fbpx

This is digital planet.

AppleTech News

အိန္ဒိယ ဈေးကွက်ကို iPhone 6s နဲ့ ပြန်လည် သိမ်းပိုက်ချင်နေတဲ့ Apple

အိန္ဒိယနိုင်ငံမှာ ရှိတဲ့ Apple ရဲ့ ဈေးကွက်ဝေစုကတော့ ကောင်းမွန်တယ်ဆိုတဲ့ အနေအထားမပြောနဲ့ ကျေနပ်စရာ အနေအထားမှာတောင် မရှိပါဘူး။ ဒါပေမယ့် Company ကတော့ ဒီလို အခြေအနေတွေကို iPhone 6s ကိုသုံးပြီး ပြောင်းလဲနိုင်ဖို့အတွက် မျှော်လင့်နေပါတယ်။ ဟုတ်ပါတယ်… အခုက ၂၀၁၉ ခုနှစ်တောင် ရောက်နေပြီဖြစ်ပြီး iPhone 6s ကတော့ ၂၀၁၅ ခုနှစ်မှာ ထွက်ထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Apple ရဲ့ Marketing campaign အသစ်ကတော့ ပြီးခဲ့တဲ့ ၃နှစ်လောက်က Handset ကို ပြန်ပြီး အရောင်းထုတ်တော့မှာဖြစ်ပါတယ်။

ဒီလို အခြေအနေတွေအောက်မှာတော့ Handset အဟောင်းတွေအတွက် အောင်မြင်နိုင်ဖို့လမ်း ရှိတယ် ဆိုတာကိုတော့ ယုံကြည်ဖို့တောင် ခဲယဉ်းပါတယ်။ Apple ဟာ ပြီးခဲ့တဲ့ ဇွန် လမှာကတည်းက တင်ပို့ခွန် ကင်းလွတ်နိုင်ဖို့ရန် အတွက် iPhone model အဟောင်းတွေကို အိန္ဒိယ မှာတင် တပ်ဆင်နေပြီဖြစ်ပါတယ်။ လက်တလော ကောလဟာလတွေအရတော့ အိန္ဒိယနိုင်ငံအတွင်းမှာတင် တပ်ဆင် ထုတ်လုပ်တဲ့ iPhone အရေအတွက် ပိုများလာနိုင်တယ်လို့ ဆိုကြပေမယ့် အခုထိတော့ ဖြစ်မလာသေးပါဘူး။

Ref: Gizchina