fbpx

This is digital planet.

GoogleTech News

ပျောက်ကွယ်သွားတော့မဲ့ Google Pixel Slate Tablets မျိုးဆက်များ

Google ရဲ့ Pixel 3, 3XL နဲ့အတူမိတ်ဆက်ခဲ့တဲ့ Google Pixel Sablet ကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အဲ့ဒီ Tablets တွေမှာ Chrome OS ကိုသုံးထားပေမဲ့ Google ဖန်တွေအကြိုက်တွေ့တဲ့အထဲမှာမပါခဲ့ပါဘူး။

အခုတော့ Google က Tablets ထုတ်လုပ်မှုကိုစွန့်လွှတ်လိုက်ပါပြီ။ ဒီနှစ်ထဲမှာထုတ်မဲ့ Tablets နှစ်မျိုးကိုလည်း Cancel လိုက်လို့ Pixel Slate tablets တွေကို မမြင်ရဖို့က သေချာသလောက်ရှိသွားပါပြီ။ ဒါပေမဲ့ Pixel Slate တွေအတွက် Software နဲ့ Security Updates ကတော့ 2024 အထိရဦးမှာဖြစ်လို့ Pixel Slate ဝယ်ထားတဲ့သူတွေအနေနဲ့ စိုးရိမ်စရာမရှိပါဘူး။

Google is done making tablets, the Pixel Slate is not getting a successor
အဲ့ဒီအစား Google ကတော့ Chrome OS Laptops တွေအပေါ်မှာပဲ အာရုံစိုက်သွားတော့မှာဖြစ်ပါတယ်။ PixelBook Laptops တွေကိုတော့ ဒီနှစ်ကုန် Pixel 4, 4XL တို့နဲ့အတူတွဲမိတ်ဆက်မယ်လို့ မျှော်လင့်ရပြီး Tablets ကနေပြီး Laptops တွေအပေါ်မှာ အာရုံစိုက်ထားတယ်ဆိုတော့ စောင့်ကြည့်ချင်စရာပါ။ ဘာပဲဖြစ်ဖြစ် Google ရဲ့ Chrome OS သုံး Pixel Slate Tablet တွေကို အနာဂတ်မှာဆက်တွေ့ရမှာမဟုတ်တော့ပါဘူး။