fbpx

This is digital planet.

MeizuTech News

ေဒၚလာ ၁၄၉ (ခန္႕မွန္း) သာရွိတဲ့ Meizu Note 9 မွာ SD 675 နဲ႕ 48MP ပါဝင္လာမည္

Zawgyi

Leak ျဖစ္လာတဲ့ Meizu Note 9 ရဲ႕ ပံုရိပ္ေတြဟာ Weibo မွာထြက္ေပၚလာခဲ့ပါတယ္။ အဆိုပါ Leaked image ေတြမွာေတာ့ ဒီ Note 9 မွာ Snapdragon 675 chipset ကိုအသံုးျပဳထားမယ္လို႕ အတည္ျပဳထားကာ Water-drop notch style နဲ႕ထြက္ေပၚလာမယ္လို႕သိရပါတယ္။

Meizu Note 9 ရဲ႕ water-drop notch ဟာ အျခားဖုန္းေတြထဲစာရင္ ပိုမိုေသးငယ္ေနတာကို Leaked ပံုေတြမွာျမင္ေတြ႕ခဲ့ရၿပီး ပါးလႊာတဲ့ေဘာင္ပံုစံကိုတပ္ဆင္ထားတာကိုျမင္ေတြ႕ရပါတယ္။ Rumors ေတြအရေတာ့ 6.3-inch display ကို Full HD+ resolution နဲ႕ေထာက္ပံ့ေပးမယ္လို႕လည္းသိရပါတယ္။

Meizu Note 9 Live shot

Meizu Note 9 ရဲ႕ About Phone Setting ထဲမွာေဖာ္ျပထားတဲ့ Snapdragon 6150 ဟာ Snapdragon 675 chipset ရဲ႕ codename ျဖစ္ပါတယ္။ Meizu CED Jack Wong အေနနဲ႕လည္း ယခုလ အစပိုင္းေလာက္မွာ Meizu Note 9 မွာ Snapdragon 6150 ကိုသံုးမယ္လို႕အတည္ျပဳထားလည္းရွိပါတယ္။ ဒီ ဖုန္းမွာေတာ့ Redmi Note 7 မွာသံုးထားတဲ့ Samsung ISOCELL GM1 48MP sensor ပါဝင္တဲ့ dual camera setup ပါဝင္မယ္လို႕လည္းသိရကာ fingerprint scanner ကိုလည္းေက်ာဘက္မွာတပ္ဆင္ထားမယ္လို႕ထင္ရပါတယ္။

အျခားသတင္းေတြအရ Note 9 ကို dual-SIM ကိုလည္းေထာက္ပံ့လာမွာျဖစ္ပါတယ္။ ၿပီးခဲ့အပတ္က Meizu Note 9 လို႕ယူဆရတဲ့ Meizu M932Q handset အေနနဲ႕ China’s Ministry of Industry and Information Technology (CMIIT) ရဲ႕ခြင့္ျပဳခ်က္ကိုရရွိခဲဲ့ၿပီးျဖစ္ပါတယ္။ ခန္႕မွန္းခ်က္အရ ဒီဖုန္းကိုေတာ့ February မွာျပဳလုပ္မဲ့ တ႐ုတ္ႏိုင္ငံ ေႏြဦးပြဲေတာ္အၿပီးမွာ ထြက္ရွိမယ္လို႕ယူဆရပါတယ္။ ေစ်းႏႈန္းအေနနဲ႕ ယြမ္ ၉၉၉ (ေဒၚလာ ၁၄၉/ျမန္မာေငြ ၂ သိန္း ၃ ေသာင္းခန္႕) ဝန္းက်င္ေလာက္နဲ႕ ထြက္ရွိလာမယ္လို႕ထင္ရၿပီး လက္ရွိေရပန္းစားေနတဲ့ Redmi Note 7 ထက္သင္သာတဲ့ေစ်းႏႈန္းတစ္ခုနဲ႕ ထြက္ရွိလာဖို႕ရွိေနပါတယ္။ Redmi Note 7 Pro ကိုေစာင့္ေနတဲ့သူေတြအတြက္ကေတာ့ Meizu Note 9 ဟာ အျခားေရြးခ်ယ္စ႐ာတစ္ခု ျဖစ္လာဖို႕ရွိေနပါတယ္။

