fbpx

This is digital planet.

NewsXiaomi

၎ သောင်းတန် Mi Super Bass Wireless Headphones ကို Xiaomi မှ မိတ်ဆက်

Xiaomi ကတော့ထုံးစံအတိုင်း ဈေးသက်သက်သာသာနဲ့ရနိုင်မယ့် Mi Super Bass Headphone ကို India မှာ မိတ်ဆက်လိုက်ပါတယ်။ Super Bass ဆိုတဲ့အတိုင်း Bass ကိုအသားပေးပြီးထုတ်ထားပါတယ်။ အဲ့ဒီ Headphone မှာ 40mm Dynamic Driver Unit ကိုသုံးပေးထားပါတယ်။ (Driver Unit ဆိုတာ Headphone ထဲက ပစ္စည်းတစ်ခု အဲ့အရာက လျှပ်စစ်လှိုင်းကို အသံအဖြစ်ပြောင်းလဲပေးပါတယ်။

Image result for mi super bass wireless headphones

အဲ့တာကို millimeters (mm) နဲ့တိုင်းတာပါတယ် mm များလေလေ အသံကပိုကျယ်တယ်လို့ယူဆရပါမယ် Earphone တွေမှာ Driver Unit က 8mm ကနေ 15mm ထိရှိပြီး Headphone တွေမှာတော့ 20mm ကနေ 50mm ထိရှိပါတယ်။ Dynamic Driver ဆိုတာက Powerful ဖြစ်တဲ့ Bass ကိုထုတ်ပေးတဲ့အရာဖြစ်ပြီး ကိုက်ညီတဲ့ Sound Pressure ကို ပါဝါအရမ်းမသုံးပဲထုတ်ပေးပါတယ်။ အဲ့လောက်ဆို 40mm Dynamic Driver အကြောင်းနားလည်လောက်ပြီထင်ပါတယ်) Bluetooth 5.0 နဲ့ချိတ်ဆက်ပြီးနာထောင်နိုင်ရုံသာမက Aux Cabel နဲ့ကောပါ နားထောင်လို့ရမှာပါ။

စော်လေးမိုက်လား :P

Build Quality မှာ Headphone ကို Leather Cushion နဲု့ပြုလုပ်ပေးထားပါတယ်။ Xiaomi ကတော့ Battery 400mah ကနေ Music Playback Time ကို 20 နာရီ ထိရမယ်လို့ပြောထားပါတယ်။ အကယ်၍ အားမရှိတော့ရင်တောင် Aux Cable နဲ့ တပ်ပြီးနားထောင်လို့ရပါတယ်။ Wireless ခေတ်မှာ Wired နဲ့က ခပ်ဟောင်းဟောင်းဆန်ပေမယ့် Battery အားမရှိတဲ့အခါ အဲ့ Cable ရဲ့ချိတ်ဆက်မှုကတော့ အဆင်ပြေတယ်လို့ပြောရမှာပါ။ Controls တွေကတော့ နားအုပ်မှာထည့်ပေးထားတယ်။ သီချင်း Play/Pause နဲ့ ကျော်တာတွေကိုလုပ်နိုင်ပြီး Voice Assistant ကိုပါအသုံးပြုလို့ရမှာပါ။ မြန်မာကိုတော့ ဝင်ဖို့ မဝင်ဖို့်ကတော့ သေချာမသိရသေးပါဘူး။ ဒါမဲ့ သွင်းကြဖို့ ရာခိုင်နှုန်းများပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ မြန်မာငွေ ၄ သောင်းဝန်းကျင်ခန့်ပါ။

Ref: SMARTPRIX

Related posts
NewsRedmi

Redmi 8 ရဲ့ hands-on ပုံများပေါ်ထွက်လာ

NewsOPPOVivoXiaomi

မတူတဲ့ Brand အချင်းချင်း File transfer လုပ်လို့ရမယ့် Service ကိုပြုလုပ်လာတော့မယ့် Xiaomi, OPPO နဲ့ Vivo

HuaweiNews

Huawei ရဲ့ Kirin 990 SoC မှာ 4K 60fps video recording ကို Support လုပ်မည်

NewsVivo

မကြာခင်ထွက်ရှိတော့မယ့် vivo NEX 3 မှာ 5G version ပါဝင်လာနိုင်