fbpx

This is digital planet.

NewsXiaomi

မြန်မာငွေ ၆ သိန်းခွဲဝန်းကျင်ရှိတဲ့ Black Shark 2 Pro ကို Xiaomi မှ မိတ်ဆက်

PC Gaming တွေထုတ်လေ့ရှိတဲ့ ASUS, Razer စတဲ့ နာမည်ကြီး Company တွေကနေတဆင့်ထုတ် Gaming Smartphone တွေ ထုတ်လုပ်ရာကနေ Mobile Gaming လောကက တစ်ဖြည်းဖြည်းနဲ့ နေရာ ယူလာပြီလို့ပြောရမှာပါ။ ASUS နဲ့ Razer တို့ကလည်းသူတို့ရဲ့Gaming Smartphones တွေကို အရင်နှစ်တွေတုန်းက စတင်မိတ်ဆက်ခဲ့ပါတယ်။ Smartphone company ဖြစ်တဲ့ ZTE ရဲ့ Gaming Phone Nubia ဟာလည်း ASUS ၊ Razer နဲ့အပြိုင်ဝင်လာခဲ့ပြီး စိတ်ဝင်စားမှုတွေရှိခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ Black Shark ဟာ Gaming Phones Market ထဲကို တစ်နေရာ စတင်ဝင်ရောက်ယူနေပြီဖြစ်ပါတယ်။ အခုအခါ Xiaomi အနေနဲ့ Back Shark 2 ထက် ပိုကောင်းသော Black Shark 2 Pro ကို မိတ်ဆက်လိုက်ပါပြီ ဒီနေ့မှာ စတင်မိတ်ဆက်ပေးလိုက်ပါပြီ။

Image result for black shark 2 pro

Black Shark 2 နဲ့ယှဉ်ရင် Black Shark 2 Pro ရဲ့ အဓိက တိုးတက်မှုကတော့ SoC ပဲဖြစ်ပါတယ်။ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 855 Plus Chipset ကို ဒုတိယမြောက် အသုံးပြုသော ဖုန်းလို့ပြောရမှာပါ။ ပထမဆုံး အဆိုပါ Chipset ကိုအသုံးပြုခဲ့တဲ့ဖုန်းက ROG Phone II ပဲဖြစ်ပါတယ်။ Black Shark 2 Pro မှာ 12 GB RAM ပါဝင်ထားပြီး Storage ပိုင်းမှာဆိုရင်လည်း UFS 3.0 ကို Upgrade လုပ်ပေးထားပါတယ်။ နောက်ထပ်အနေနဲ့ Back Design ရဲ့ Grips တွေကို Improve လုပ်ပေးထားပြီး RGB-lit ကို Black Shark logo ရဲ့ ဘေးဘက်မှာ အကွာအဝေးညီညီနဲ့ LED lights နှစ်ခုကို ထပ်ပြီးထည့်ပေးထားပါတယ်။

Image result for black shark 2 pro

Display ပိုင်းမှာဆိုရင် 6.39 လက်မရှိတဲ့ AMOLED Display ကို သုံးပေးထားပြီး Touch Response ကို 240Hz ထိ Improve လုပ်ပေးထားပါတယ်။ Refresh Rate အနေနဲ့ 60Hz ပဲ ဖြစ်ဖို့များပါတယ်။ အရင်က Black Shark 2 မှာ Touch latency 43.5 ms ရှိပြီး အခု Pro မှာတော့ 34.7ms သာရှိပါတော့တယ်။ နောက်ထပ် Minor Upgrade အနေနဲ့ Secondary Camera ကို အရင်က 12MP Sensor ကိုအသုံးပြုပေးထားပြီ အခု 13MP Sensor ကိုအသုံးပြုပေးထားတာဖြစ်ပါတယ်။

Image result for black shark 2 pro

Software မှာတော့ Company ရဲ့ Game mode ဖြစ်တဲ့ Black Space Dock 4.0 အသစ်ကိုသုံးပေးထားပါတယ်။ ကျန်တာတွေကတော့ Update အနေနဲ့ ထွေထွေထူးထူးတော့မရှိပါဘူး။ အရောင်ပိုင်းမှာဆိုရင်တော့ Black Shark 2 Pro မှာ Design အမျိုးမျိုးနဲ့ Color တွေကိုရွေးချယ်လို့ရမှာပါ။ ထုံးစံအတိုင်း Black-green နဲ့ Silver အရောင်ကိုရရှိမှာဖြစ်ပြီး နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့ Fantasy Edition colors သုံးမျိုးကိုလည်းရရှိမှာဖြစ်ပါတယ်။ တရုတ် eSports team ဖြစ်တဲ့ LNG Esports နဲ့ပူးပေါင်းပြီး နောက်ထပ်အရောင်တွေရရှိလာနိုင်ပါတယ်။ နောက်ထပ် ရွေးချယ်စရာ Cool ဖြစ်တဲ့ Case တွေလည်းရှိပါသေးတယ်။

Image result for black shark 2 pro

Black Shark 2 Pro ကို တရုတ်မှာ August 2 လောက်ဆိုရင် စတင်ရောင်းချဖို့ရှိနေပြီး 12GB/128GB version နဲ့ 12GB/256GB version နှစ်ခုကိုပဲဝယ်ယူလို့ရဦးမှာပါ။ ဈေးအနေနဲ့ 12GB/128GB version ကို 435$ (၆ သိန်းခွဲကျော်ဝန်းကျင်) နဲ့ 12GB/256GB. version ကို (၈ သိန်း ၈ သောင်းကျော်ဝန်းကျင်) မှာဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ Xiaomi အနေနဲ့ ဒီပွဲမှာ In-ear type နဲ့ Over-the-ear headphones စတဲ့ Gaming headsets အသစ်နှစ်ခုကိုပါ တစ်ခါတည်းမိတ်ဆက်သွားခဲ့ပါတယ်။ အခုလက်ရှိမှာတော့ Black Shark 2 Pro ကို တရုတ်မှာပဲ စတင်ရရှိမှာဖြစ်ပြီး တစ်ခြားနိုင်ငံတွေအတွက်တော့ လအနည်းငယ်ကြာပြီးမှ ရရှိလာနိုင်ပါတယ်။

Image result for black shark 2 pro

Ref: xda-developers

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်