fbpx

This is digital planet.

HuaweiTech News

ကျောဘက်ကင်မရာသုံးလုံး နဲ့ Kirin 710 ပါဝင်လာတဲ့ Huawei Nova 4e

Huawei အနေနဲ့ မနေ့က P30 series ရဲ့ Lite Version ဖုန်းဖြစ်တဲ့ P30 Lite ( Nova 4e ) ကိုတရုတ်မှာမိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ Nova 4e မှာတော့ အဓိကပြောင်းလဲသွားတာကတော့ Selfie Camera ဖြစ်ပြီး 32MP ပါဝင်လာခဲ့တာဖြစ်ပါတယ်။ ဒါအပြင် အရင်Model တုန်းကလို ရိုးရိုး Notch မဟုတ်ပဲ Water-drop Notch ကိုပြောင်းသုံးပေးထားပါတယ်။

– Huawei Nova 4e Specifications and Features

3D Glass ကိုသုံးထားတဲ့ Huawei Nova 4e အနေနဲ့ အရွယ်အစား 152.9 x 72.7 x 7.4 mm ရှိပြီး White Black နဲ့ Blue ဆိုပြီးထွက်ရှိလာတာပါ။ IPS LCD display ကိုသုံးထားပြီး 6.15-inch ရှိကာ Full HD+ Resolution (1080 x 2312 Pixels) နဲ့ထောက်ပံ့ပေးထားပါတယ်။ Aspect Ratio အနေနဲ့ 19.5:9 ရှိပါတယ်။ TUV Rheinland Certification ရရှိထားပြီး အန္တရာယ်ရှိတဲ့ Blue Light တွေကိုလည်း မျက်လုံးမထိအောင်ကာကွယ်ပေးထားပါတယ်။

Kirin 710 Chipset နဲ့အတူ RAM 4GB / RAM 6GB ပါဝင်မှာဖြစ်ကာ 128GB storage ထည့်သွင်းထားမှာဖြစ်ပြီး ထပ်မံတိုးချဲ့အသုံးပြုဖို့အတွက် MicroSD slot လည်းပါဝင်မှာပါ။ Andriod 9 Pie OS အခြေခံ EMUI 9 နဲ့ဖုံးအုပ်ပေးထားမှာဖြစ်ကာ GPU Turbo 2.0 ကိုလည်း Graphics Performance အတွက်အားဖြည့်ပေးထားပါတယ်။

Nova 4e ရဲ့ ရှေ့ဘက် ကင်မရာကိုတော့ 32MP selfie camera ကိုသုံးပေးထားပါတယ်။ ဒါကြောင့်ကောင်းမွန်တဲ့ပုံတွေကို အလင်းရောင်အားနည်းတဲ့အနေအထားမျိုးမှာတောင်ကောင်းစွာရိုက်ကူးနိုင်မှာပါ။ ကျောဘက် Glass မှာတော့ ကင်မရာ ၃ လုံးထည့်သွင်းပေးထားပါတယ်။ 24MP primary sensor + 120-degree 8MP wide-angle lens နဲ့ Depth Sensor 2MP တို့ပါဝင်ပြီး AI features ကိုလည်းထည့်သွင်းပေးထားပါတယ်။

Fingerprint ကိုတော့ Nova 3e မှာအတိုင်းပဲ ကျောဘက်မှာပါဝင်ပြီး AI Face Unlock ကိုလည်းထည့်သွင်းပေးထားပါတယ်။ ဘက်ထရီကတော့ Nova 3e မှာပါဝင်တဲ့ 3000mAh ထက် အနည်းငယ် ပိုများတဲ့ 3340 mAh ကိုသုံးထားပြီး 18W fast charging နဲ့ထောက်ပံ့ပေးထားပါတယ်။ အခြား Connectivity feature တွေအနေနဲ့ Dual-SIM , 4G VoLTE , WiFi 802.11ac , Bluetooth 4.2 , USB-C နဲ့ 3.5mm Audio Jack ပေါက်တို့ ပါဝင်ပါတယ်။

– Huawei Nova 4e Price and Release Date

Huawei Nova 4e ကိုတော့ တရုတ်မှာ model နှစ်မျိူးနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။

4GB RAM + 128 GB storage ကိုတော့ ယွမ် ၁၉၉၉ ( ဒေါ်လာ ၂၉၇ / မြန်မာငွေ ၄ သိန်းခွဲ ) ၊

6GB RAM + 128GB storage ကိုတော့ ယွမ် ၂၂၉၉ ( ဒေါ်လာ ၃၄၂ / မြန်မာငွေ ၅ သိန်း ၂ သောင်း ) ခန့်ကျသင့်မှာဖြစ်ပါတယ်။

အရင် version ဖြစ်တဲ့ Nova 3e ကိုတော့ မြန်မာပြည်ဈေးကွက်မှာ စစထွက်ရှိစဉ်က ၃၃၉၀၀၀ နဲ့စတင်ရောင်းချခဲ့တာဖြစ်ပေးမဲ့ ယခုထွက်ရှိလာတဲ့ Nova 4e အနေနဲ့ ၁ သိန်းခွဲဝန်းကျင်လောက် ပိုမိုများပြားဖွယ်ရှိနေပါတယ်။ Huawei Nova 4e ကိုတော့လက်ရှိအချိန် တရုတ်မှာ pre-orders မှာယူနိုင်မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်က Huawei အနေနဲ့ Nova 3e ကို ဥရောပ နဲ့ နိုင်ငံတချို့မှာ P20 Lite ဆိုပြီးမိတ်ဆက်ပေးခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်မှာလည်း ထို့သို့ရောင်းချလာမှာဖြစ်ပါတယ်။ Huawei P30 Series ရဲ့ကျန်ရှိတဲ့ဖုန်းတွေကိုတော့ Huawei အနေနဲ့ အခု March 28 ရက်နေ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။

Ref: Gizmochina