fbpx

This is digital planet.

SamsungTech News

နောက် ၁၀ နှစ်အထိ စမတ်ဖုန်းဈေးကွက်ကို ဦးဆောင်ဦးမယ်လို့ဆိုလိုက်တဲ့ Samsung CEO

လက်ရှိကမ္ဘာစမတ်ဖုန်းဈေးကွက် ဦးဆောင်လျက်ရှိတာကတော့ တောင်ကိုရီးယား အခြေစိုက် Samsung ဖြစ်ပါတယ်။ Samsung ရဲ့နောက်မှာတော့ တရုတ်အခြေစိုက် Huawei ရှိနေပါတယ်။ Huawei အနေနဲ့ Samsung ရဲ့ နေရာ ကို ၂၀၂၂ ခုနစ်မှာ အရယူမယ်လို့ အတိအလင်း ပြောဆိုထားပါတယ်။ ဒါအပြင် လက်ရှိမှာ ထွက်ရှိထားတဲ့ Flagship ဖုန်းတွေကြားမှာလဲ အဆိုပါ ကုမ္ပဏီ ၂ ခုကြားမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်နေပါတယ်။

Related image
Samsung ရဲ့ CEO ဖြစ်တဲ့ DJ Koh ကတော့ သူတို့ Samsung အနေနဲ့ နောက်ထပ် ၁၀ နှစ်ကြာအောင် စမတ်ဖုန်းလောက ကြီးစိုးထားဦးမယ်လို့ပြောဆိုခဲ့ပါတယ်။ DJ Koh အနေနဲ့ ထိပ်ဆုံးနေရာအတွက် Huawei ရဲ့ချိန်းခြောက်လာမှုကို သိပ်ဂရုစိုက်ပုံမရပဲ Samsung အနေနဲ့ အမြဲတမ်း ဆန်းသစ်ပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်တဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ြေ့ပာထားပါတယ်။

Samsung အနေနဲ့ သူရဲ့ Global ဈေးကွက်အတွက် စမတ်ဖုန်းရောင်းအားနဲ့ပက်သက်ပြီး ယုံကြည်မှုရှိပုံရပြီး Galaxy Fold ကြောင့် မတူညီတဲ့ Mobile Experience တွေကို ရရှိခဲ့တယ်လို့လဲ CEO ကပြောဆိုခဲ့ပါသေးတယ်။ ဒါအပြင် လက်ရှိအချိန်မှာ Samsung အနေနဲ့ Galaxy Fold ရဲ့ Screen ကို အဆင့်မြင့်ပေးနိုင်အောင်ပြုလုပ်နေပါတယ်။

Related image
Samsung အနေနဲ့ အခုနောက်ပိုင်းမှာတော့ စမတ်ဖုန်းကုမ္ပဏီတွေကြောင့် ကမ္ဘာအကြီးမားဆုံးဈေးကွက်တွေဖြစ်တဲ့ အိန္ဒိယ နဲ့ တရုတ် ဈေးကွက်တွေမှာ အနည်းငယ်ရုန်းကန်နေခဲ့ပြီး ၂၀၁၉ ခုနစ်မှ စတင်က ဈေးကွက်ရဲ့ Trend တွေကိုလိုက်ပြီး Flagship Galaxy S (10) series ရဲ့ ဒီဇိုင်းပိုင်း (Punch-hole) ကို သိသိသာသာအပြောင်းအလဲပြုလုပ်ထားပြီး အခုနောက်ပိုင်း တောက်လျှောက်ထွက်ရှိနေတဲ့ Galaxy A-series မှာလဲ ဒီဇိုင်းပိုင်းကိုသိသိသာသာ တစ်ခုပြီးတစ်ခုအပြောင်းအလဲတွေပြုလုပ်ထားပါတယ်။ဒါအပြင်မနေ့ကထွက်ရှိလာတဲ့ Galaxy A80 မှာလဲ ဘယ်တရုတ်ဖုန်းတွေမှာမှ မတွေ့သေးတဲ့ Slider-rotating camera ကိုမြင်တွေ့ခဲ့ရပါတယ်။

Image result for samsung galaxy 5g
မကြာခင်က ထွက်ရှိခဲ့တဲ့ OPPO နဲ့ Huawei တို့ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ P30 Pro နဲ့ Reno 10x Zoom တို့မှာတော့ စွမ်းဆောင်ရည်ပိုင်းအတော်ကောင်းမွန်တဲ့ Zoom တွေကိုထည့်သွင်းလာကျပါတယ်။ ဒါကြောင့် Samsung အနေနဲ့လာမဲ့ Note 10 မှာ ကင်မရာပိုင်းကို ပိုမို improve ဖြစ်အောင်လုပ်ဆောင်ပေးဖို့ရှိနေပြီး Zoom ပိုင်းကိုလည်းကိုလည်း သေချာပြင်ဆင်လာဖွယ်ရှိနေပါတယ်။

Samsung ရဲ့ပြောင်းလဲလာတဲ့ Strategy အသစ်အနေနဲနောက်လာမဲ့ ၁၀ နှစ်အထိ ထိပ်ဆုံးနေရာကိုရပ်တည်နိုင်အောင် စွမ်းဆောင်ပေးနိုင်မလား ဒါမှမဟုတ် ကမ္ဘာစမတ်ဖုန်းလောက ကို တရုတ်တွေပဲ ကြီးစိုးသွားမလာဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

Ref: GSMArena