This is digital planet.

Tech News

အမေရိကန်ရဲ့မဟာမိတ်နိုင်ငံဖြစ်ပေမဲ့ 5G အတွက် Huawei နဲ့ပူးပေါင်းမယ့် ထိုင်း

Huawei, ZTE, Qualcomm နဲ့ အခြားကြီးမားတဲ့ဆက်သွယ်ရေး ကုမ္ပဏီအနည်းငယ်တို့ရဲ့ 5G technology ပြိုင်ပွဲဟာပြိုင်ဆိုင်မှုပြင်းထန်နေပြီး မတူညီတဲ့ နိုင်ငံအသီးသီးမှာရှိတဲ့ အော်ပရေတာတွေနဲ့ပူးပေါင်းပြီး 5G ကွန်ရက်ရရှိဖို့လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ ဒီကြားထဲမှာမှ Huawei အနေနဲ့ တရုတ်အစိုးရနဲ့ပက်သက်မှုရှိနေတယ်ဆိုတဲ့အကြောင်းပြချက်တွေကြောင့် US အပါအဝင်အခြားနိုင်ငံအချို့က Huawei ရဲ့ဆက်သွယ်ရေးပစ္စည်းတွေကိုအသုံးမပြုဖို့ကိုတားမြစ်ခံထားရတာဖြစ်ပါတယ်။

သို့သော်လည်း US ရဲ့ အာရှမှာ အချိန်အကြာကြီး မဟာမိတ်အဖြစ်တည်ရှိခဲ့တဲ့ ထိုင်း ကတော့ 5G ကွန်ရက်ရရှိဖို့အတွက် Huawei နဲ့လက်တွဲလိုက်ပါတယ်။ Huawei ရဲ့ဆက်သွယ်ရေးပစ္စည်းတွေဟာ လုံခြုံရေးဆိုင်ရာ သံသယရှိတယ်လို့ US က ဖိအားပေးတားမြစ်နေသော်လည်း မဟာမိတ် ထိုင်းအနေနဲ့ သိပ်ပြီး ဂရုတော့မစိုက်ခဲ့ပါဘူး။ ဒါကတော့ တရုတ်ကုမ္ပဏီ Huawei ရဲ့ အရှေ့တောင်အာရှမှပထမဆုံး 5G ကွန်ရက်အတွက်လုပ်ဆောင်မှုဖြစ်ပါတယ်။ သို့သော်လည်း ထိုင်းအနေနဲ့လည်း လုံခြုံရေး နဲ့ပက်သက်ပြီး စိုးရိပ်ပူပန်မှုရှိနေသော်လည်း ဒီ ပူပေါင်းမှုနဲ့ပက်သက်ပြီးတော့ ပက်သက်တယ်လို့လည်း မဆိုလို့ဘူးလို့ဆိုပါတယ်။

“ကျနော်တို့ဟာကမ္ဘာတစ်ဝန်းက စွပ်စွဲချက်တွေကိုအနီးကပ်စောင့်ကြည့်နေပါကြောင်း။ သို့သော်လည်း ဒီ 5G testbed project ဟာ နိုင်ငံအတွက်စမ်းသပ်ဆဲကာလပဲရှိပါကြောင်း”ကို ထိုင်းနိုင်ငံ Digital Economy ဝန်ကြီး Pichet ကပြောကြားသွားခဲ့ပါတယ်။

Chonburi Province မှာတည်ရှိတဲ့ Kasetsart University ရဲ့ Sriracha campus မှာပြုလုပ်တဲ့ 5G test bed ကြောင်းမိတ်ဆက်ပွဲမှာပြောကြားသွားခဲ့ပါတယ်။ ဆက်လက်ပြီး အစိုးရ အနေနဲ့ လည်း Huawei အပေါ်စွပ်စွဲချက်တွေနဲ့ပက်သက်ပြီး အတော်လေးကိုတော့ စိုးရိပ်မှုရှိနေကြောင်းကိုလည်းပြောဆိုသွားပါသေးတယ်။ ထိုင်း အနေနဲ့လည်း တစ်နိုင်ငံလုံးအတိုင်းအတာ အနေနဲ့ ၂၀၂၀ ခုနစ်မှာ 5G ကွန်ရက်အသုံးပြုနိုင်အောင်ကြိုးစားနေတယ်လို့သိရပါတယ်။ လက်ရှိမှာတော့ အရှေ့တောင်အာရှမှာ စင်ကာပူ နဲ့အပြိုင် 5G ရရှိဖို့ထိုင်းအနေနဲ့ကြိုစားလာပြီးဖြစ်ပါတယ်။

ဘန်ကောက်မှာရှိတဲ့ US သံရုံးအနေနဲ့လည်း ထိုင်းအနေနဲ့ 5G အတွက် Huawei နဲ့ပူးပေါင်းမှုနဲ့ပက်သက်ပြီး နိုင်ငံခြားအစိုးရရဲ့ ထိန်းချူပ်မှု ခွင့်ပြုချက်မရှိပဲဝင်ရောက်နိုင်တဲ့လုံခြုံရေးဆိုင်အရာ အကြောင်းပြချက်တွေ အန္တရာယ်များတဲ့ဆိုက်ဘာလှုပ်ရှားတွေကို သတိထားကိုင်တွယ်ဖို့နဲ့ ကိုယ်ပိုင်ဆက်သွယ်ရေးကွန်ရက်တွေကို သတိထားစောင့်ကြည့်ဖို့ကိုတိုက်တွန်းကြောင်း ပြောဆိုခဲ့ပါတယ်။

Huawei အနေနဲ့လက်ရှိမှာတော့ 5G အတွက် တရုတ်ပြင်ပမှာရှိတဲ့ ဆက်သွယ်ရေး ကုမ္ပဏီ ၃၀ ကျော်နဲ့ စီးပွားရေးစာချူပ်များချုပ်ဆိုထားပြီး နိုင်ငံအချို့မှာလည်း ဒေသခံ တယ်လီကွန်အော်ပရေတာတွေနဲ့ပူးပေါင်းဖို့ကို ဆွေးနွေးနေတယ်လို့လည်းသိရပါတယ်။ Huawei အနေနဲ့လည်း ဝေဖန်ချက်တွေအပေါ် ငြင်းဆန်လျက်လည်းရှိနေပါတယ်။

Source

Leave a Reply

Your email address will not be published.