fbpx

This is digital planet.

Tech News

၁ လ မှ $10 ပဲကျသင့်မည့် Apple ရဲ့ Gaming Arcade နဲ့ TV+ Service

Apple Arcade Gaming Subscription Cupertino မြို့ California ပြည်နယ်မှာရှိတဲ့ Steve Jobs Theater မှာ Apple Special Event ကို ကျင်းပပြီးစီးခဲ့ပါတယ်။ အဲ့ Event မှာ iPhone 11 ၊ 11 Pro နဲ့ 11 Pro Max ကို တရား၀င်မိတ်ဆက်ခဲ့ပြီး Game Arcade ၊ Apple TV+ ၊ iPad နဲ့ Apple Watch Series 5 ကိုပါတစ်ခါတည်း မိတ်ဆက်ခဲ့ပါတယ်။

Gameloft’s “Ballistic Baseball” on Apple Arcade.

Apple Arcade ဟာ Gaming Subscription တစ်ခုဖြစ်ပြီး iPhones ၊ iPad ၊ Mac နဲ့ Apple TV ‌တွေအတွက် Exclusive ဂိမ်းတွေကို ဆော့နိုင်မှာပါ။ အဲ့ဂိမ်းတွေကို အခြားသော Service တွေမှာ ဆော့လို့ရမှာမဟုတ်ပါဘူး။ Apple Arcade ကို Apple Store Version အသစ်မှာတွေ့လာရမှာဖြစ်ပြီး နောက်ဆုံးထွက် Apple Arcade ဂိမ်းတွေကို လတိုင်းထည့်ပေးသွားမှာပါ။ KONAMI တို့ CAPCOM စတဲ့ Games Company တွေနဲ့ပူးပေါင်းပြီး Exclusive Game တွေဖြစ်တဲ့ Frogger In Toy Town ၊ Shihsekai : Into The Depths နဲ့ ANNAPURNA ရဲ့ Sayonara Wild Heart (Neon pop dreamscape game) စတဲ့ဂိမ်းတွေကို Apple Arcade မှာသာ ကစားလို့ရမယ်လို့ Event မှာဖော်ပြထားပါတယ်။ Apple Arcade မှာ Developers တွေနဲ့ပေါင်းပြီး ဂိမ်းပေါင်း 100 ကျော်ထိရလာမယ်လို့သိရပါတယ်။ Apple Arcade ကို September 19 မှာ နိုင်ငံပေါင်း ၁၅၀ ကျော်အတွင်း ရရှိလာတာ့မှာပါ။ တစ်လမှ 4.99 $ ပဲကျသင့်မှာဖြစ်ပြီး မိသားစု၀င် ၆ ယောက်ထိ ဆော့ကစားနိုင်မှာဖြစ်ပါတယ်။

Apple TV + Streaming Service Apple TV + ကို November 1 မှာပွဲဦးထွက် တင်ဆက်ဖို့ရှိနေပြီ Apple TV+ မှာရရှိမည့် Exclusive Program တွေပါ၀င်ပါတယ်။ အဲ့ထဲမှာ The Morning Show အစီအစဥ်က ၀က်၀က်ကွဲလူကြိုက်များတဲ့ သရုပ်ဆောင်တွေပါ၀င်ထားပါတယ်။ သင့်အနေနဲ့ အဲ့ Shows တွေကို November 1 ‌ရောက်မှသာ ကြည့်ရှုလို့ရမှာပါ။ Apple TV + မှာ ပထမဆုံးရလာမယ့် Shows သုံးခုရဲ့ Trailer ဟာ ကြည့်ရှုသူပေါင်း 100 million ကျော်ထိရှိနေပါတယ်။ များမကြာခင်မှာ Shows ‌တွေပိုများလာတော့မှာပါ။ SEE ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွဲ Trailer ကို ပွဲဦးထွက် ပြသခဲ့ပြီး အဲ့ Show ထဲမှာ Aquaman နဲ့ Khal Drogo (Game Of Thrones ) စတဲ့ Roles တွေမှာ နာမည်ရထားတဲ့ မင်းသား Jason Momoa ပါ၀င်သရုပ်ဆောင်ထားပါတယ်။

Jennifer Aniston ၊ Reese Witherspoon နဲ့ Steve Carell စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေပါ၀င်ထားတဲ့ The Morning Show ကို Entertainment Weekly က “ဒီနှစ်အတွက် အမျှော်လင့်ဆုံး Series “လို့ဆိုထားပါတယ်။ အဲ့အပြင် သရုပ်ဆောင်/အဆိုတော် Hailee Steinfeld ပါ၀င်ထားတဲ့ Dickinson ဆိုတဲ့ Show လည်းရှိပါသေးတယ်။ လတိုင်းမှာ Shows အသစ်တွေကို ထည့်ပေးလာမယ်လို့ Apple ပြောသွားပါတယ်။ Apple TV+ ဟာအခုလက်ရှိ Streaming Services တွေနဲ့ ပြိုင်ပြီး ဈေးကိုလျော့ပေးထားပါတယ်။ တစ်လစာ family subscription ဟာ $5 ပဲကျမှာဖြစ်ပြီး မိသားစု၀င် ၆ ယောက်လောက်ထိအသုံးပြုနိုင်မှာပါ။ အဲ့အပြင် သင့်အနေနဲ့ iPhone အသစ် ၊ iPad or Apple TV ကို၀ယ်ယူရင် တစ်နှစ်စာအလကားရမှာပါ။