fbpx

This is digital planet.

OPPOTech News

အောက်တိုဘာ (၂၄)ရက်နေ့မှာ OPPO Reno2 နဲ့အတူ မိတ်ဆက်ပေးသွားတော့မယ့် OPPO Reno2 F

OPPO Myanmar ကနေ စတိုင်ကျတဲ့အသွင်အပြင်နဲ့ ဆန်းသစ်တဲ့နည်းပညာတွေ ပေါင်းစပ်ပါဝင်ထားတဲ့ OPPO Reno Series ရဲ့ ပထမမျိုးဆက်တွေကို မြန်မာနိုင်ငံမှာ ဇွန်လ (၁၃)ရက်နေ့က စတင်မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဇိုင်းပိုင်း လှပမှုတွေနဲ့ ဆန်းသစ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အားကောင်းမှုတွေကြောင့် စမတ်ဖုန်းချစ်သူတွေ သဘောကျနှစ်ခြိုက်ခဲ့ရတဲ့ စမတ်ဖုန်းတွေ ဖြစ်ခဲ့ပါတယ်။ Reno Series ရဲ့ပထမမျိုးဆက်လိုမျိုး စမတ်ဖုန်းချစ်သူတွေ နှစ်ခြိုက်ကြဦးမယ့် OPPO Reno2 နဲ့ Reno2 F စမတ်ဖုန်းအသစ်တွေကို OPPO Myanmar ကနေ အောက်တိုဘာလ (၂၄)ရက်နေ့မှာ မိတ်ဆက်ပေးပါတော့မယ်။ မိတ်ဆက်ပေးသွားမယ့် ဖုန်း (၂)လုံးထဲက Reno2 F လေးကို အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။

ဘယ်အချိန် ဘယ်နေရာကရိုက်ရိုက် အလှဆုံးပုံတွေကို ဖန်တီးပေးမယ့် 48MP Ultra Clear Quad Camera

OPPO Reno2 F မှာယခင် Reno Series ထက် camera ပိုင်းမှာ သိသိသာသာပြောင်းလဲတိုးတက်မှုတွေရှိလာပါတယ်။ OPPO Reno2 F မှာတော့ မတူညီတဲ့ ရှုထောင့်ကနေ အကောင်းဆုံး ပုံရိပ်တွေကို ရိုက်ကူးနိုင်မယ့် Quad Camera Set up နဲ့အတူ ပွဲထွက်လာမှာ ဖြစ်ပါတယ်။ Main Camera မှာဆိုရင် အလင်းဝင်ပေါက် F/1.79 ပါဝင်တဲ့ 48MP Ultra-Clear Main Lens ဟာဆိုရင် Sensor size က 1/2.25-inch ထိရှိတဲ့အတွက်ကြောင့် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ 119° Wide Angle Lens ကြောင့် ကျယ်ပြန့်လှတဲ့ ရှုခင်းပုံရိပ်တွေကို ရိုက်ကူးနိုင်မှာ ဖြစ်တဲ့အပြင် ခရီးသွားရင်း Video ရိုက်ရတာ ကြိုက်တဲ့သူတွေအတွက် Ultra Wide Angle Video လည်း ပေါင်းစပ်ပါဝင်ထားပါတယ်။ Portrait ပုံထွက်ကောင်းကောင်းလေးတွေကို ရိုက်ကူးနိုင်ဖို့အတွက် 2MP Mono Lens နဲ့ 2MP Portrait Lens တွေမှာ monochrome နဲ့ retro style တွေနဲ့ ရိုက်ကူးနိုင်ဖို့ O6 နဲ့ O7 effect အသစ်တွေကို ထပ်မံထည့်သွင်းပေးထားပါတယ်။

ကြည့်လိုက်တာနဲ့ Premium feel ကိုရရှိစေမယ့် OPPO Reno2 F ရဲ့ ဒီဇိုင်းပိုင်း

ဒီဇိုင်းပိုင်းကိုကြည့်လိုက်မယ့်ဆိုရင် 3D curved glass body ကို 5th Generation Corning® Gorilla® Glass နဲ့ပြုလုပ်ပေးထားတဲ့အတွက် တောင့်တင်းပြီး တာရှည်ခံမယ့်အပြင် လက်ထဲမှာ grip ကောင်းကောင်းနဲ့ ကိုင်နိုင်မှာ ဖြစ်ပါတယ်။ OPPO Reno2 F မှာ သဘာဝတရားကြီးရဲ့လှပတဲ့ အရောင်တွေဖြစ်တဲ့ ပြာလဲ့လဲ့ကောင်းကင်ကြီးကို အလှဆင်ထားတဲ့ အဖြူရောင် တိမ်တိုက်လေးတွေရဲ့ Sky White နဲ့ တောတောင်တွေကြားထဲက ရေကန်လေးတစ်ခုကို ကိုယ်စားပြုမယ့် Lake Green အရောင်တွေကို ခေတ်မှီတဲ့ manufacturing techniques တွေကို သုံးပြီး အသေးစိတ်လုပ်ဆောင်ထားပါတယ်။

ညဘက်ပုံရိပ်တွေကို အသေးစိတ်ရိုက်ကူးနိုင်မယ့် Ultra Night Mode 2.0

Reno2 F မှာဆိုရင် ညဘက် ဓာတ်ပုံတွေရိုက်ကူးရာမှာ ဖြစ်တတ်တဲ့ noise များတာတွေအတွက် Multi-frame Noise Reduction နည်းပညာက အကောင်းဆုံးလျှော့ချပေးမှာ ဖြစ်သလို low light မှာအကောင်းဆုံးစွမ်းဆောင်ပေးမယ့် ကြီးမားတဲ့ Sensor၊ Aperture တွေတပ်ဆင်ထားတဲ့အတွက် high dynamic range (HDR) ပုံထွက်တွေကို ညဘက်မှာပါ ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် AI Portrait က ညဘက်ပုံတွေရိုက်တဲ့အခါမှာ မျက်နှာနဲ့နောက်ခံ background ကို သေချာစွာ ခွဲခြားပေးပြီး skin tone မညီတဲ့ပြဿနာတွေကိုလည်း ဖြေရှင်းပေးသွားဦးမှာ ဖြစ်ပါတယ်။

အောက်တိုဘာလ (၂၄)ရက်နေ့မှာ မိတ်ဆက်ပေးသွားတော့မယ့် OPPO Reno2 F စမတ်ဖုန်းမှာ Quad Camera၊ လှပတဲ့ ဒီဇိုင်းပိုင်း၊ Ultra Wide Angle Video နဲ့ Ultra Night Mode 2.0 တို့နဲ့အတူ 6.5” ရှိတဲ့ မျက်နှာပြင်ပြည့် Sunlight AMOLED Screen၊ 8GB RAM/ 128GB ROM နဲ့ VOOC 3.0 အမြန်အားသွင်းစနစ်တွေလည်း ပါဝင်လာဦးမှာ ဆိုတော့ ဘယ်လိုဈေးနှုန်းနဲ့ ရောင်းပေးသွားမလဲဆိုတာ ရင်ခုန်စွာနဲ့ စောင့်မျှော်လိုက်ရအောင်နော်။

Press release by OPPO.