fbpx

This is digital planet.

LenovoTech News

100MP ပုံရိပ်တွေရိုက်ကူးပေးနိုင်တဲ့ Lenovo Z6 Pro ရဲ့ ရိုက်ကူးထားသောပုံရိပ်များထွက်ရှိ

Lenovo အနေနဲ့ သူတို့နောက်ဆုံး Flagship ဖုန်းဖြစ်တဲ့ Z6 Pro ကို တရုတ်နိုင်ငံ ဘေဂျင်းမှာ April 23 နေ့မှာစတင်မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဒီ Lenovo Z6 Pro မှာပါဝင်တဲ့ အထင်ပေါ်ဆုံးအချက်က Hyper vision camera အသစ်ဖြစ်ပြီး 100MP အရည်အသွေးရှိတဲ့ ပုံရိပ်တွေကို ထုတ်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။ Lenovo Z6 Pro မှာပါဝင်တဲ့ အဓိက Main Shooter ကတော့ 48MP ဖြစ်ပြီး ကင်မရာစုစုပေါင်း ၄ လုံးပါဝင်မှာဖြစ်ကာ ကျန်တဲ့ ၃ လုံးက ဘာတွေလဲဆိုတာကိုတော့ မသိရသေးပါဘူး။

လာမဲ့ ၂၃ ရက်နေ့ မှာ ထွက်ရှိလာတော့မဲ့ Z6 Pro နဲ့ ရိုက်ကူးထားတဲ့ ပုံရိပ်တွေကိုတော့ Lenovo ရဲ့ VP တစ်ဦးဖြစ်တဲ့ Chang Cheng ကိုယ်တိုင် ထုတ်ပြန်ပေးခဲ့ပါတယ်။

Lenovo Z6 Pro နဲ့ရိုက်ကူးထားတဲ့ ပုံ စုစုပေါင်း ၉ ပုံပါဝင်ပြီး daylight ပုံ ၃ ပုံ ၊ night shot ၃ ပုံ နဲ့ Sunrise/Sunset ပုံ ၃ ပုံ တို့ပါဝင်ပါတယ်။ ယခုထွက်ပေါ်လာတဲ့ ပုံတွေကိုကြည့်ရသလောက်ကတော့ အတော်ကိုကောင်းမွန်နေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ (ပုံတွေ မဆန့်တော့လို့ ကြိုက်တာလေးတွေ ရွေးပြထားတယ်)

ဒါအပြင် Z6 Pro ရဲ့ အောက်ပါ Video မှာလဲ ဖုန်းမှာပါဝင်တဲ့ ဖုန်းမှာပါဝင်တဲ့ ပြောင်မြောက်တဲ့ လုပ်ဆောင်ချက်တစ်ချို့ကိုလည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ ၂၃ ရက်နေ့မှာတော့ Lenovo Z6 Pro ကို မြင်တွေ့ရတော့မှာဖြစ်သလို့ Hyper vision camera က ဘာလဲဆိုတာလည်း သိရှိရတော့မှာဖြစ်ပါတယ်။

Ref: GSMArena

Photos: Lenovo