Unicode

ဒေါ်လာ ၁၄၉ (ခန့်မှန်း) သာရှိတဲ့ Meizu Note 9 မှာ SD 675 နဲ့ 48MP ပါဝင်လာမည်

Leak ဖြစ်လာတဲ့ Meizu Note 9 ရဲ့ ပုံရိပ်တွေဟာ Weibo မှာထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ Leaked image တွေမှာတော့ ဒီ Note 9 မှာ Snapdragon 675 chipset ကိုအသုံးပြုထားမယ်လို့ အတည်ပြုထားကာ Water-drop notch style နဲ့ထွက်ပေါ်လာမယ်လို့သိရပါတယ်။

Meizu Note 9 ရဲ့ water-drop notch ဟာ အခြားဖုန်းတွေထဲစာရင် ပိုမိုသေးငယ်နေတာကို Leaked ပုံတွေမှာမြင်တွေ့ခဲ့ရပြီး ပါးလွှာတဲ့ဘောင်ပုံစံကိုတပ်ဆင်ထားတာကိုမြင်တွေ့ရပါတယ်။ Rumors တွေအရတော့ 6.3-inch display ကို Full HD+ resolution နဲ့ထောက်ပံ့ပေးမယ်လို့လည်းသိရပါတယ်။

Meizu Note 9 Live shot

Meizu Note 9 ရဲ့ About Phone Setting ထဲမှာဖော်ပြထားတဲ့ Snapdragon 6150 ဟာ Snapdragon 675 chipset ရဲ့ codename ဖြစ်ပါတယ်။ Meizu CED Jack Wong အနေနဲ့လည်း ယခုလ အစပိုင်းလောက်မှာ Meizu Note 9 မှာ Snapdragon 6150 ကိုသုံးမယ်လို့အတည်ပြုထားလည်းရှိပါတယ်။ ဒီ ဖုန်းမှာတော့ Redmi Note 7 မှာသုံးထားတဲ့ Samsung ISOCELL GM1 48MP sensor ပါဝင်တဲ့ dual camera setup ပါဝင်မယ်လို့လည်းသိရကာ fingerprint scanner ကိုလည်းကျောဘက်မှာတပ်ဆင်ထားမယ်လို့ထင်ရပါတယ်။

အခြားသတင်းတွေအရ Note 9 ကို dual-SIM ကိုလည်းထောက်ပံ့လာမှာဖြစ်ပါတယ်။ ပြီးခဲ့အပတ်က Meizu Note 9 လို့ယူဆရတဲ့ Meizu M932Q handset အနေနဲ့ China’s Ministry of Industry and Information Technology (CMIIT) ရဲ့ခွင့်ပြုချက်ကိုရရှိခဲ့ပြီးဖြစ်ပါတယ်။ ခန့်မှန်းချက်အရ ဒီဖုန်းကိုတော့ February မှာပြုလုပ်မဲ့ တရုတ်နိုင်ငံ နွေဦးပွဲတော်အပြီးမှာ ထွက်ရှိမယ်လို့ယူဆရပါတယ်။ ဈေးနှုန်းအနေနဲ့ ယွမ် ၉၉၉ (ဒေါ်လာ ၁၄၉/မြန်မာငွေ ၂ သိန်း ၃ သောင်းခန့်) ဝန်းကျင်လောက်နဲ့ ထွက်ရှိလာမယ်လို့ထင်ရပြီး လက်ရှိရေပန်းစားနေတဲ့ Redmi Note 7 ထက်သင်သာတဲ့ဈေးနှုန်းတစ်ခုနဲ့ ထွက်ရှိလာဖို့ရှိနေပါတယ်။ Redmi Note 7 Pro ကိုစောင့်နေတဲ့သူတွေအတွက်ကတော့ Meizu Note 9 ဟာ အခြားရွေးချယ်စရာတစ်ခု ဖြစ်လာဖို့ရှိနေပါတယ်။

Source