေနဲ့ Video Record လုပ်ရင် Ultra ကော ရိုးရိုးကော လွယ်ကူစွာ ပြောင်းလဲရိုက်ကူးနိုင်ပါတယ်။ Photo ရိုက်တဲ့အခါမှာဆိုရင်လည်း Ultra ကော ရိုးရိုးကော တစ်ပြိုက်နက်ထဲ ရိုက်ကူးနိုင်ပါတယ်။

iPhone 11 Pro နဲ့ Pro Max မှာဆိုရင် Standard wide, Tele and Ultra wide ဆိုပြီး ပြည့်စုံသွားအောင်လုပ်ထားတာပါ။ Camera Specs တွေကတော့ 12 MP, f/1.8, 26mm (wide), 12 MP, f/2.0, 52mm (telephoto) နဲ့12 MP, f/2.4, 13mm (ultrawide) တို့ပဲဖြစ်ပါတယ်။ အခြားသော features တွေအနေနဲ့ Video Record လုပ်ရင် Normal, Tele and Ultra တို့ကို လွယ်ကူစွာချိန်းနိုင်သလို Photo ရိုက်တဲ့အခါမှာလည်း တစ်ပြိုင်နက်ထဲ ၃ ပုံရိုက်ကူးနိုင်ပါတယ်။

Night mode 

ဟုတ်ပါတယ် iPhone တွေမှာ Night mode ပါ၀င်လာပါပြီ။ Apple အနေနဲ့ Google $399 တန်ဖုန်း ကြော်ငြာကို ခံပြင်းသွားတယ်နဲ့တူပါတယ် ငါလည်းရအောင်လုပ်နိုင်တယ်ကွလို့ ပြောလိုက်သလိုပဲ iPhone 11, 11 Pro & Pro Max တို့မှာ Night Mode ကိုထည့်ပေးလိုက်ပါပြီ။ အလုပ်လုပ်ပုံကတော့ မရိုက်ခင်မှာ 4 ပုံလောက်ကြိုရိုက်နေမှာဖြစ်ပါတယ် image fusion ကို အသုံးပြုပြီးတော့ Shorter နဲ့ Longer exposures ကိုပေါင်းကာ Motion တွေ Blur တွေကို လျော့ချပြီး ပိုကောင်းတဲ့ Low light ပုံတွေကို ထုတ်ပေးတာဖြစ်ပါတယ်။

Video

Video ပိုင်းမှာဆိုရင် iPhone 11, 11 Pro & Pro Max တို့က 4K ကို 60fps နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ Extended dynamic range ကိုလည်း 4K မှာ Support လုပ်ထားပါတယ်။ Selfie ပိုင်းမှာဆိုရင် 12MP Lens ကို သုံးပေးထားပြီး 4K selfie video တွေကို 30fps နဲ့ရိုက်ကူးနိုင်ပါတယ်။ အဲ့အပြင် Slo-motion တွေကို Selfie camera နဲ့ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

Image result for iphone 11 specs

Specs

Chipset ကို Apple ရဲ့ကိုယ်ပိုင် A13 Bionic chip ကို အသုံးပြုပေးထားပြီး Battery ပိုင်းမှာဆိုရင် iPhone 11 – 3110 mAh, iPhone 11 Pro – 3190 mAh နဲ့ iPhone 11 Pro Max – 3500 mAh တို့ကို အသီးသီး အသုံးပြုပေးထားပါတယ်။ iPhone 11 Pro နဲ့ Pro Max တို့မှာတော့ 18W fast charging ကို Support လုပ်ထားပါတယ်။

စျေးနှုန်းအနေနဲ့

iPhone 11 က $699 ကစမှာဖြစ်ပြီး iPhone XR ထက် $50 လောက်သက်သာနေပါတယ်။ iPhone 11 Pro နဲ့ Pro Max တို့မှာတော့ $999 နဲ့ $1099 တို့ကစတင်မှာ ဖြစ်ပါတယ်။