fbpx

This is digital planet.

Tech NewsXiaomi

ဈေးသက်သာမယ်၊ ကြာမယ်၊ Xiaomi Foldable

Foldable Smartphone တွေကိုယ်စီနဲ့ MWC 2019 မှာ အပြိုင်ကြဲခဲ့ကြတဲ့ Samsung နဲ့ Huawei တို့ကတော့ သူတို့ဖုန်းကိုယ်စီကို ရောင်းချဖို့အထိ ပြင်ဆင်ပြီးဖြစ်ပေမယ့် MWC မတိုင်ခင်ကတည်းက Teaser Video ထွက်ခဲ့တဲ့ Xiaomi ကတော့ ခုချိန်ထိငြိမ်ချက်သားကောင်းနေတာဟာ Mi Fan တွေအတွက် အားမရစရာပါ။ ဘေးနှစ်ဖက်စလုံးကနေ ပြိုင်တူခေါက်ချိုးလို့ရတဲ့ Design ကို ချပြနိုင်ခဲ့တဲ့ Xiaomi အနေနဲ့ Tech Reviewer တွေရဲ့ချီးကျူးမှုကိုရခဲ့ပေမယ့် ခုချိန်ထိ အဲဒီဖုန်းအပေါ် တရားဝင်နာမည်တောင် မပေးရသေးတဲ့အထိ ဘာမှဆက်ဖြစ်မလာခဲ့ပါဘူး။

ခုချိန်မှာတော့ တရုတ်မီဒီယာတစ်ခုကနေ ထွက်ပေါ်လာတဲ့သတင်းကြောင့် Xiaomi ရဲ့ Flexible Phone ဈေးနှုန်းနဲ့ ရောင်းချမယ့်အချိန်ကို သိရှိခဲ့ရပါပြီ။ သူတို့အဆိုအရ Mi Flex ရဲ့ ဈေးနှုန်းဟာ ၉၉၉ ဒေါ်လာ ဝန်းကျင်ပဲကျသင့်မှာဖြစ်ပြီး ၂၀၁၉ ရဲ့ ဒုတိယနှစ်ဝက်၊ ဒါမှမဟုတ် နှစ်ကုန်လောက်မှာ ရောင်းချသွားနိုင်မယ်လို့ သိရှိရပါတယ်။ ဒီဈေးသာ အတည်ဖြစ်ခဲ့ရင်တော့ လက်ရှိမှာ $2000 နဲ့အထက်ရှိနေတဲ့ Foldable Smartphone ဈေးကွက်အပေါ်မှာ အတော်လေးရိုက်ခတ်မှုပြင်းထန်သွားမှာပါ။

သေချာသလောက်ရှိတဲ့ သူ့ရဲ့ Specification တွေထဲမှာတော့ Snapdragon 855, 8GB ထက်မနည်းတဲ့ RAM, AMOLED Display နဲ့ Quick Charge စတာတွေပါဝင်နေပြီး MIUI ကိုလည်း ဖုန်းရဲ့ခေါက်၊ ဖြန့်မှုအပေါ်မူတည်ပြီး အဆင်ပြေပြေသုံးနိုင်မယ့် ပြောင်းလဲမှုတစ်ချို့ကို မြင်တွေ့ရနိုင်ပါတယ်။ နောက်ပြီး Lin Bin စမ်းသပ်ပြသွားတဲ့ Prototype မှာ Camera ကို မမြင်တွေ့ခဲ့ရတာကြောင့် Camera Position အနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာကလည်း စိတ်ဝင်စားစရာပါ။ Foldable Smartphone တွေ ခုထက်ပိုပြီး Stable ဖြစ်မယ့်အချိန်တစ်ခုကို စောင့်ဆိုင်းနေတယ်ဆိုတဲ့ President Lin Bin ရဲ့စကားအရ Xiaomi ရဲ့ Foldable Smartphone ဟာ အခွင့်ကောင်းအခါကောင်းကို စောင့်စားနေတဲ့ “Hidden Dragon” ဖြစ်လာနိုင်ပါတယ်။

Ref: Gizchina