fbpx

This is digital planet.

SamsungTech News

‌တစ်ကမ္ဘာလုံးအတွက် ဈေးပိုသက်သာတဲ့ Galaxy Fold ကို ကျယ်ကျယ်ပြန့်ပြန့် ထုတ်မယ်လို့ Samsung ဆို

Samsung ရဲ့ Galaxy Fold ဟာ သက်မှတ်ထားတဲ့ နိုင်ငံတွေမှာရောင်းချ‌ပေးနေပြီ ဖြစ်ပါတယ်။ အစောပိုင်း ထွက်ဖို့ နောက်နှေးကြန့်ကြာခဲ့ပြီးနောက် South Korea မှာ စတင်ရောင်းချခဲ့ပြီး မကြာခင် U.S နဲ့ India မှာ ရောင်းချလာတော့မှာပါ။ First-generation device ဖြစ်တဲ့ Galaxy Fold ဟာ $2000 နားမှာကပ်နေတဲ့အတွက် ဈေးကြီးပါတယ်။ ဒါပေမယ့် ဈေးသက်သာတဲ့ Fold ကိုမျှော်နေတဲ့သူတွေအတွက် သတင်းကောင်းရှိပါတယ်။

Image result for galaxy fold

SamMobile အရ Samsung ဟာ Galaxy Fold ထက်အနည်ငယ် ဈေးချိုတဲ့ Version ကိုပြုလုပ်နေတယ်လို့ သိရပါတယ်။ အဲ့ဖုန်းအသစ်ဟာ တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့်ထုတ်လာမယ်လို့ ဆိုထားပါတယ်။ နောက်ထပ်ဖုန်းမှာ 512GB Storage အစား ဈေးသက်သာဖို့ 256GB storage ပါ၀င်လာမှာပါ။ Model number က SM-F700F နံပါတ်နဲ့ ထွက်ရှိလာနိုင်ပါတယ်။

Image result for galaxy fold

ဈေးပိုသက်သာတဲ့ Foldable ဖုန်းကိုထုတ်တာက အဓိပ္ပာယ်ရှိတယ်လို့ဆိုရမှာပါ။ အခုလက်ရှိ Galaxy Fold နဲ့ Samsung ဟာ new generation foldable design ကို လက်ခံလာအောင် စမ်းသပ်နေတဲ့သဘောမှာရှိနေပါတယ်။ အစောပိုင်းပြဿနာတွေရှိနေသော်လည်း ဖုန်းဟာ South Korea နဲ့ U.S မှာ ‌အခြေအနေကောင်းနေပုံရှိပါတယ်။ ဈေးပိုသက်သာတဲ့ Device ကို ကမ္ဘာတစ်၀န်း ကျယ်ကျယ်ပြန့်ပြန့်ထထုတ်ဖို့ Samsung ရဲ့ New Generation မှာ ပရိတ်သတ်အများကြီးရဖို့ နောက်ခြေလှမ်းဖြစ်နိုင်ပါတယ်။

Ref: Gizmochina