fbpx

This is digital planet.

GamesTech News

၃ ရက်အတွင်း Player ၁၀ သန်း ကျော်သွားပြီးဖြစ်တဲ့ Apex Legends

မကြာခင်သေးမှီကမှ EA နဲ့ Respawn Entertainment တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Apex Legends လို့ခေါ်တဲ့ Battle Royale Game တစ်ခုကိုထွက်ရှိလာခဲ့ပါတယ်။ ယနေ့မှာတော့ Respawn ရဲ့ CEO Vince Zampella ကတော့ Apex Legends အနေနဲ့ထွက်ရှိပြီး ၃ ရက်အတွင်းမှာပဲ ကစားသူဦးရေ ၁၀ သန်းကိုကျော်လွန်သွားခဲ့ပြီးလို့သိရပါတယ်။ Apex Legends ကိုတော့ PS4, Xbox One နဲ့ PC စတဲ့ Platform တွေထွက်ရှိခဲ့တာဖြစ်ပြီး တချိန်ထဲမှာပဲကစားသူအရေအတွက်ဟာ ၁ သန်းအထိရှိတယ်လို့လည်းဆိုပါတယ်။

Image result for Apex Legends

အသစ်ထွက်ရှိလာတဲ့ Respawn ရဲ့ Apex Legends ဟာ Epic ရဲ့ free-to-play battle royale ဂိမ်းတစ်ခုဖြစ်တဲ့ Fortnite နဲ့ဆင်တူပါတယ်။ Fortnite ရဲ့ ကစားသမား အရေအတွက်ဟာ ၁၂၅ သန်းအထိရှိနေပြီး လစဉ်ကစားသူဦးရေ သန်း ၈၀ အထိရှိပါတယ်။ နောက်ဆုံးသတင်းတွေအရ ကစားသူအရေအတွက်ဟာ ၈.၁ သန်းရှိတယ်လို့သိရပြီး ပြီးခဲ့တဲ့အပတ်က စတင်ကျင်းပခဲ့တဲ့ Fortnite live concert အပြီးမှာတော့ ကစားသူဦးရေ ၁၀ သန်းကျော်ရှိတယ်လို့သိရပါတယ်။

Titanfall 3 မရှိတော့ဘူးလို့ပြောကြားခဲ့တဲ့အတွက် စိတ်ပျက်ဝေဖန်ခံခဲ့ရတဲ့ EA အနေနဲ့လမ်းကြောင်းအသစ်တခုကိုဖန်တီးခဲ့တာဖြစ်ပါတယ်။ Apex Legends ဆိုကလည်း Titanfall 3 ကိုအသွင်ပြောင်းဖန်တီးထားတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ Apex Legends အနေနဲ့ လက်ရှိ အောင်မြင်လျက်ရှိနေတဲ့ Battle Royale တွေဖြစ်တဲ့ Call of Duty, Blackout, PUBG နဲ့ Fortnite စတဲ့ပြိုင်ဘက်ကောင်းတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါတယ်။

EA ရဲ့ Apex Legends ကိုတော့ သူရဲ့ကိုယ်ပိုင် Platform ဖြစ်တဲ့ Origin မှာ အခမဲ့ Download ပြုလုပ်ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ Apex Legends အတွက် PC system requirements ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

OS: 64-bit Windows 7.
CPU: Intel Core i3-6300 3.8GHz / AMD FX-4350 4.2 GHz Quad-Core Processor.
RAM: 6GB.
GPU: NVIDIA GeForce GT 640 / Radeon HD 7700.
GPU RAM: 1GB.
HARD DRIVE: Minimum 30GB of free space.

Source