fbpx

This is digital planet.

ArticlesTech NewsTwitter

ျမန္မာႏိုင္ငံကို လာေရာက္လည္ပတ္သြားေသာ Twitter CEO ေ၀ဖန္ခံရ

Zawgyi

မေန႔က Personal အလုပ္ေလးေတြနည္းနည္းရွဳပ္ေနလို႔ Page အတြက္မလွည့္ႏိုင္ခဲ့ဘူး။ ဒီေန႔ေရးတဲ့အေၾကာင္းအရာကလည္း သတင္းမဟုတ္၊ Tech အေၾကာင္းမဟုတ္လို႔ စိတ္မ၀င္စားရင္ အခ်ိန္ေတြအကုန္မခံလိုက္ပါနဲ႔။ လူ႔အခြင့္အေရးဆိုင္ရာအေၾကာင္းေလးေတြပါလို႔ ပ်င္းဖို႔ေကာင္းမွာအမွန္ပါပဲ။ ဒါမ်ိဳးကို Tech Page အေနနဲ႔ေရးသင့္သလားဆိုေတာ့ တိုက္ရိုက္မဟုတ္ေတာင္ သြယ္၀ိုက္တဲ့နည္းနဲ႔သက္ဆိုင္ေနလို႔ပါ။ ၿပီးေတာ့ ကြ်န္ေတာ္ ႏိုင္ငံေရးသမားမဟုတ္သလို လူမ်ိဳးေရးသမားလည္းမဟုတ္ပါဘူး ကိုယ္သိလိုက္တဲ့အျမင္ေလးတစ္ခုသာ ေရးသားခ်င္းျဖစ္ပါတယ္။

မေန႔က ေတြ႔လိုက္တဲ့ အေၾကာင္းအရာတစ္ခုေၾကာင့္ စိတ္ထဲၾကည္ႏူးမိတယ္။ Twitter CEO ျဖစ္တဲ့ Jack Dorsey က သူရဲ႕ Twitter မွာ မေန႔ကပိုစ့္ေတြတင္ခဲ့ပါတယ္။ အေၾကာင္းအရာက သူက ကိုယ္ေတြျမန္မာႏိုင္ငံကိုလာၿပီး ၀စီပိတ္ ၁၀ ရက္ တရားစခန္း၀င္ခဲ့တာပါ။ ဘယ္မွာ၀င္ခဲ့လည္းၾကည့္လိုက္ေတာ့ စာေရးသူ ၀င္ခဲ့ဖူးတဲ့ တရားစခန္းနဲ႔ အမ်ိဳးအစားတူဆိုေတာ့ နည္းနည္းေတာ့ရယ္လိုက္ ဒီေကာင္ ငါ့ Junior ကြဆိုၿပီး။ သိပ္မၾကာပါဘူး သူ႕ကိုေ၀ဖန္တဲ့ သတင္းေတြတတ္လာပါတယ္။ “လူမ်ိဳးစုတစ္စုနဲ႔ အခြင့္အေရးဆိုင္ရာ ျပႆနာေတြရိွေနေသာ္လည္း ျမန္မာႏိုင္ငံကိုသြားေရာက္ဖို႔ တိုက္တြန္းေနေသာ Twitter CEO” စသျဖင့္သတင္းေခါင္းစဥ္ေတြနဲ႔ ေ၀ဖန္တိုက္ခိုက္ျခင္းခံေနရပါတယ္။ သူ႕Tweet ေတြထဲမွာပါတဲ့ “The people are full of joy and the food is amazing” ဆိုတဲ့စကားလံုးကို ယူၿပီး အခ်ိဳ႕တစ္ဖက္စြန္းေရးတဲ့ သတင္းစာမ်က္ႏွာေတြက “ၿငိမ္းခ်မ္းဖို႔သြားတာလား၊ လူမ်ိဳးစုတစ္စုရဲ႕ ဆင္းရဲဒုကၡေတြကို ဘာလို႔မသိခ်င္ေယာင္ေဆာင္ေနတာလဲ၊ တာ၀န္မဲ့တယ္၊ ရွက္ဖို႔ေကာင္းတယ္” စသျဖင့္စကားလံုးေတြနဲ႔ထိုးနက္ျခင္းခံေနရပါတယ္။

