fbpx

This is digital planet.

NewsRedmi

ရွှေနဲ့ကွပ်ထားတဲ့ Redmi K20 နဲ့ K20 Pro ထုတ်လုပ်

Xiaomi ရဲ့ Vice President ဖြစ်တဲ့ Manu Kumar Jain ဟာ K20 နဲ့ K20 Pro ရဲ့ Special limited edition ကို မနက်ဖြန်မှာ စတင်မိတ်ဆက်မယ်လို့ Twitter မှာတင်ခဲ့ပါတယ်။ K20 Pro ကတော့ Signature Edition အနေနဲ့ထွက်ရှိလာမှာဖြစ်ပါတယ်။ တန်ဖိုးကြီးဖုန်းဖြစ်တဲ့အတွက် ဖုန်းကိုရွှေအစစ်နဲ့ကွပ်ထားပြီး Back Cover ရဲ့အောက်ထောင့်မှာ စိန်နဲ့လုပ်ထားတဲ့ K ကိုတွေ့ရမှာပါ။

Image result for redmi k20 pro special edition

ဈေးက သိန်း ၁၀၀ နီးပါးရှိတာမလို့ လူတိုင်းအတွက်တော့မဟုတ်ပါဘူး။ အရေအတွက်ကလည်း 20 Units သာရောင်းပေးမှာပဲဖြစ်ပါတယ်။ လောလောဆယ်တော့ K20 Pro Signature Edition နဲ့ ပတ်သတ်ပြီး အဲ့အချက်တွေပဲ သိရသေးပါတယ်။ K20 ကလည်း K20 Pro ပုံစံအတိုင်း ထွက်ရှိလာနိုင်ပါတယ်ဗျ။

Image result for redmi k20 pro special edition

Redmi K20 and K20 Pro နှစ်ခုစလုံးက 6.39 လက်မရှိပြီး AMOLED Display နဲ့ Triple Cameras – 48MP main camera ကို telephoto နဲ့ ultrawide sensor နဲ့တွဲပေးထားပြီး Battery မှာ 4000 mah အသီးသီးရှိကြပါတယ်။ SoC အနေနဲ့ K20 Pro မှာ Snapdragon 855 နဲ့ K20 မှာ Snapdragon 730 ကိုသုံးပေးထားပါတယ်။ ဒီလို ရွှေနဲ့လုပ်ထားတဲ့ Redmi K20 Series ကို သင်ဆိုရင်ဝယ်ကိုင်မှာလား???

Ref: GSMARENA

Related posts
NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်

HuaweiNews

Design အနည်းငယ်ပြောင်းလဲထားတဲ့ Huawei Mate X ရဲ့ပုံများထွက်ပေါ်လာ