fbpx

This is digital planet.

LGTech News

ရှေ့ကင်မရာကို Punch Hole နဲ့ထုတ်ဖို့ မူပိုင်ခွင့်ရသွားပြီဖြစ်တဲ့ LG

တူရကီ မူပိုင်ခွင့်ရုံးကတော့ LG ဖုန်းတွေမှာ Punch hole နဲ့ထုတ်ဖို့အတွက် ခွင့်ပြုလိုက်ပါပြီ။ ဒါဟာ LG ဖုန်းတွေမှာတော့ selfie ကင်မရာကို punch hole နဲ့ ပထမဆုံးစလုပ်တာဖြစ်လာမှာပါ။ Patent တိုင်းဟာ တကယ်ထွက်မလာတတ်ပေမဲ့ ခုခေတ်မှာ Selfie ကင်မရာကို နေရာစုံမှာထားနေတာဆိုတော့ LG အနေနဲ့လည်း Punch hole နဲ့ထွက်လာဖို့များနေပါတယ်။

မူပိုင်ခွင့်တင်ထားတဲ့ပုံအရ LG က သူ့ရဲ့ Selfie ကင်မရာကို Punch hole အဖြစ် ဘယ်ဘက်ထောင့်အပေါ်နားလေးမှာထားထားမှာပါ ။ Samsung ရဲ့ Punch hole ကတော့ ညာဘက်မှာဖြစ်ပြီး LG ကတော့ ဘယ်ဘက်မှာထားထားမှာပါ။ ကြည့်ရတာ LG အနေနဲ့ ဒီဖုန်းမှာ Under display fingerprint ကိုသုံးဖို့ စိတ်ကူးထားတဲ့ပုံမပေါ်ပါဘူး။ ဖုန်းရဲ့ နောက်ဘက်မှာပဲ Fingerprint scanner ကိုထပ်ရှိထားဦးမှာဖြစ်ပြီးနောက်ဘက် ဒီဇိုင်းကတော့ ထွက်ရှိပြီးဖြစ်တဲ့ LG V40 ThinQ နဲ့ ပုံစံဆင်နေမှာပါ။

Patent တွေဟာ များသောအားဖြင့် Public ကို ချမပြတာများပါတယ်။ ခုရတဲ့ သတင်းက လူစိတ်ဝင်စားအောင်လုပ်ထားတဲ့ Fake rumors လည်းဖြစ်နိုင်သလို တကယ် LG အနေနဲ့ Punch hole နဲ့လုပ်ဖို့ ကျိတ်ကြံနေတာကို လူမိသွားတာလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် LG အနေနဲ့ Punch hole အသုံးပြုပြီးကောက်ခါငင်ခါ ထွက်လာခဲ့ရင် အံ့သြမသွားမပါနဲ့။ PLANET X ကနေပြီး LG က Punch hole သုံးနိုင်တယ်ဆိုတဲ့ သတင်းထွက်ထားတယ်ဆိုတာကို သတိရလိုက်ပါ။

Ref: GSMArena