engadget လို သတင္းဌာနေတာင္ မဆိုင္တဲ့ေရးသားခ်က္ေတြနဲ႔ ေရးသားခ်က္ေတြနဲ႔ေရးခဲ့ေတာ့ ကိုယ္ေတာင္ စိတ္မေကာင္းျဖစ္မိတယ္။ “လူမ်ိဳးစုတစ္စုအေပၚအခြင့္အေရးဆိုင္ရာ ခ်ိဳးေဖာက္မွဳေတြနဲ႔ သိသာထင္ရွားေနတဲ့ ျမန္မာျပည္ကို Jack Dorsey ကေမြးေန႔မွာသြားေရာက္ခဲ့ၿပီး သူရဲ႕ Followers ေတြကိုသြားေရာက္ဖို႔တိုက္တြန္းခဲ့ပါတယ္” ဆိုေတာ့ အျမင္ေတြလြဲေနတာ ခံရတဲ့ျမန္မာျပည္ကို လာမိတာေတာင္ အျပစ္တစ္ခုက်ဴးလြန္မိသလိုျဖစ္ေနေတာ့ ဘယ္ေျပာရမွန္းမသိျဖစ္သြားတယ္။ အဲ့ဒါနဲ႔ပက္သက္ၿပီး သတင္းေတြကလည္း နာမည္ႀကီး Media တစ္ခ်ိဳ႕မွာလည္း ေရးသားေနတာကိုေတြ႕ေနရပါတယ္။

တရားစခန္းအေၾကာင္း

Jack သြားခဲ့တဲ့ တရားစခန္းက ျပင္ဦးလြင္ၿမိဳ႕က Dhamma Mahimãr ဆိုတဲ့တရားစခန္းပါ။ ရန္ကုန္မွာဆိုရင္ ေရႊဂံုတိုင္မွာ ဓမၼေဇာတိ ဆိုၿပီးရိွပါတယ္။ တည္ေထာင္သူက ဗုဒၶဘာသာ ျမန္မာလူမ်ိဳးမဟုတ္ပါဘူး။ S.N Goenka (ဂိုအင္ကာ) လို႔ ကမာၻကအသိမ်ားတဲ့ India လူမ်ိဳးတစ္ဦးပါ။ မႏၱေလးၿမိဳ႕မွာ ေမြးဖြားခဲ့ၿပီး။ ငယ္စဥ္က ေခါင္းကိုက္ ေ၀ဒနာကို ေဆးဖက္ဆိုင္ရာနည္းပညာေတြနဲ႔ ကုသခဲ့ေပမဲ့ မေပ်ာက္ကင္းခဲ့ပါဘူး။ ေနာက္မွ လက္ဦးဆရာ ဦးဘခင္နဲ႔ေတြ႔ၿပီး တရားမွတ္ယူရင္း ေရာဂါေပ်ာက္ကင္းခဲ့ပါတယ္။ ထို႔ေနာက္ ဆရာေက်းဇူးဆပ္ဖို႔ တရားစခန္းေပါင္းမ်ားစြာကို ကမာၻ႕တ၀န္းမွာ ဖြင့္လွစ္ခဲ့ပါတယ္။ အိႏိၵယႏိုင္ငံမွာ ေပ်ာက္လုနီးပါးျဖစ္ေနတဲ့ တရားအားထုတ္နည္းကို ဆရာႀကီး ဦးဂိုအင္ကာမွ ျပန္လည္မွ်ေ၀ခဲ့ပါတယ္။ ပထမဦးဆံုးအႀကိမ္ အိႏိၵယမွာ တရားစခန္းဖြင့္လွစ္ေတာ့ ဗလီတစ္ခု မွာစခဲ့ရတာပါ။

