fbpx

This is digital planet.

SonyTech News

၂၀၂၀ မတိုင်ခင် ဝန်ထမ်း အရေအတွက် တစ်ဝက်နီးပါးလျော့ချတော့မဲ့ Sony Mobile

Sony ရဲ့ Smartphone division ဟာ TV, Audio နဲ့ Camera ထုတ်လုပ်မှုအော်ပရေရှင်းတွေနဲ့ အတူ Sony Electronics Products and Solution ဘက်ကိုတစ်ဖြည်းဖြည်း ပေါင်းစပ်သွားပြီး Sony အနေနဲ့ Mobile ဌာန က ဝန်ထမ်း အင်အား ကိုတစ်ဖြည်းဖြည်း လျော့ချလျက်ရှိနေပါတယ်။ Sony Mobile မှာလက်ရှိလုပ်ကိုင်လျက်ရှိတဲ့ ဝန်ထမ်း ၄၀၀၀ ရဲ့ တဝက်လောက်ကို ၂၀၂၀ မတ်လမတိုင်ခင် ဖြတ်တောက်တော့မှာဖြစ်တယ်လို့ Japan က ထွက်ရှိလာတဲ့ Report တွေအရ သိရပါတယ်။

Image result for sony smartphone

Sony အနေနဲ့ထုတ်လုပ်မှုအပိုင်းကိုလျော့ချပြီး ဥရောပ နဲ့ အရှေ့အာရှ ပိုင်းကိုအဓိက အာရုံစိုက်မှာဖြစ်ကာ အရှေ့တောင်အာရှဘက်ကိုတော့ အတိုင်းအတာတစ်ခုထိလုပ်ဆောင်မှာဖြစ်ပါတယ်။ ဂျပန်မှာလက်ရှိလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ အခြားကိုယ်နှစ်သက်ရာ ဌာနတွေကိုပြောင်းရွေ့လုပ်ကိုင်နိုင်မှာဖြစ်ပြီး တရုတ် နဲ့ ဥရောပ အတွင်းရှိလူတွေကတော့ ကိုယ်ဆန္ဒအလျှောက်အနားယူခွင့်တွေရရှိမှာဖြစ်ပါတယ်။

Sony အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ခုနစ်က ဈေးကွက်ပိုင်ဆိုင်မှု ၃% ဟာ အမြင့်ဆုံးဖြစ်ခဲ့ပြီး အခုနောက်ပိုင်းမှာတော့ ၁% တောင်မပြည့်တော့တဲ့ အနေအထားတစ်ခုကိုရောက်နေပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုတွေအပြီးမှာတော့ Sony ဟာ ဥရောပ နဲ့ အရှေ့အာရှကို ခြေကုတ်ရရယူပြီး ပြန်လာဖို့ကြိုးစားတော့မှာဖြစ်ပါတယ်။ လက်ရှိ ကမ္ဘာစမတ်ဖုန်းလောက မှာတော့ တရုတ်ကုမ္ပဏီတွေ ခေါင်းထောင်လာမှုနဲ့အတူ Samsung နဲ့ Apple တို့လို့ကုမ္ပဏီတွေတောင် ရုန်းကန်နေပြီး Sony အနေနဲ့လက်ရှိစမတ်ဖုန်းလောကမှာ Samsung, Huawei, Apple တို့အပြင် Xiaomi, OPPO နဲ့ OnePlus စတဲ့စမတ်ဖုန်းကုမ္ပဏီတွေကိုတောင် ဘယ်လို့မှ ယှဉ်လို့မရတော့တဲ့ အနေအထားတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်။

Ref: GSMArena