fbpx

This is digital planet.

GlobalizationTech News

အာကာသထဲမှာ မြင်တွေ့ရတော့မည့် Pepsi ကြော်ငြာ

ကျွန်တော်တို့တွေက ကြော်ငြာကို နေရာတိုင်းမှာ တွေ့ရပါတယ်။ Media ပိုင်းမှာဆိုရင် TV Commercial လား၊ Radio လား၊ Journal လား၊ Digital ပိုင်းမှာဆိုရင် Social Media လား၊ Website လား Search Engine လား စသဖြင့်တွေ့နေရပါတယ်။ နေ့စဉ်နဲ့အမျှ တွေ့မြင်နေရတဲ့ ကြော်ငြာတွေက မထူးဆန်းတော့ပါဘူး။ ဒါမဲ့ နောက်ထပ် Level တစ်ခုဖြစ်တဲ့ ကြော်ငြာကတော့ ညဘက် ကောင်းကင်မှာ စီးပွားရေး တံဆိပ် ကိုပျံဝဲပြီး ကြော်ငြာတာဖြစ်ပါတယ်။

ဒီကြော်ငြာဝန်ဆောင်မှုကို ပေးနေတာကတော့ Russia Company တစ်ခုဖြစ်တဲ့ StarRocket ပဲဖြစ်ပါတယ်။ သေးငယ်တဲ့ Satellite တွေကို ညဘက်ကောင်းကင်မှာပျံဝဲပြီး စီးပွားရေး တံဆိပ်တွေကို ပုံဖော်ကြော်ငြာပေးတာဖြစ်ပါတယ်။

StarRocket ရဲ့ ပထမဦးဆုံး ကြော်ငြာရှင်ကတော့ ကမ္ဘာကျော် Pepsi Brand ပဲဖြစ်ပါတယ်။ Pepsi Russia ရဲ့ ပြောခွင့်ရှိသူ Olga Mangova က ဒီကြော်ငြာမှုအတွက် StarRocket နဲ့ယုံကြည့်စွာ ပူးပေါင်းပြီးပီလို့ ပြောပါတယ်။ ဒီလို Orbital Billboard ကြော်ငြာက Market Communications ရဲ့ Revolution ဖြစ်တယ်လို့ သူမကပြောသွားပါသေးတယ်။

StarRocket က ၂၀၂၀ မှာ ဒီကြော်ငြာအတွက် Equipment များကို အာကာသထဲကိုလွှင့်တင်ဖို့ အဆင်သင့်ဖြစ်နေပြီး ကြော်ငြာကို စတင်ကြော်ငြာမှာက ၂၀၂၁ ခုနှစ်မှာဖြစ်ပါတယ်။ ဒီကြော်ငြာအတွက် ၈ နာရီစာကို $20,000 ခန့်ကျသင့်မှာဖြစ်ပါတယ်။

ကြော်ငြာနဲ့ပက်သက်တဲ့ အသေးစိတ်ကိုတော့ ဒီ Link မှာ ကြည့်လို့ရပါတယ်။

Ref: Digital Trend

Photos: StarRocket