တရားနည္းနာမွာ အျခားေသာ တရားစခန္းမ်ားထက္ က်င့္စဥ္ျပင္းထန္လွပါတယ္။ ၁၀ ရက္တာ ကာလအတြင္း စကားေျပာခြင့္မရိွသလို႔။ အမ်ိဳးသမီး၊ အမ်ိဳးသားမ်ားကိုလည္း သီျခားဆီ ခြဲထားပါတယ္။ စာေရးသူ တရားစခန္း၀င္ခဲ့စဥ္ကာလတုန္းက ႏိုင္ငံသားမ်ားထက္ Foreigner မ်ားကပိုမ်ားပါတယ္။ မ်ားေသာအားျဖင့္ Christian ဘာသာ၀င္ေတြ၊ Hindu ဘာသာ၀င္ေတြ၊ Islam ဘာသာ၀င္ေတြပိုမ်ားပါတယ္။ ႏိုင္ငံအရပ္က လာေရာက္သူမ်ားအနက္ အသက္အရြယ္အပိုင္းအျခား ၂၀ – ၃၅ အတြင္းထိ ရိွတာမ်ားးပါတယ္။ တရားစခန္းဆိုၿပီး အသက္ႀကီးသူေတြမဟုတ္ပဲ ငယ္ရြယ္ၿပီး တရားဓမၼကို သိခ်င္တဲ့ ႏိုင္ငံျခားသားလူငယ္ေတြမ်ားပါတယ္။ အျခားေသာ သိပၸံပညာရွင္ အခ်ိဳ႕လည္းလာေရာက္ခဲ့ပါေသးတယ္။ Jack လိုလူတစ္ေယာက္က ကိုယ္၀င္ဖူးတဲ့ တရားစခန္းမ်ိဳးမွာ တရားလာရွာေတာ့ ၀မ္းသာမိေပမဲ့ အျခားေသာ အျမင္လြဲမွဳေတြေၾကာင့္ ေ၀ဖန္ျခင္းခံရေတြ စိတ္မေကာင္းျဖစ္မိပါတယ္။ ဒီေန႔မွာလည္း အိႏိၵယ သမၼတက ျမန္မာႏိုင္ငံလာေရာက္လည္ပတ္ရင္း ဓမၼေဇာတိမွာ အခ်ိန္ပိုင္း တရား၀င္ထိုင္မယ္လို႔ သတင္းၾကားရပါတယ္။ အေသးစိပ္သိခ်င္ရင္ေတာ့ www.dhamma.org မွာ၀င္ေရာက္ဖတ္ႏိုင္ပါတယ္။

အခုလိုမဆိုင္ေသာအရာေတြနဲ႔ ထိုးႏွက္ျခင္းခံေနရတဲ့ ျမန္မာႏိုင္ငံနဲ႔သက္ဆိုင္ရာ ပုဂၢိဳလ္မ်ားအတြက္ စိတ္မေကာင္းျဖစ္မိပါတယ္။

ေလးစားလ်က္…

Unicode

မနေ့က Personal အလုပ်လေးတွေနည်းနည်းရှုပ်နေလို့ Page အတွက်မလှည့်နိုင်ခဲ့ဘူး။ ဒီနေ့ရေးတဲ့အကြောင်းအရာကလည်း သတင်းမဟုတ်၊ Tech အကြောင်းမဟုတ်လို့ စိတ်မဝင်စားရင် အချိန်တွေအကုန်မခံလိုက်ပါနဲ့။ လူ့အခွင့်အရေးဆိုင်ရာအကြောင်းလေးတွေပါလို့ ပျင်းဖို့ကောင်းမှာအမှန်ပါပဲ။ ဒါမျိုးကို Tech Page အနေနဲ့ရေးသင့်သလားဆိုတော့ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်တဲ့နည်းနဲ့သက်ဆိုင်နေလို့ပါ။ ပြီးတော့ ကျွန်တော် နိုင်ငံရေးသမားမဟုတ်သလို လူမျိုးရေးသမားလည်းမဟုတ်ပါဘူး ကိုယ်သိလိုက်တဲ့အမြင်လေးတစ်ခုသာ ရေးသားချင်းဖြစ်ပါတယ်။

