fbpx
This is digital planet.
AppleTech News
ပြိုင်ဘက်တွေကို Troll ခဲ့တဲ့ Apple
Zawgyi
Unicode
ကြီးမားတဲ့ Ads တစ်ခုကို Las Vegas ရဲ့ အဆောက်အဦးတစ်ခုမှာတွေ့မြင်နေရပါတယ်။ Las Vegas မှာ သုံးနေကြ စကားတစ်ခုဖြစ်တဲ့ “What happens in Vegas, stays in Vegas.” ဆိုတဲ့စကားကို “What happens on your iPhone, stays on your iPhone.” စာသားနဲ့အတူ apple.com/privacy ဆိုတဲ့ Link နဲ့အတူ ကြော်ငြာထားတာပါ။ Apple အနေနဲ့ CES ပွဲမှာ အခုလိုမျိုး ပြသမှုတွေလုပ်လေ့မရှိပေမဲ့ ဒါက ပြိုင်ဘက် Android နဲ့ Alexa (Amazon) တို့ကို Trolls လုပ်လိုက်တာပါလို့ တွေ့မြင်နေရပါတယ်။
Apple အနေနဲ့ Privacy အပေါ်အလွန်အရေးထားတယ်ဆိုတာကို ကျွန်တော်တို့တွေ့မြင်ခဲ့ရပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အကြမ်းဖက်သမားတစ်ဦးရဲ့ iPhone ကို FBI က Apple ကိုဖွင့်ပေးဖို့တောင်းဆိုတာကို Apple အနေနဲ့ ငြင်းဆိုခဲ့ပြီး သူ့ရဲ့ Privacy အပေါ်အလေးထားမှုကို သက်သေပြခဲ့ပါတယ်။ Apple အနေနဲ့ User တွေရဲ့ information တွေကို နဲ့ပက်သက်ပြီး ပိုက်ဆံမရှာဘူး။ Hardware နဲ့ Software ကိုသာရောင်းပြီး ပိုက်ဆံရှာတဲ့ Company တစ်ခုဆိုတာကို ကျွန်တော်တို့ သိခဲ့ရပါတယ်။ Link ထဲဝင်ကြည့်တဲ့အခါ “Apple products are designed to protect your privacy.” ဆိုတဲ့စကားလုံးက Apple အပေါ်ကျွန်တော်တို့ ယုံကြည်လို့ရအောင် ကျေနပ်မှုကိုဖြစ်စေပါတယ်။
Apple အနေနဲ့ သူရဲ့ Product တွေကို ကိုယ်ပိုင် Event တွေနဲ့ မိတ်ဆက်လေ့ရှိပါတယ်။ CES ပွဲတွေမှာ Apple အနေနဲ့ Official အနေနဲ့ ပါဝင်ခဲ့ခြင်းမရှိပေမဲ့ 2019 CES မှာတော့ အရိပ်အနေနဲ့ ပါဝင်နေကြောင်းကို ဒီကြော်ငြာက ဖော်ပြပေးနေပါတယ်။ ဒီကြော်ငြာရဲ့ Message အနေနဲ့ကတော့ “CES ပွဲမှာ Company တော်တော်များများက Device အသစ်တော်တော်များမာျးကို ပြသကြလိမ့်မယ်။ ဒါနဲ့ အချို့ Company တွေရဲ့နောက်ကွယ်မှာ User တွေရဲ့ Information တွေကို ရောင်းပြီးစီးပွားရှာနေတယ်” ဆိုတာကို သတိပေးပြီး ပြိုင်ဘက်ကိုတွေကို Troll လိုက်တာဖြစ်ပါတယ်။
များသောအားဖြင့် Android ဖုန်းတွေနဲ့ Alexa တို့က Apple ရဲ့ ပြိုင်ဘက်တွေဖြစ်နေပါတယ်။ Apple အနေနဲ့လည်း 2018 နောက်ဆုံး ၃ လလောက်မှာ အမျိုးမျိုး တိုက်ခိုက် ကျရှုံးမှုတွေရှိခဲ့သော်လည်း ဘဝပျက်သွားမဲ့ Company တစ်ခုမဟုတ်ဘူးဆိုတာ 2019 မှာ Product အသစ်များနဲ့ မြင်တွေ့ရဦးမှာပါ။