fbpx

This is digital planet.

HuaweiTech News

နောက်လမဲ့ ဒီဇင်ဘာလ မှာထွက်ရှိမဲ့ Huawei ရဲ့ဝှက်ထားတဲ့ စမတ်ဖုန်းဟာ Nova 3S ဖြစ်လာမလား?

Huawei အနေနဲ့ လာမဲ့ ဒီဇင်ဘာလ မှာထွက်ရှိမဲ့ စမတ်ဖုန်းအသစ်ရဲ့ပုံကို Weibo မှာစတင်ထုတ်ပြန်ပေးခဲ့ပါတယ်။ Huawei အနေနဲ့အဆိုပါ စမတ်ဖုန်းရဲ့နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပေမဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာက Nova 2S ကိုမိတ်ဆက်ပေးခဲ့တာကြောင့် အခုထွက်ရှိမဲ့ စမတ်ဖုန်းဟာ Nova 2S ရဲ့မျိုးဆက်သစ် Nova 3S ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Poster မှာတော့ စမတ်ဖုန်းရဲ့ ပုံစံ ကောက်ကြောင်း ကိုသာ Highlights အနေနဲ့ဖော်ပြခဲ့တာဖြစ်ပြီး အဆိုပါပုံမှာဖော်ပြထားတဲ့တရုတ်စာကို ဘာသာပြန်ပြရရင် “Pole full Screen ” လို့ရေးသားထားခဲ့ပြီး ဖုန်းရဲ့အပေါ်ဘယ်ဘက်ထောင့်ထားလေးမှာ အလင်းရောင် ဖောက်ထွက်နေတဲ့ အဖြူရောင်အပေါက်အစက်လေး ကိုတွေ့ခဲ့ရပြီး ဒါဟာ Screen အောက်မှာထည့်သွင်းထားတဲ့ ကင်မရာ တပ်ဆင်ထားတာကိုရည်ညွန်းတာလည်းဖြစ်နိုင်ပါတယ်။

Samsung အနေနဲ့ မကြာသေးမှီက Infinity-O လို့ခေါ်တဲ့ Display Design အသစ်ကိုထွက်ဖော်ပြသခဲ့ပြီး အဆိုပါ Display Design အသစ်မှာတော့ In-Screen Camera ကိုထည့်သွင်းအသုံးပြုနိုင်တာကိုတွေ့ရပါတယ်.ခန့်မှန်းချက်အရတော့ အခုထွက်ရှိလာမဲ့ Galaxy A8s မှာ့ ကုမ္ပဏီရဲ့ပထမဆုံး In-Screen Display Design နဲ့ထွက်ရှိလာဖွယ်ရှိနေပါတယ်။

အခုထွက်ရှိလာတဲ့ ပိုစတာအသစ်မှာလည်း အသစ်ထွက်ရှိမဲ့ Huawei ဖုန်းဟာ တူညီတဲ့ဒီဇိုင်းနဲ့ထွက်ရှိလာမှာဖြစ်ပြီး အချို့ကောလဟာလ တွေအရ နောက်လ မှာထွက်ရှိမဲ့ ဒီစမတ်ဖုန်းဟာ Huawei Nova 4 လည်းဖြစ်နိုင်တယ်လို့လည်းသိရပါတယ်.ဘာကြောင့်လဲဆိုတော့ Nova 4 လို့ထင်ရတဲ့ တူညီတဲ့ poster တစ်ခုကိုလည်း Weibo မှာမကြာသေးခင်က မြင်တွေ့ခဲ့ရလို့ဖြစ်ပြီး Huawei အနေနဲ့ တရားဝင်တော့မထုတ်ပြန်သေးပါဘူး ဖြစ်နိုင်တာကတော့ ဒီ ပိုစတာကဟာ Photoshop Image တစ်ခုပဲဖြစ်ပါလိမ့်မယ်။

Huawei အနေနဲ့ ပြီးခဲ့တဲ့ July က Kirin 970 အသုံးပြုထားတဲ့ Nova 3 နဲ့အတူ Kirin 710 အသုံးပြုထားတဲ့ Nova 3i ကိုမိတ်ဆက်ပေးခဲ့ပါတယ်၊ Huawei အနေနဲ့ Nova 3 ကိုမိတ်ဆက်ပေးခဲ့တာ ၆ လတောင်မပြည့်ပေးတဲ့အတွက် Nova 4 ကိုလာမဲ့လ မှာမိတ်ဆက်ဖို့ဆိုတာကတော့ အတော်တော်လေးကို မဖြစ်နိုင်ဘူးလို့ဆိုလို့ရပါတယ်။

တစ်ခုထဲသောဖြစ်နိုင်ခြေရှိတာကတော့ ပြီးခဲ့တဲ့ နှစ် 2017 Dec မှာမိတ်ဆက်ပေးခဲ့တဲ့ Nova 2S ရဲ့ မျိုးဆက်ပဲဖြစ်ဖို့များနေပါတယ်။ Nova 3S အနေနဲ့ Processor ကို Nova 3 လို့မျိုး Kirin 970 Chipset ကိုပဲသုံးလာနိုင်ပြီး Waterdrop Notch ပုံစံနဲ့ပွဲထွက်လာဖို့ရှိကာ Samsung ထက် ပိုစောပြီး မိတ်ဆက်ပေးဖွယ်ရှိပါတယ်။ Huawei အနေနဲ့ နောက်ရက်ပိုင်းအနည်းငယ် အတွင်းမှာပဲ ဒီဖုန်းရဲ့အချက်အလက်တွေကို ထုတ်ပြန်ပေးဖို့ကိုလည်း မျှော်လင့်ရပါတယ်။

“Observe Here. Trust Yourself’

Source – gizmochina