မနေ့က တွေ့လိုက်တဲ့ အကြောင်းအရာတစ်ခုကြောင့် စိတ်ထဲကြည်နူးမိတယ်။ Twitter CEO ဖြစ်တဲ့ Jack Dorsey က သူရဲ့ Twitter မှာ မနေ့ကပိုစ့်တွေတင်ခဲ့ပါတယ်။ အကြောင်းအရာက သူက ကိုယ်တွေမြန်မာနိုင်ငံကိုလာပြီး ဝစီပိတ် ၁၀ ရက် တရားစခန်းဝင်ခဲ့တာပါ။ ဘယ်မှာဝင်ခဲ့လည်းကြည့်လိုက်တော့ စာရေးသူ ဝင်ခဲ့ဖူးတဲ့ တရားစခန်းနဲ့ အမျိုးအစားတူဆိုတော့ နည်းနည်းတော့ရယ်လိုက် ဒီကောင် ငါ့ Junior ကွဆိုပြီး။ သိပ်မကြာပါဘူး သူ႕ကိုဝေဖန်တဲ့ သတင်းတွေတတ်လာပါတယ်။ “လူမျိုးစုတစ်စုနဲ့ အခွင့်အရေးဆိုင်ရာ ပြဿနာတွေရှိနေသော်လည်း မြန်မာနိုင်ငံကိုသွားရောက်ဖို့ တိုက်တွန်းနေသော Twitter CEO” စသဖြင့်သတင်းခေါင်းစဉ်တွေနဲ့ ဝေဖန်တိုက်ခိုက်ခြင်းခံနေရပါတယ်။ သူ့Tweet တွေထဲမှာပါတဲ့ “The people are full of joy and the food is amazing” ဆိုတဲ့စကားလုံးကို ယူပြီး အချို့တစ်ဖက်စွန်းရေးတဲ့ သတင်းစာမျက်နှာတွေက “ငြိမ်းချမ်းဖို့သွားတာလား၊ လူမျိုးစုတစ်စုရဲ့ ဆင်းရဲဒုက္ခတွေကို ဘာလို့မသိချင်ယောင်ဆောင်နေတာလဲ၊ တာဝန်မဲ့တယ်၊ ရှက်ဖို့ကောင်းတယ်” စသဖြင့်စကားလုံးတွေနဲ့ထိုးနက်ခြင်းခံနေရပါတယ်။

engadget လို သတင်းဌာနတောင် မဆိုင်တဲ့ရေးသားချက်တွေနဲ့ ရေးသားချက်တွေနဲ့ရေးခဲ့တော့ ကိုယ်တောင် စိတ်မကောင်းဖြစ်မိတယ်။ “လူမျိုးစုတစ်စုအပေါ်အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ သိသာထင်ရှားနေတဲ့ မြန်မာပြည်ကို Jack Dorsey ကမွေးနေ့မှာသွားရောက်ခဲ့ပြီး သူရဲ့ Followers တွေကိုသွားရောက်ဖို့တိုက်တွန်းခဲ့ပါတယ်” ဆိုတော့ အမြင်တွေလွဲနေတာ ခံရတဲ့မြန်မာပြည်ကို လာမိတာတောင် အပြစ်တစ်ခုကျူးလွန်မိသလိုဖြစ်နေတော့ ဘယ်ပြောရမှန်းမသိဖြစ်သွားတယ်။ အဲ့ဒါနဲ့ပက်သက်ပြီး သတင်းတွေကလည်း နာမည်ကြီး Media တစ်ချို့မှာလည်း ရေးသားနေတာကိုတွေ့နေရပါတယ်။

