fbpx

This is digital planet.

MeizuTech News

မြန်မာပြည်မှာစတင်ရောင်းချနေပြီးဖြစ်တဲ့ Meizu Note 9

ယခုလ အစောပိုင်းက ထွက်ရှိခဲ့တဲ့ Meizu ရဲ့ Mid-range ဖုန်းဖြစ်တဲ့ Note 9 ကိုတော့ လက်ရှိမြန်မာပြည်ဈေးကွက်အတွက်ဈေးနှုန်းထွက်ရှိလာခဲ့ပါတယ်။ Snapdragon 675 / 48MP ပါဝင်တဲ့ Meizu Note 9 ကိုတော့ မြန်မာငွေ ၃၁၉၀၀၀ လို့သိရပြီး 4GB/64GB Version ရရှိမှာဖြစ်ပါတယ်။ လက်ရှိဈေးကွက်ထဲမှာတော့ Note 9 ရဲ့အဓိက ပြိုင်ဘက်တွေအနေနဲ့ 48MP ကိုပဲအသီးသီးသုံးထားတဲ့ Redmi Note 7 နဲ့ Redmi Note 7 Pro တို့ရှိနေပါတယ်။

Meizu Note 9 မှာတော့ Water-drop notch ပါဝင်တဲ့ 6.2-inch FHD+ display ကိုအသုံးပြုထားပြီး Resolution အနေနဲ့ 1080 x 2244 ရှိပါတယ်။ Processor ပိုင်းကိုတော့ Snapdragon 675 ကို GPU Adreno 612 နဲ့တွဲဖက်ထည့်သွင်းထားကာ ဘက်ထရီပိုင်းအနေနဲ့ 4000mAh ဘက်ထရီကိုမှ (18W mCharge fast charging) ထောက်ပံ့ပေးထားပါတယ်။ OS ပိုင်းကိုတော့ Andriod 9 အခြေပြု Flyme 7.2 နဲ့မောင်းနှင်ထားကာ Hyper Gaming Mode စတဲ့ Feature တချို့ကိုလည်းထည့်သွင်းပေးထားပါတယ်။ ကင်မရာပိုင်းကိုတော့ ကျောဘက်မှာ 48MP (Samsung ISOCELL bright GM1) + 5MP ကင်မရာ ၂ လုံးပါဝင်လာခဲ့ပြီး ရှေ့ဘက်မှာတော့ Selfie camera အနေနဲ့ 20MP ရှိတယ်လို့သိရပါတယ်။

Meizu Note 9 ကိုတော့ မြန်မာပြည်မှာရှိတဲ့ Meizu Showroom တွေအပါအဝင်ဖုန်းဆိုင်တော်တော်များများမှာစတင်ဝယ်ယူနိုင်ပြီဖြစ်ပါတယ်။

Photo: Meizu Myanmar