This is digital planet.
OPPOTech News
Zawgyi
OPPO အနေနဲ့လည်း Screen ထဲမှာ ရှေ့ကင်မရာကိုထည့်သွင်းထားတဲ့ ဒီဇိုင်းအသစ်တစ်မျိုး ဖန်တီးနေတယ်လို့လည်း Wang က ထပ်မံပြောကြားခဲ့တာ ၂၀၂၀ မတိုင်ခင်ထွက်ရှိလာဖို့လည်းရှိတယ်လို့သိရပါတယ်။ တရုတ်အင်အားကြီးစမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi နဲ့ Lenovo အနေနဲ့လည်း ကွေးခေါက်နိုင်တဲ့ Display တွေထုတ်လုပ်နိုင်ဖို့အတွက်ကိုလည်း ကြိုးစားနေတယ်လို့သိရပြီး နောက်နှစ် ၂၀၁၉ ကတော့ ကွေးကောက်နိုင်တဲ့ စမတ်ဖုန်းတွေ နဲ့ 5G စမတ်ဖုန်းတွေ့ ပြည့်နှက်နေတော့မှာဖြစ်ပါတယ်။
Source
Unicode
ကွေးခေါက်နိုင်တဲ့စမတ်ဖုန်း ကို နောက်နှစ် Feb မှာပြုလုပ်မဲ့ MWC 2019 မှာမိတ်ဆက်ပေးမယ်လို့အတည်ပြုလိုက်တဲ့ OPPO
Samsung , Huawei နဲ့ LG တို့ယှဉ်ပြိုင်နေကျတဲ့ ကွေးခေါက်နိုင်တဲ့စမတ်ဖုန်းထုတ်လုပ်မှုပြိုင်ပွဲထဲကို နောက်ထပ် တရုတ်စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ OPPO ဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ OPPO ရဲ့ Product Manager တစ်ဦးဖြစ်တဲ့ Chuck Wang ရဲ့အတည်ပြုချက်အရ OPPO အနေနဲ့ သူတို့ရဲ့ ပထမဆုံး ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းကို ၂၀၁၉ ခုနစ် ဖော်ဖဝါရီလ မှာပြုလုပ်မဲ့ Mobile World Congress ( MWC ) 2019 မှာမိတ်ဆက်ပေးမယ်လိုသိရပါတယ်။ Wang အနေနဲ့ ကွေးခေါက်နိုင်မဲ့ စမတ်ဖုန်းမိတ်ဆက်ဖို့ကိုပဲအတည်ပြုပေးခဲ့တာဖြစ်ပြီး အဆိုပါစမတ်ဖုန်းမှာပါဝင်မဲ့ Spec နဲ့ release date ကိုတော့ မပြောကြားသွားခဲ့ပါတယ်။ ဒါကြောင့် OPPO ရဲ့ ကွေးခေါက်နိုင်တဲ့စမတ်ဖုန်းအနေနဲ့ Samsung ရဲ့ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းနဲ့တူမလား Huawei ရဲ့ ကွေးခေါက်နိုင်တဲ့ စမတ်ဖုန်းနဲ့တူမလားဆိုတာကိုတော့ အတည်ပြုလို့မရသေးပါဘူး ပြီးခဲ့တဲ့လ အနည်းငယ်က Samsung အနေနဲ့ OPPO နဲ့ Xiaomi တို့ကို Infinity Flex Display အသုံးပြုဖို့ကိုစတင်ခွင့်ပြုခဲ့တာဖြစ်တယ်လို့သတင်းတွေအရလည်းသိရပါတယ်။
ဒါအပြင် OPPO Product Manager Wang အနေနဲ့လည်း ကုမ္ပဏီအနေနဲ့ ပထမဆုံး 5G စမတ်ဖုန်းကို ၂၀၁၉ ခုနစ်ထဲမှာ မိတ်ဆက်ပေးဖို့ရှိတယ်လို့လည်းပြောကြားခဲ့ပါတယ်။ ခန့်မှန်းချက်တွေ အရေ တော့ အဆိုပါ စမတ်ဖုန်းဟာ Find Series ထဲက ထွက်ရှိလာဖွယ်ရှိကာ Flagship ဖုန်းတစ်ခုဖြစ်လာဖွယ်လည်းရှိပြီး အဆိုပါ 5G ဖုန်းကိုဟာ ဥရောပ စျေးကွက် ပထမဆုံးရောက်ရှိနိုင်ဖွယ်ရှိပါတယ်။
OPPO အနေနဲ့လည်း Screen ထဲမှာ ရှေ့ကင်မရာကိုထည့်သွင်းထားတဲ့ ဒီဇိိုင်းအသစ်တစ်မျိုး ဖန်တီးနေတယ်လို့လည်း Wang က ထပ်မံပြောကြားခဲ့တာ ၂၀၂၀ မတိုင်ခင်ထွက်ရှိလာဖို့လည်းရှ်ိတယ်လို့သိရပါတယ်။ တရုတ်အင်အားကြီးစမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Xiaomi နဲ့ Lenovo အနေနဲ့လည်း ကွေးခေါက်နိုင်တဲ့ Display တွေထုတ်လုပ်နိုင်ဖ်ို့အတွက်ကိုလည်း ကြိုးစားနေတယ်လို့သိရပြီး နောက်နှစ် ၂၀၁၉ ကတော့ ကွေးကောက်နိုင်တဲ့ စမတ်ဖုန်းတွေ နဲ့ 5G စမတ်ဖုန်းတွေ့ ပြည့်နှက်နေတော့မှာဖြစ်ပါတယ်။
Source