တရားစခန်းအကြောင်း

Jack သွားခဲ့တဲ့ တရားစခန်းက ပြင်ဦးလွင်မြို့က Dhamma Mahimãr ဆိုတဲ့တရားစခန်းပါ။ ရန်ကုန်မှာဆိုရင် ရွှေဂုံတိုင်မှာ ဓမ္မဇောတိ ဆိုပြီးရှိပါတယ်။ တည်ထောင်သူက ဗုဒ္ဓဘာသာ မြန်မာလူမျိုးမဟုတ်ပါဘူး။ S.N Goenka (ဂိုအင်ကာ) လို့ ကမ္ဘာကအသိများတဲ့ India လူမျိုးတစ်ဦးပါ။ မန္တလေးမြို့မှာ မွေးဖွားခဲ့ပြီး။ ငယ်စဉ်က ခေါင်းကိုက် ဝေဒနာကို ဆေးဖက်ဆိုင်ရာနည်းပညာတွေနဲ့ ကုသခဲ့ပေမဲ့ မပျောက်ကင်းခဲ့ပါဘူး။ နောက်မှ လက်ဦးဆရာ ဦးဘခင်နဲ့တွေ့ပြီး တရားမှတ်ယူရင်း ရောဂါပျောက်ကင်းခဲ့ပါတယ်။ ထို့နောက် ဆရာကျေးဇူးဆပ်ဖို့ တရားစခန်းပေါင်းများစွာကို ကမ္ဘာ့တဝန်းမှာ ဖွင့်လှစ်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပျောက်လုနီးပါးဖြစ်နေတဲ့ တရားအားထုတ်နည်းကို ဆရာကြီး ဦးဂိုအင်ကာမှ ပြန်လည်မျှဝေခဲ့ပါတယ်။ ပထမဦးဆုံးအကြိမ် အိန္ဒိယမှာ တရားစခန်းဖွင့်လှစ်တော့ ဗလီတစ်ခု မှာစခဲ့ရတာပါ။

တရားနည်းနာမှာ အခြားသော တရားစခန်းများထက် ကျင့်စဉ်ပြင်းထန်လှပါတယ်။ ၁၀ ရက်တာ ကာလအတွင်း စကားပြောခွင့်မရှိသလို့။ အမျိုးသမီး၊ အမျိုးသားများကိုလည်း သီခြားဆီ ခွဲထားပါတယ်။ စာရေးသူ တရားစခန်းဝင်ခဲ့စဉ်ကာလတုန်းက နိုင်ငံသားများထက် Foreigner များကပိုများပါတယ်။ များသောအားဖြင့် Christian ဘာသာဝင်တွေ၊ Hindu ဘာသာဝင်တွေ၊ Islam ဘာသာဝင်တွေပိုများပါတယ်။ နိုင်ငံအရပ်က လာရောက်သူများအနက် အသက်အရွယ်အပိုင်းအခြား ၂၀ – ၃၅ အတွင်းထိ ရှိတာများးပါတယ်။ တရားစခန်းဆိုပြီး အသက်ကြီးသူတွေမဟုတ်ပဲ ငယ်ရွယ်ပြီး တရားဓမ္မကို သိချင်တဲ့ နိုင်ငံခြားသားလူငယ်တွေများပါတယ်။ အခြားသော သိပ္ပံပညာရှင် အချို့လည်းလာရောက်ခဲ့ပါသေးတယ်။ Jack လိုလူတစ်ယောက်က ကိုယ်ဝင်ဖူးတဲ့ တရားစခန်းမျိုးမှာ တရားလာရှာတော့ ဝမ်းသာမိပေမဲ့ အခြားသော အမြင်လွဲမှုတွေကြောင့် ဝေဖန်ခြင်းခံရတွေ စိတ်မကောင်းဖြစ်မိပါတယ်။ ဒီနေ့မှာလည်း အိန္ဒိယ သမ္မတက မြန်မာနိုင်ငံလာရောက်လည်ပတ်ရင်း ဓမ္မဇောတိမှာ အချိန်ပိုင်း တရားဝင်ထိုင်မယ်လို့ သတင်းကြားရပါတယ်။ အသေးစိပ်သိချင်ရင်တော့ www.dhamma.org မှာဝင်ရောက်ဖတ်နိုင်ပါတယ်။

အခုလိုမဆိုင်သောအရာတွေနဲ့ ထိုးနှက်ခြင်းခံနေရတဲ့ မြန်မာနိုင်ငံနဲ့သက်ဆိုင်ရာ ပုဂ္ဂိုလ်များအတွက် စိတ်မကောင်းဖြစ်မိပါတယ်။

လေးစားလျက်…