This is digital planet.

SonyTech News

ေက်ာဘက္ ကင္မရာ ၃ လံုး နဲ႕ ႀကီးမားတဲ့ 6.5″ screen ကိုအသံုးျပဳထားတဲ့ Sony ရဲ႕ Xperia XZ4 ရဲ႕ပံုရိပ္မ်ားထြက္ေပၚလာ

Zawgyi

Sony အေနနဲ႕လက္ရွိအခ်ိန္မွာေတာ့ Multi-Camera ေတြအျပိဳင္အဆိုင္ထည့္သြင္းေနက်တဲ့ ျပိဳင္ပြဲမွေတာ့ အနည္းငယ္ေနာက္က်လို႕ေနျပီး အခုအခ်ိန္မွာေတာ့ Xperia XZ4 နဲ႕အမီွလိုက္ဖို႕ေတာ့ ႀကိဳးစားေနပါတယ္။ @OnLeaks နဲ႕ MySmartPrice တုိ႕လို CAD-Based Renders ေတြရဲ႕ေဖာ္ျပခ်က္အရ Sony ရဲ႕ေနာက္ထြက္ရွိလာမဲ့ Xperia XZ4 မွာ ေက်ာဘက္ ကင္မရာ ၃ လံုး နဲ႕ ျကီးမားတဲ့မ်က္နာျပင္တစ္ခုပါဝင္မယ္လို႕လည္းသိရပါတယ္။

ဘယ္လို႕ကင္မရာ ၃ လံုးတပ္ဆင္ထားမလည္းဆိုတာကိုေတာ့မသိရေသးေပးမဲ့ Sony ရဲ႕ ပထမဆံုးေက်ာဘက္ကင္မရာ ၃ လံုးပါဝင္တဲ့ စမတ္ဖုန္းျဖစ္လာမွာပါ။ အရင္က Sony အေနနဲ႕ Xperia XZ2 Premium မွာ 19 MP main sensor နဲ႕ 12MP black & white sensor တို႕ကိုတပ္ဆင္ထားပါတယ္။ ဒါ့အျပင္ Xperia XA2 Ultra မွာေတာ့ ေရွ႕ဘက္ ကင္မရာ ၂ လံုး ပါဝင္ ခဲ့တာျဖစ္ျပီး အခုထြက္ရွိမဲ့ XZ4 မွာေတာ့ ေရွ႕ကင္မရာ ၁ လံုးပဲ ပါဝင္မယ္လို႕သိရပါတယ္။

Screen ကိုေတာ့ Xperia XZ3 မွာ 6.0″ သာရွိခဲ့ေပးမဲ့ အခု Xperia XZ4 ကိုေတာ့ 6.5″ အထိတုိးခ်ဲထားမယ္လို႕လည္းသိရပါတယ္။ Aspect ratio အေနနဲ႕ကေတာ့ 19.5:9 ထက္မ်ားႏုိင္ဖြယ္ရွိကာ notch ပါဝင္မွမဟုတ္ဘူးလို႕လည္းသိရပါတယ္။

အလ်ား 166.9 mm ရွိတဲ့အတြက္ လက္ရွိဖုန္းေတြထက္စာရင္ ရွည္တယ္လို႕ေျပာလို႕ရပါတယ္။ Fingerprint reader ကိုေတာ့ ေက်ာဘက္မွာမေတြ႕ခဲ့ရတဲ့အတြက္ အရင္လိုပဲ Sony ရဲ႕ထံုးစံအတိုင္း ဖုန္းရဲ႕ ေဘးေဘာင္ဘက္မွာပဲသံုးလာဖြယ္ရွိပါတယ္။

Xperia XZ4 ကိုေတာ့ ပံုမွန္ ဒီဇိုင္းကေနေသြဖယ္ျပီး ေအာက္ဖက္စပီကာေတြကိုေတာ့ Screen ရဲ႕ေဘာင္တစ္ခုမွာထည့္သြင္းထားမွာျဖစ္တဲ့အတြက္ screen-to-body ratio ပိုမ်ားလာဖို႕ရွိေနပါတယ္။ 3.5mm နားျကပ္ေပါက္ပါဝင္လာဖို႕မရွိပဲ USB-C Port နဲ႕ခ်ိတ္ဆက္အသံုးျပဳရမယ္လို႕သိရပါတယ္.Sony Xperia XZ4 ကိုေတာ့ ေနာက္ႏွစ္ February မွာျပဳလုပ္မဲ့ MWC ပြဲမွာ Sony အေနနဲ႕ ပြဲထုတ္လာဖို႕လည္းခန္႕မွန္းရပါတယ္။

