fbpx

This is digital planet.

HiSenseTech News

10010mAh battery ပါတဲ့ Hisense Kingkong 6 ကို မိတ်ဆက်

သင့်အနေနဲ့ HiSenes ကိုကြားလိုက်တာနဲ့ “TVs” လို့ပဲထင်မိမှာပါ။ ဒါပေမယ့် ကုမ္ပဏီဟာ ဖုန်းတွေကိုလည်း ပြုလုပ်ပါတယ်။ သူတို့ရဲ့ King Kong series ဟာ ဈေးသက်သာပြီး long battery life ရှိတဲ့ ဖုန်းတွေကို အာရုံစိုက်ထားပါတယ်။ အခု Hisense Mobile ဟာ သူတို့ရဲ့ Flagship KingKong series အတွက် အဖွဲ့၀င်အသစ် Kingkong 6 ကို တရုတ်မှာ မိတ်ဆက်လိုက်ပါပြီ။ ဖုန်းမှာ သိသိသာသာထင်ရှားနေတာကတော့ ကြီးမားတဲ့ 10010mAh battery ပဲဖြစ်ပါတယ်။

HiSense King Kong 6 မှာ built-in အနေနဲ့ 5,510mAh battery ပါ၀င်ပြီး 4,500mAh ပါတဲ့ battery case ကိုထည့်ပေးထားပါတယ်။ အဲ့လိုမှ သူတို့ ကြော်ငြာထားတဲ့ 10,010mAh capacity ကိုရလာပါတယ်။ ဖုန်းရဲ့နောက်က Case မှာ အားကိုထောက်ပံ့ပေးဖို့ လျှပ်စစ် Connector Pogo pins တွေကိုသုံးပေးထားပါတယ်။

ဖုန်းမှာ 720p+ resolution ပါတဲ့ 6.52” screen ကိုသုံးထားပါတယ်။ Chipset ကတော့ မသိရသေးပါဘူး။ 4GB RAM ၊ 128GB storage နဲ့ 6GB RAM ၊ 128 Storage ဆိုပြီး version နှစ်မျိုးရှိလာမှာပါ။

ဖုန်းရဲ့နောက်ဘက်မှာ 13 + 2 + 2MP sensors ပါတဲ့ triple camera ကိုတွေ့ရမှာပါ။ Fingerprint reader လည်းပါ၀င်ထားပါသေးတယ်။ ရှေ့ဘက်မှာတော့ 8MP selfie camera ကို teardrop notch ထဲထည့်ပေးထားပါတယ်။ TENAA အရ ‌ဖုန်းဟာ 9.47mm ထူပြီး Case မပါဘဲ 205g လေးပါတယ်။ Android 9 Pie ကို Run ပေးထားပြီး 64GB ၊ 256GB storage နဲ့အတူ နောက်ထပ် Version နှစ်မျိုးရှိလာနိုင်ပါတယ်။

ဖုန်းရဲ့ဈေးနှုန်းနဲ့ ဘယ်အချိန်မှာဝယ်လို့ရနိုင်မလဲ ဆိုတာကိုတော့ မကြာခင်မှာတရား၀င် ထုတ်ပြန်လာမှာပါ။

Ref: GSMArena