fbpx

This is digital planet.

AppleTech News

နောက်ဆုံးသိထားရတဲ့ iPhone XI ရဲ့ အချက်အလက်အချို့


iPhone XI cases show a Lightning port, offer another look at the square camera hump
နောက်ထပ် Render မှာတွေ့ရတဲ့ပုံအရ Camera သုံးခုကို လေးထောင့်ဆန်ဆန် ပုံစံမျိုး ထည့်ထားတာတွေ့ရမှာပါ။ ကင်မရာအထားအသိုက မြင်နေကျပုံမျိုးလည်းမဟုတ်တော့ ရုပ်ဆိုးတဲ့ပုံ ပေါက်နေပါတယ်။ အစတုံးက ဒီသတင်းမမှန်ပါစေနဲ့လို့ ဆုတောင်းထားတဲ့သူတွေအနေနဲ့ ဆုတောင်းမပြည့်တော့ပါဘူးလို့ပဲပြောပါရစေ။ ဒီတစ်ခါတော့ အဲ့ဒီလေးထောင့်ပုံဆန်ကင်မရာကြီးထွက်လာဖို့က ပိုပြီး ရုပ်လုံးပေါ်လာပြီပြောရမှာပါ။

Olixar က iPhone XI ကင်မရာအတွက် Screen protector တောင် Render လုပ်ထားပါသေးတယ်။ Camera Screen Protector Render အရဆိုရင် ကင်မရာ သုံးလုံးနဲ့ Flash light အပေါက်ရောဆို လေးပေါက်တောင်တွေ့ရမှာပါ။ ရှေ့မျက်နှာပြင်ရဲ့ Tempered Glass Protector Render အရဆိုရင်လည်း Notch က ပျောက်ဦးမဲ့ပုံမရှိသေးပါဘူး။ ဒါဆိုရင် ဒီနှစ် iPhone တွေမှာဆိုရင်လည်း Face ID ကိုပဲ ဆက်သုံးသွားမဲ့ပုံရှိပါတယ်။ ဆိုတော့ Face ID ရဲ့ Security နဲ့ Features တွေကို ဘယ်လောက်မြှင့်တင်သွားမလဲဆိုတာ စောင့်ကြည့်ရဖို့ပဲရှိပါတော့တယ်။


iPhone XIR မှာဆိုတော့ ကင်မရာနှစ်လုံးဖြစ်သွားမှာပါ။ ဒါပေမဲ့ ကင်မရာအထားအသိုကတော့ လေးထောင့်ကွက်ကြီးပဲဖော်ထားမှာပါ ။ တကယ်လို့ iPhone အနေနဲ့ Lightning Port ကြီးပဲဆက်သုံးပြီး ကင်မရာပုံလေးထောင့်ကြီးကို Screen မှာကလည်း Notch ကြီးနဲ့ဆို ထွက်လာတဲ့အခါ လှမလှကတော့ စောင့်ကြည့်ရမှာပါပဲ။ Apple ဆိုသည်မှာလည်း သေချာမှချပြတတ်တာရယ် Apple လုပ်ပြီဆို နောက်ကလိုက်လုပ်ကြတာတွေလည်း ရှိတတ်တော့ ဒီပုံစံအတိုင်း ထွက်လာခဲ့ရင်လည်း Apple ကင်မရာကို လေးထောင့်ပုံစံထားတာက Trend ဖြစ်လာမလားကတော့…

Ref: GSMArena