fbpx

This is digital planet.

LenovoTech News

100MP ကင်မရာပါဝင်လာမဲ့ဖုန်းကို Lenovo ပထမဆုံးထုတ်လုပ်နိုင်တော့မှာလား

MWC မှာမိတ်ဆက်ခဲ့တဲ့ Lenovo ရဲ့ကိုးရိုးကားယားနိုင်တဲ့ မိတ်ဆက်ပေးမှုတစ်ခု အမှန်တကယ်ဖြစ်လာမလားဆိုတာကတော့ အခုအချိန်ကစပြီးစောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ ဒါကတော့ 100MP ပါဝင်တဲ့ကင်မရာကို နောက်လာမဲ့ Lenovo Z6 Pro မှာထည့်သွင်းပေးတော့မယ်လို့သိရပါတယ်။

ဖုန်းနဲ့ပက်သက်ပြီး အမှတ်အသားတွေကိုမြင်တွေ့ရခြင်းမရှိသေးပေးမဲ့ Lenovo ရဲ့ VP ဖြစ်သူမှ Weibo မှာ #100MP ဆိုပြီး hashtag ခံပြီး ရေးသားထားခဲ့တာကြောင့် Lenovo ဟာ ပထမဆုံး 100MP ကင်မရာကိုအသုံးပြုတော့မှာလားလို့ တွေးထင်မိစရာဖြစ်လာခဲ့ပါတယ်။

Lenovo အနေနဲ့ အမှန်တကယ်သာထည့်သွင်းလာနိုင်မယ်ဆိုရင်တော့ ဒါဟာ အရမ်းကြီးတော့ ထူးဆန်းနေတာမျိုးတော့မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ Snapdragon ရဲ့ဖန်တီးရှင် Qualcomm မှ ဒီနှစ်မှာ 100MP ပါဝင်တဲ့စမတ်ဖုန်းတွေထွက်ရှိလာမယ်လို့ ပြောကြားထားမျိုးရှိလို့ဖြစ်ပါတယ်။ အခြားတစ်ခုမှာတော့ ဒါဟာ အမှန်တကယ်ထွက်ရှိတာ ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ Lenovo ရဲ့ Marketing Campaign တစ်ခုလို့ပြောလို့ရပါတယ်။

Photos: Lenovo and GSMArena

Ref: GSMArena