“Observe Here. Trust Yourself”

Source

Unicode

ကျောဘက် ကင်မရာ ၃ လုံး နဲ့ ကြီးမားတဲ့ 6.5″ screen ကိုအသုံးပြုထားတဲ့ Sony ရဲ့ Xperia XZ4 ရဲ့ပုံရိပ်များထွက်ပေါ်လာSony အနေနဲ့လက်ရှိအချိန်မှာတော့ Multi-Camera တွေအပြိုင်အဆိုင်ထည့်သွင်းနေကျတဲ့ ပြိုင်ပွဲမှတော့ အနည်းငယ်နောက်ကျလို့နေပြီး အခုအချိန်မှာတော့ Xperia XZ4 နဲ့အမှီလိုက်ဖို့တော့ ကြိုးစားနေပါတယ်။ @OnLeaks နဲ့ MySmartPrice တို့လို CAD-Based Renders တွေရဲ့ဖော်ပြချက်အရ Sony ရဲ့နောက်ထွက်ရှိလာမဲ့ Xperia XZ4 မှာ ကျောဘက် ကင်မရာ ၃ လုံး နဲ့ ကြီးမားတဲ့မျက်နာပြင်တစ်ခုပါဝင်မယ်လို့လည်းသိရပါတယ်။

ဘယ်လို့ကင်မရာ ၃ လုံးတပ်ဆင်ထားမလည်းဆိုတာကိုတော့မသိရသေးပေးမဲ့ Sony ရဲ့ ပထမဆုံးကျောဘက်ကင်မရာ ၃ လုံးပါဝင်တဲ့ စမတ်ဖုန်းဖြစ်လာမှာပါ။ အရင်က Sony အနေနဲ့ Xperia XZ2 Premium မှာ 19 MP main sensor နဲ့ 12MP black & white sensor တို့ကိုတပ်ဆင်ထားပါတယ်။ ဒါ့အပြင် Xperia XA2 Ultra မှာတော့ ရှေ့ဘက် ကင်မရာ ၂ လုံး ပါဝင် ခဲ့တာဖြစ်ပြီး အခုထွက်ရှိမဲ့ XZ4 မှာတော့ ရှေ့ကင်မရာ ၁ လုံးပဲ ပါဝင်မယ်လို့သိရပါတယ်။

Screen ကိုတော့ Xperia XZ3 မှာ 6.0″ သာရှိခဲ့ပေးမဲ့ အခု Xperia XZ4 ကိုတော့ 6.5″ အထိတိုးချဲထားမယ်လို့လည်းသိရပါတယ်။ Aspect ratio အနေနဲ့ကတော့ 19.5:9 ထက်များနိုင်ဖွယ်ရှိကာ notch ပါဝင်မှမဟုတ်ဘူးလို့လည်းသိရပါတယ်။

အလျား 166.9 mm ရှိတဲ့အတွက် လက်ရှိဖုန်းတွေထက်စာရင် ရှည်တယ်လို့ပြောလို့ရပါတယ်။ Fingerprint reader ကိုတော့ ကျောဘက်မှာမတွေ့ခဲ့ရတဲ့အတွက် အရင်လိုပဲ Sony ရဲ့ထုံးစံအတိုင်း ဖုန်းရဲ့ ဘေးဘောင်ဘက်မှာပဲသုံးလာဖွယ်ရှိပါတယ်။

Xperia XZ4 ကိုတော့ ပုံမှန် ဒီဇိုင်းကနေသွေဖယ်ပြီး အောက်ဖက်စပီကာတွေကိုတော့ Screen ရဲ့ဘောင်တစ်ခုမှာထည့်သွင်းထားမှာဖြစ်တဲ့အတွက် screen-to-body ratio ပိုများလာဖို့ရှိနေပါတယ်။ 3.5mm နားကြပ်ပေါက်ပါဝင်လာဖို့မရှိပဲ USB-C Port နဲ့ချိတ်ဆက်အသုံးပြုရမယ်လို့သိရပါတယ်.Sony Xperia XZ4 ကိုတော့ နောက်နှစ် February မှာပြုလုပ်မဲ့ MWC ပွဲမှာ Sony အနေနဲ့ ပွဲထုတ်လာဖို့လည်းခန့်မှန်းရပါတယ်။

“Observe Here. Trust Yourself”

Source