fbpx

This is digital planet.

SamsungTech News

အိန္ဒိယဈေးကွက်အတွက် Samsung Galaxy S10 series ရဲ့ဈေးနှုန်းများထွက်ပေါ်လာ

Samsung က Galaxy S10, Galaxy S10+ နဲ့ Galaxy S10e flagship ဖုန်းတွေကိုတော့ ယခုလာမယ့် Feb 20 မှာ စတင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဒီနေ့မှာတော့ အိန္ဒိယ မှာမိတ်ဆက်ပေးမဲ့ Galaxy S10 series ရဲ့ဈေးနှုန်းများထွက်ပေါ်လာခဲ့ပါတယ်။

ပေါက်ကြားလာခဲ့တဲ့ Leak တွေအရ Samsung India အနေနဲ့ Galaxy S10 series ကို March 6 ရက်နေ့ အိန္ဒိယမှာစတင်မိတ်ဆက်မယ်လို့သိရပါပြီး Model တစ်ခုရဲ့ Storage ပိုင်းအမျိူးအစား တစ်ခုနဲ့တစ်ခုကြားမှာ Rs.4000 ( မြန်မာငွေ ၉ သောင်းခန့်) ကွာဟမှုရှိလာနိုင်ပါတယ်။

Galaxy S10e ရဲ့ 6GB RAM + 128GB Storage model ကိုတော့ဈေးနှုန်းအနေနဲ့ ရူပီး ၅၀၀၀၀ (ဒေါ်လာ ၆၉၉ / မြန်မာငွေ ၁၁ သိန်းနီးပါး) ရှိတယ်လို့သိရပြီး Galaxy S10 အနေနဲ့ 6 GB RAM + 128GB အမျိူးအစားကို ရူပီး ၆၅၀၀၀ (ဒေါ်လာ ၉၁၀ / မြန်မာငွေ ၁၄ သိန်းနီးပါး) ရှိနိုင်တယ်လို့သိရပါတယ် အဲ့အပြင် 8GB RAM နဲ့ 512GB လည်းထွက်ရှိမှာဖြစ်ပါတယ်။

S10 Series ရဲ့အမြင့်ဆုံး Model တစ်ခုဖြစ်လာမဲ့ Galaxy S10+ အနေနဲ့ အိန္ဒိယဈေးကွက်မှာ ရူပီး ၇၅၀၀၀ (ဒေါ်လာ ၁၀၄၉ / မြန်မာငွေ ၁၆ သိန်းနီးပါး) နဲ့ထွက်ရှိလာမယ်လို့လည်းသိရပါတယ်။ ကောလဟလတွေအရ S10+ အနေနဲ့ 6GB RAM + 128GB , 8GB RAM + 512GB နဲ့ 12GB RAM + 1TB Storage တို့နဲ့ထွက်ရှိလာမယ်လို့လည်းသိရပါတယ်။

S10+ မှာ 1TB storage ပါဝင်မယ့်သတင်းကိုတော့ အမည်မဖော်သူ Samsung distributor တစ်ဦးမှအတည်ပြုထားတာဖြစ်ပြီး 1.5TB ပါဝင်မယ်လို့သိရကာ Users အနေနဲ့ 1TB storage အသုံးပြုလို့ရမယ်လို့သိရပါတယ်။ ဒါအပြင် 512 GB အထိ support လုပ်ထားတဲ့ microSD slot လည်းပါဝင်လာအုန်းမယ်လို့လည်းသိရပါတယ်။ S10+ ရဲ့ 12GB RAM + 1TB အမျိူးအစားရဲ့ ဈေးနှုန်းကတော့ ရူပီး ၁၀၀၀၀၀ (ဒေါ်လာ ၁၃၉၉ / မြန်မာငွေ ၂၁ သိန်းကျော်) လောက်ရှိမှာဖြစ်ပါတယ်။

Source