fbpx

This is digital planet.

HuaweiTech News

အမေရိကန် သမ္မတ Trump က Huawei ကို U.S. Suppliers ဆီကနေ ဝယ်ယူခွင့်ပြန်ပေးမည်ဟုပြောကြား

တရုတ်နိုင်ငံ သမ္မတ Xi Jinping နဲ့ အမေရိကန် သမ္မတ Trump တို့ ယနေ့ စနေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ခုလိုဆွေးနွေးပြီးတဲ့နောက်မှာတော့ အမေရိကန်က တရုတ်နိုင်ငံအပေါ် ဖြေလျော့ပေးတဲ့အနေနဲ့ တရုတ်နိုင်ငံရဲ့ အင်အားအကြီးဆုံး နည်းပညာ Company ကြီးဖြစ်တဲ့ Huawei ကို U.S. Suppliers တွေဆီကနေ တင်သွင်းဝယ်ယူခွင့်ကို ခွင့်ပြုသွားပါတော့မယ်။

ဒီပြောကြားချက်ကို Osaka မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ အမေရိကန် သမ္မတ Trump အနေနဲ့ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့လကမှ အမေရိကန်ရဲ့ကုန်သွယ်ရေးဌာနကနေပြီး Huawei ကို Blacklist စာရင်းသွင်းခဲ့ပါတယ်။ ဒါကြောင့် Huawei အနေနဲ့ U.S. Suppliers တွေဆီကနေ ဝယ်သူတင်သွင်းခွင့်ကိုပိတ်ပင်ခံခဲ့ပါတယ်။ အခုအခါမှာတော့ ဂျပန်နိုင်ငံ အိုဆာကာ မှာကျင်းပတဲ့ ထိပ်သီးအစည်းအဝေးမှာ Trump နဲ့ Xi Jinping တို့နှစ်ဦး တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးမှုအရ တရုတ်နိုင်ငံနဲ့ အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေမှုကို နှစ်ဦးသဘောတူရပ်စဲလိုက်ပြီဖြစ်ပါတယ်။

Image result for huawei and trump

သူတို့နှစ်ဦးကြားဆွေးနွေးမှုမှာ Huawei ကိုလည်း တစိတ်တပိုင်းအဖြစ် ထည့်သွင်းဆွေးနွေးသွားခဲ့တာဖြစ်ပါတယ်။ Trump ရဲ့ပြောကြားချက်အရ သူ့အနေနဲ့ U.S Products တွေကို ရောင်းချသွားဖို့ခွင့်ပြုသွားမှာဖြစ်တဲ့အတွက် အမေရိကန် Company တွေအနေနဲ့ ရောင်းချနိုင်ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ယခုဆွေးနွေးမှုမှာ Huawei ကို အမေရိကန်အနေနဲ့ 5G Network နဲ့ပတ်သက်ပြီး ပိတ်ပင်တားဆီးတဲ့ ကိစ္စရပ်နဲ့ပတ်သတ်ပြီးလည်း ဆွေးနွေးတိုင်ပင်ခဲ့တယ်လို့လည်းသိရပါတယ်။

Ref: Bloomberg

Photo Credit: Susan Walsh/AP, KEVIN LAMARQUE/REUTERS