fbpx

This is digital planet.

NokiaTech News

စက်ဝိုင်းပုံ Camera Setup နဲ့ Leak ထွက်လာပြန်တဲ့ Nokia smartphone

February တုံးက Nokia ဟာ Flagship ဖုန်းတွေကြား camera ပိုင်းဆိုင်ရာမှာ အဓိက ယှဉ်ပြိုင်ဖို့အတွက် Nokia 9 PureView ကို ထုတ်လုပ်ခဲ့ပါတယ်။ အဲ့ဒီဖုန်းမှာဆိုရင် camera setup ဟာ ထူးဆန်းတဲ့အတွက် အများကြားမှာ အပြောများခဲ့ပါသေးတယ်။ Nokia 9 Pureview မှာဆိုရင် ကင်မရာ 5 လုံးထိသုံးပြီး စက်ဝိုင်းပုံစံနဲ့ ဖုန်းနောက်ကျောဘက်မှာ အခြားဖုန်းတွေနဲ့မတူပဲ setup လုပ်ထားတာကိုတွေ့ရမှာပါ။ ခုဆိုရင် Nokia အနေနဲ့ flagship ဖုန်းအပြင် midrange ဖုန်းတစ်လုံးပါ ထပ်ထုတ်ဦးမှာဖြစ်ပါတယ်။ ဒီဖုန်းမှာလည်း အဓိက ထူးခြားသွားတာက သူ့ရဲ့ ကင်မရာ Setup ပါပဲ။ ဒီဖုန်းရဲ့ Camera setup မှာ Camera သုံးလုံးကို စက်ဝိုင်းပုံစံနဲ့ထားထားတဲ့ Leak ထွက်ပေါ်လာပါတယ်။

Nokia အနေနဲ့ ဒီဖုန်းကို ဘာနာမည်ပေးမယ် ဘယ်အချိန်ထုတ်မယ်ဆိုတာ မသိရသေးပါဘူး။ ဒါပေမဲ့ leak ပေါ်မှာ တွေ့ရှိရတဲ့အရ midrange ဖုန်းပဲဖြစ်နိုင်ပါတယ်။ ဒါ့အပြင် main camera ကိုလည်း 48 mp အသုံးပြုထားမှာ ဖြစ်ပြီး ဖုန်းရဲ့ ရှေ့ဘက်မှာဆိုရင် notch ကိုအသုံးပြုထားပြီး အောက်က chin ကလည်း ထူနေတာတွေ့ရမှာပါ။ အားသွင်းပေါက်အနေနဲ့ USB-C port အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဖုန်းရဲ့ ဘယ်ဘက်အခြမ်းမှာတော့ Google assistance ကို ခေါ်ယူနိုင်မဲ့ ခလုတ်ပါရှိမှာဖြစ်ပါတယ်။ နောက်ကျောဘက်မှာဆိုရင်ရင်လည်း ကင်မရာ setup ရဲ့အောက်မှာ fingerprint ကိုထားရှိထားတဲ့အတွက် ဖုန်းရဲ့ Display ကို LCD အမျိုးအစား သာအသုံးလာဖွယ်ရှိပါတယ်။

Specification အနေနဲ့ကတော့ Snapdragon 710 ဒါမှဟုတ် 730 ကိုသာ အသုံးလာဖွယ်ရှိတဲ့အတွက် Upper midrange ဖုန်းအဖြစ် မျှော်လင့်နိုင်ပါတယ်။ ကင်မရာအနေနဲ့လည်း 48 mp main camera ကို f 1.8 နဲ့ တွဲဖက်ထားမယ်ဆိုတဲ့ သတင်းကလွဲပြီး မသိရသေးပါဘူး။ Sample photo တွေလည်းမထွက်ရှိသေးတဲ့အတွက်ကြောင့် cameraပိုင်း အနေနဲ့ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာ ပြောနိုင်ဖို့စောပါသေးတယ်။ ဒါပေမဲ့ ခုလို leak တွေထွက်ပေါ်လာပြီဖြစ်တဲ့အတွက် ခုထွက်မဲ့ nokia midrange ဖုန်းနဲ့ပတ်သတ်ပြီး သတင်းတွေ ဒီထက်ပို တစ်စထက်တစ်စ ထွက်ပေါ်လာဖွယ်ရှိပါတယ်။

Ref: GSMARENA

Photos: fenibook